Signup Now!
Join our mailing list for latest news and information about Burma.

မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (၃/၂၀၁၁) – ဓါးမိုး၍ ညွှတ်ကွင်းမသွင်းသင့်သည့် ပြည်တွင်းငြိမ်းချမ်းရေး

By Network for Democracy and Development  •  November 4, 2011

ထိုင်း-မြန်မာ နယ်စပ်အခြေ စိုက်နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော Network for Democracy and Development (NDD) သတင်းနှင့်သုတေသနဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို စုစည်းမှတ်တမ်းတင်ကာ သတင်းများကို ပြန်လည်ဖြန့်ဝေပေး လျက်ရှိပါသည်။ ထို့အတူမှတ်တမ်းတင်ရရှိသော နိုင်ငံရေးအခြေအနေ အဖြစ်အပျက်များအပေါ် သုံးသပ်ချက်များလည်း ထုတ်ဝေလျက်ရှိသည်။

ယခုတစ်ကြိမ် မြန်မာ့နိုင်ငံရေးသုံးသပ်ချက် (၃/၂၀၁၁) ဓါးမိုး၍ ညွှတ်ကွင်းမသွင်းသင့်သည့် ပြည်တွင်းငြိမ်းချမ်းရေး  ခေါင်းစဉ်ပါသုံးသပ်ချက် စာသားအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှနယ်ချဲ့ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ထိုလွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းလာခဲ့သည်။ ပြည်တွင်းစစ်မီး စတင်ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို လေ့လာကြည့်မည်ဆိုလျှင် ဝါဒရေးရာ အားပြိုင်မှု၊ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့် မရှိခြင်းကြောင့် ဖြစ်ကြောင်း အဓိက အကြောင်းအရင်းခံနှစ်ရပ်ကို တွေ့ရပေသည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် အာဏာရ ဖဆပလနှင့်ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့အကြား နိုင်ငံရေးအယူဝါဒ အားပြိုင်မှုရှိခဲ့ပြီး ၁၉၄၈ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ဗကပမှ တောခိုပြီး ဗဆပလ အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့သည်ကို တွေ့ရသည်။

သုံးသပ်ချက်အပြည့်အစုံကို ဤနေရာတွင်နှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Tags: , , , , ,

This post is in: Ethnic Nationalities, Resistance

Related Posts
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
On Union Day, Reappraisal of the Peace Process is Needed
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ထုတ်ပြန်ကြေညာချက်
Time for the Government to Accept the Reality of Human Rights Problems, Take Effective Measures and Move Forward
Kachin Region: War Torn Displaced Village Profiles