A future planning consultation meeting, joined by 50 former political prisoners, was held on 19 August at the house of U Shwe Htoo who is still serving his sentence in Taunggyi Prison. Participants agreed to focus on 10 action points for future activities that aim for the release of remaining political prisoners with dignity.
ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရန် ရည်ရွယ်ပြီး အဆိုပါ အစည်းအဝေးကို နိုင်ငံရေးအကျဉ်းသား ဆရာဦးရွှေထူး (တောင်ကြီးထောင်) ၏ မိသားစုအိမ်တွင် ယနေ့(၁၉-၈-၂၀၁၂)မွန်းလွဲ (၂း၃၀)နာရီမှာ ကျင်းပကြောင်း သိရပါတယ်။
အဆိုပါ အစည်းအဝေးသို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၊ မန္တလေးတိုင်းNLD-ပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းတန် (ဦးရွှေထူး၏ သူငယ်ချင်း)၊ ဆရာမင်းထက်ငြိမ်းချမ်း၊ ကိုဘိုဘို(နိုင်/ကျဉ်းဟောင်း၊ ရန်ကုန်)နှင့် နိုင်/ကျင်းဟောင်း(၅၀)ခန့်တက်ရောက်ကြောင်း၊ အစည်းအဝေးကို အစီစဉ် (၁၁)ရပ်ဖြင့် ကျင်းပခဲ့ကြောင်း၊ အစီစဉ်(၁၀)အပြီးမှာ ခေတ္တနားကာ အစီစဉ်(၁၁)ဖြစ်သော ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း အစီစဉ်ကို ပြန် လည်ဆွေးနွေးပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။
မဏာမအစီစဉ်(၁၀)ရပ် ဆွေးနွေးအပြီးမှာတော့ အထက်မြန်မာပြည် အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို တစ်လ တစ်ကြိမ် ဖိတ်ကြားပြီး ငွေကြေး၊ ရိက္ခာနှင့် အခြားအကူအညီများ ထောက်ပံ့အားပေး နှစ်သိမ့်ရန်နှင့် ဦးရွှေထူးနှင့် ယုံကြည်ချက်အကျဉ်းသားများကို အမြန်လွှတ်-စာတန်းပါ အင်္ကျီများ၊ ဦးရွှေထူးနှင့် နိုင်ငံးရေးအကျဉ်းသားများကို အမြန်လွှတ်-စာတန်းပါ ဗီနိုင်းများ၊ စတေကာများ -ရောင်း ချခြင်း၊ ဖြန့် ဝေခြင်းများ ပြုလုပ်ရန်၊ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများနှင့် တစ်လတစ်ကြိမ်ပုံမှန်တွေ့ဆုံပြီး အားပေးနှစ်သိမ့်၊ ကူညီ၊ ထောက်ပံ့ရေးအတွက် ဒုတိယအကြိမ် အစည်း အဝေးကို ကံတက်ကုန်းမစိုးရိမ်တိုက်သစ်၌ ၂၅-၈-၂၀၁၂-ရက်နေ့ မွန်းလွဲ(၁)နာရီတွင် ဆက်လက်ဆွေးနွေးမှာ ဖြစ်ပြီး၊ ထိုအစည်းအဝေးမှာ ပထမကူညီထောက်ပံ့ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်မှာ ဖြစ်ကြောင်း၊ လစဉ်ကျင်းပမည့် နေရာကိုတော့ မစိုးရိမ်တိုက်သစ်၊ ဆရာတော်ဦးဝီရသူ သီတင်းသုံးရာ ဓမ္မသဟာယကျောင်းကို ပုံသေသတ်မှတ်ထားကြောင်း သိရပါတယ်။
ဆရာတော်ဦးဝီရသူသည် ၁၃-၁-၂၀၁၂-မြစ်ကြီးနားထောင်မှ လွတ်လာပြီးနောက် မန္တလေးအိုးဘိုထောင်၊ တောင်ငူထောင်၊ ကလေးထောင်တွေ မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သူဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ကလည်း တစ်သိန်သုံးသောင်းကျပ်တန် TV-အပြားတစ်ခုကို အိုးဘိုထောင်တိုက်ဆောင် အကျဉ်းသားများအတွက် လှူဒါန်းခဲ့ကြောင်း၊ ၄င်းနေ့မှာပဲ ဦးချိုအောင်သန်းနှင့် မောတ္တာပါရမီအဖွဲ့က လှူဒါန်းတဲ့ ငွေကျပ်(၁၂၂၀၀၀၀ိ/)ကို အကျဉ်းကျသံဃာ(၂၂)ပါးအတွက် ထောင်မှာအပ်ငွေအဖြစ် အပ်နှံလှူဒါန်းပေးခဲ့ကြောင်း၊ မြစ်ကြီးနားနှစ်ပါး အတွက်(၁၂၀၀၀၀ိ/)ကို ဘဏ်မှတစ်ဆင့် လွှဲအပ် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
“ပဏာမ အစီစဉ်(၁၀)ရပ်”
This post is in: People's Voices
Related Posts