ဤ စာမျက်နှာ ၂၂ မျက်နှာပါ လက်ဖက်ဖျက်ပိုး – စစ်အုပ်စုကိုင်တွယ်သော လက်ဖက်ပြဿနာကြောင့် ဒုက္ခရောက်နေသော လက်ဖက်တောင်သူများ အစီရင်ခံစာကို တအောင်း (ပလောင်) လုပ်ငန်းအဖွဲ့ မှထုတ်ပြန်ပြီး စစ်အစိုးရအာဏာပိုင်များ တဘက်သက်ဆောင်ရွက်မှုများ၊ အရေးယူမှုများကြောင့် နစ်နာဆုံးရှုံးမှုများနှင့် ဒုက္ခပြဿနာ အမျိုးမျိုး ကြုံတွေ့ခဲ့ရသော လက်ဖက်ဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုသော ပလောင်လူမျိုးများအကြောင်းကို ရှင်းလင်းတင်ပြထားသည်။ အစီရင်ခံစာအတွက် အချက်အလက်များကို နမ့်ဆန်၊ မန်တုန်နှင့် နမ့်ခမ်း အစရှိသော မြို့နယ်များရှိ လက်ဖက်ပြဿနာများတွင် တိုက်ရိုက်ပါဝင်ကြုံတွေ့ခဲ့ ရသူများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ ပြုစု၊ စုစည်း ရယူခဲ့သည်။
“ဒီနှစ်အချိုခြောက်ဈေးမရှိတာကြောင့် စက်ရုံကို ပိတ်ထားလိုက်ရတာပါ။ ကျောက်မဲပွဲရုံတွေ မှာလည်း လက်ခံထားပေမယ့် ဘယ်အချိန်လက်ဖက်ကို ပြန်ရောင်းရမှန်းမသိဘူး။ စက်ရုံအလုပ်မဖြစ်တော့ အရင်တုန်းက အလုပ်သမားတွေ အလုပ် လက်မဲ့ ဖြစ်သွားတာပေါ့။ ပုံမှန်လုပ်နေကြ အလုပ်မဖြစ်တော့ လယ်လုပ်ငန်းပဲ ပြောင်းလုပ်လိုက်ရတာပေါ့။ တောင်ယာ လည်းလုပ်ထားတယ်။ ပြောင်းဖူးခြံရော လုပ်ထာတယ်။ ”
လက်ဖက်စက်ရုံပိုင်ရှင်တစ်ဦး
အစီရင်ခံစာ မြန်မာဘာသာကို ဤနေရာတွင် နှိပ်၍ရယူနိုင်ပါသည်။
Tags: Human Rights, Palaung Women's Organization, Ta'ang Palaung Working Group, TeaThis post is in: Human Rights
Related Posts