Signup Now!
Join our mailing list for latest news and information about Burma.

အမေရိကန် ပြည်ထောင်စုကယ်လီဖိုးနီယီယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့နေ မြန်မာ မဲဆန္ဒရှင် မိသားစုမုမုများ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ွဲ့ချုပ် ၂၀၁၀ ပြည့်ရွေးကောက်ပွဲ ၀င်ရေး / မ၀င်ရေးအပေါ် သဘောထား

By Burmese People in Los Angeles  •  March 24, 2010

၁။ ပြည်ပရောက် မြန်မာမိသားစုများသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိရေးအတွက် အင်တိုက်အားတိုက် ဆန္ဒပြုခဲ့သော မဲဆန္ဒရှင်များ ဖြစ်ကြပါသည်။ ထိုမဲဆန္ဒရှင်များသည် ယခု ၂၀၁၀ အထိ အဖွဲ့ချုပ်ကိုအစဉ်တစိုက် ၀န်းရံနေကြသည်။

၂။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီးက တခဲနက် ထောက်ခံထားသော ရွှေဂုံတိုင် ကြေငြာချက်ပါ အချက်အလက်များကို အဖွဲ့ချုပ်အနေနှင့် ချွင်းချက်မရှိ လိုက်နာ ကျင့်သုံးသင့်သည်ဟု ယုံကြည်သည်။

၃။ ယခုကဲ့သို့ အရေးကြီးနေသော အချိန်ကာလတွင် အဖွဲ့ချုပ်အနေဖြင့် တွေ ဝေမနေသင့်ဘဲ လူထု ဦးဆောင် ပါတီတရပ်အနေဖြင့် ရွှေဂုံတိုင် ကြေငြာချက်ပါ မူဝါဒအတိုင်း ပြတ်ပြတ်သားသား ရပ်တည်သင့်သည်။

၎။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်သော ရွှေဂုံတိုင်ကြေငြာချက်ပါ သဘောထားများကို ဆန့်ကျင်လျက် လျစ်လျူရှု ထားသည်။

၅။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား မြန်မာပြည်သူ တရပ်လုံးက တခဲနက် ထောက်ခံထားရုံသာမက ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုထားသော အနိုင်ရပါတီ ဖြစ်သည်ကို မမေ့သင့်ပေ။

၆။ ပြည်သူတရပ်လုံး၏ ဆန္ဒကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မျက်ကွယ်ပြုပါက ပြည်သူ့ ဦးဆောင်ပါတီအနေဖြင့် ရပ်တည်နိုင်တော့မည် မဟုတ်ကြောင်း မိမိတို့ ယုံကြည်သည်။

၇။ သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မိမိတို့၏ ကြွေးကြော်ချက်ဖြစ်သည့် “မတရားသော အမိန့်အာဏာဟူသူသူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုသည့်အတိုင်း ရဲရဲဝံ့ဝံ့ ရပ်တည် သွားကြရန် တိုက်တွန်းလိုက်သည်။

လော့စ်အိန်ဂျလိစ် မြို့နေမြန်မာမဲဆန္ဒရှင် မိသားစုများ

Tags: , , , ,

This post is in: Press Release

Related Posts
Burma’s 2015 Elections and the 2008 Constitution
၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) မှ ထုတ်ပြန်ကြေညာချက်
Statement by Kawthoolei Armed Forces on signing NCA
Burma 2014 Human Rights Report
Will the President of Myanmar Keep His Promise?