Signup Now!
Join our mailing list for latest news and information about Burma.

သတင်းအချက်အလက်တွေကို လှုပ်ရှားမှုအသွင်ပြောင်းရေး နည်းနာ ၁၀ချက်။

By Tactical Technology Collective  •  September 1, 2011

သတင်းအချက်အလက်တွေကို လှုပ်ရှားမှုအဖြစ်အသွင်ပြောင်းနိုင်ဖို့ နည်းနာဆယ်ချက်ပါဝင်တဲ့ နည်းပညာ အထောက်အကူပြု ပစ္စည်းတွေကို
Tactical Technology Collective က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အင်တာနက်စာမျက်နှာ (www.informationactivism.org/my/) မှာလည်း  ကြည့်ရှုနိုင် ဒေါင်းလုပ်ရယူနိုင်ပါတယ်။

အရေးတော် တစ်ရပ် ကို လူတွေ အာရုံစိုက်လာဖို့၊ ဆက်စပ် ပတ်သက်လာဖို့၊ လူ့ အခွင့်အရေး ကိစ္စ ဆော်သြစည်းရုံးတဲ့သူတွေ ကိုယ်ပိုင်ဟန် နဲ့ လုပ်တတ်ကိုင်တတ်ဖြစ်လာအောင် ဒီ နည်းပရိယာယ် ၁၀ ရပ် က လုပ်ပေးပါတယ်။  ဒီ ထဲမှာ မိနစ် ၅၀ စာ သတင်းမှတ်တမ်း ရုပ်ရှင်လည်း ပါပါတယ်။  သတင်းအချက်အလက် ကို အားယူပြီး ကမ္ဘာတ၀ှမ်း က လှုပ်ရှားကြတဲ့ စိတ်အားတက်ကြွစရာ အကြောင်းအရာ တွေ ကို ရိုက်ထားတာပါ။  ပြီးတော့ ကဒ်ပြား တစ်စုံလည်း ထည့်ထားပါတယ်။  ဒီ ကာဒ်ပြားတွေ မှာ နည်းနာတွေ၊ လွယ်လွယ်လုပ်လို့ ရတာတွေ၊ အကြံဥာဏ်တွေ ပါတယ်။  သတင်းအချက်အလက် ကို အားယူ လှုပ်ရှားဖို့ စီမံကိန်းတစ်ရပ်ချတဲ့အခါ၊ လုပ်ရကိုင်ရ လွယ်ကူအောင်လို့ပါ။

အယူအဆတွေ ကို အကောင်းဆုံး ဘယ်လို ဖြန့်မလဲ ပြောရာမှာ နည်းပရိယာယ် ဆယ်ရပ် ဟာ လက်စွဲ စာအုပ်တစ်အုပ် ဖြစ်ပါတယ်လို့ BBC Click အစီအစဉ်က ဆိုပါတယ်။ the Ecologist အီကိုလောဂျစ်စ် မဂ္ဂဇင်းကတော့ မဖြစ်မနေကြည့်ရမယ့် ရုပ်သံမှတ်တမ်းတခုပဲလို့ ညွှန်းပါတယ်။ Infochange india ကတော့ ရဲဝံ့တဲ့ နည်းပညာလောကသစ်မှာ ထူးခြားတဲ့ မှတ်တိုင်ပါပဲလို့ ခေါ်ဆိုပါတယ်။

ဒီ ရုပ်သံမှတ်တမ်း ကို ဘာသာစကား ၂၀ ကျော် နဲ့ အောက်ခြေ စာတမ်းထိုးပေးထားပါတယ်။  ဒါ စေတနာ့ဝန်ထမ်းတွေ က လုပ်ပေးကြတာပါ။ ရုပ်ရှင်ကို နိုင်ငံပေါင်း ၆၀ကျော်မှာ အကြိမ်ပေါင်း ၂၀၀ကျော် ပြသပြီးခဲ့ပါပြီ။

