ထိုင်း-မြန်မာ နယ်စပ်အခြေ စိုက်နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော Network for Democracy and Development (NDD) သတင်းနှင့်သုတေသနဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို စုစည်းမှတ်တမ်းတင်ကာ သတင်းများကို ပြန်လည်ဖြန့်ဝေပေး လျက်ရှိပါသည်။ ထို့အတူမှတ်တမ်းတင်ရရှိသော နိုင်ငံရေးအခြေအနေ အဖြစ်အပျက်များအပေါ် သုံးသပ်ချက်များလည်း ထုတ်ဝေလျက်ရှိသည်။
ယခုတစ်ကြိမ် မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (၂/၂၀၁၁) – အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် တွေ့ဆုံးဆွေးနွေးရေးဖြစ်စဉ် ခေါင်းစဉ်ပါသုံးသပ်ချက် အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရတို့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးခဲ့တာ ၂၃နှစ်တာကာလ အတွင်းမှာ ၁၆ကြိမ်မြောက် ရှိလာခဲ့ပါပြီ။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင် ၁၉၉၄ ခုနှစ်မှာ (၂) ကြိမ်၊ ၂၀၀၂ ခုနှစ်မှာ (၁) ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ (၃) ကြိမ်၊ ၂၀၀၈ ခုနှစ်မှာ (၃) ကြိမ်၊ ၂၀၀၉ ခုနှစ်မှာ (၃) ကြိမ်၊ ၂၀၁၀ ခုနှစ်မှာ (၁) ကြိမ်၊ ၂၀၁၁ ခုနှစ်မှာ သုံးကြိမ်၊ စုစုပေါင်း (၁၆) ကြိမ်မြောက် ရှိခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ခေါင်းဆောင်တွေနဲ့ နအဖ စစ်အစိုးရကတော့ တရားဝင် (၅) ကြိမ် တွေ့ဆုံဆွေးနွေးဖြစ် ခဲ့ပါတယ်။
သုံးသပ်ချက်အပြည့်အစုံကို ဤနေရာတွင်နှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
Tags: Burmese, Daw Aung San Suu Kyi, National Reconciliation, Network for Democracy and DevelopmentThis post is in: Military Regime, Resistance
Related Posts