၂၀၀၉ ခုနှစ်က နိုင်ငံတကာက နည်းပညာသမားတွေ တက်ကြွလှုပ်ရှားသူတွေ ဒီဇိုင်းသမားတွေ ဆုံကြပြီး အတွေ့အကြုံတွေ ဗဟုသုတတွေ မျှဝေခဲ့ကြတဲ့”info-activism camp” တွေ့ဆုံပွဲကနေ ဒီအစီအစဉ်အတွက် စိတ်ကူးတွေ လိုအပ်သမျှပစ္စည်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။ သတင်းနည်းပညာလှုပ်ရှားမှုတွေက အောင်မြင်ခဲ့တဲ့ အကြောင်းတွေကနေ တခြားသူတွေကိုလဲ အထောက်အကူဖြစ်အောင် အားကျဆွဲဆောင်နိုင်အောင် မှတ်တမ်းတင်ဖို့ Tactical Tech က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီစီမံကိန်းကို စီမံခန့်ခွဲတဲ့ တန်ညာ နော့တ်လေ က – “ဒီဖြစ်ရပ်တွေက အခြားလူတွေကို လှုပ်ရှားတက်ကြွစေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီဗီဒီယိုနဲ့ကဒ်တွေက အလွယ်မရနိုင်တဲ့ နောက်ခံသတင်းအချက်အလက်တွေကို

အသေးစိတ် ပံ့ပိုးပေးပါတယ်။ လူတွေကလဲ သူတို့ ဒစ်ဂျစ်တယ် လှုပ်ရှားမှုရဲ့ကုန်ကျစရိတ်တွေ၊ ဘယ်ပစ္စည်းတွေကို သုံးတယ်၊ ဘာအရည်အချင်းတွေလိုတယ်၊ ဒေသခံတွေပါဝင်မှုတွေက ဘာဆိုတာနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျပြောထားတဲ့အကြောင်း တန်ညာက ဆက်ပြောဆိုပါတယ်။ “ဒီသတင်းအချက်အလက်တွေဟာ ကိုယ့်လှုပ်ရှားမှုအတွက် စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖေါ် ပံ့ပိုးရာမှာ  မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေလည်း အသုံးဝင် နိုင်လောက်မယ်လို့ မျှော်လင့်ပါတယ်။”

10 Tactics for turning information into action in BURMA

The Tactical Technology Collective have today released one of their technology support materials, 10 tactics for turning information into action, in Burmese. The full materials can be viewed online (www.informationactivism.org/my/) or downloaded from the website.

10 Tactics provides original and artful ways for rights advocates to capture attention and communicate a cause. It includes a 50-minute film documenting inspiring info-activism stories from around the world and a set of cards; with tools tips and advice, for you to work through as you plan your own info-activism.

BBC Click Program called 10 Tactics “a handbook in how best to disseminate ideas”; the Ecologist Magazine said it is “a must-see documentary” and Infochange India named it “A totem pole for a brave new virtual world.”

Volunteers have now created subtitles for the 10 tactics film in more than 20 languages and the film has been screened more than 200 times in over 60 countries.

The inspiration and much of the materials for this project emerged from Tactical Tech’s 2009 info-activism camp where 130 rights advocates, technologists and designers from around the world gathered to share skills, experience and knowledge. Tactical Tech decided to document the success stories of these info-activists to inspire and support others.

Tanya Notley, who managed the project, says “We hope these stories can be used to inspire others. The video and cards provide the sort of in-depth background information you usually don’t have access to. People have told us how much their digital activism cost, what tools they used, what skills they needed, what the local context was and they have revealed exactly what happened. We hope all of this information can now be used by activists in Burma to support and develop their own ideas for rights advocacy.”

Tactical Technology Collective (www.tacticaltech.org)
Contact: Tanya Notley, [email protected]
Phone: +44 7726243168

Tags: , , ,

This post is in: Press Release

Related Posts