Civil society organizations from Burma/Myanmar urge the United Nations Human Rights Council (Council) to remain seized of the serious and ongoing human rights abuses occurring in Burma/Myanmar. The government has undertaken a series of noteworthy developments in the past two years which have been important and necessary steps towards democratic reform, however such developments remain limited and fragile.
Human rights violations against ethnic and religious minorities in the country persist and are increasingly overlooked in favour of the political developments taking place in Naypyidaw and Rangoon/Yangon. Of particular concern is the grave situation in Kachin State, where the Burma/Myanmar Army has intensified its offensive since December 2012 by launching air strikes and firing cluster bombs in areas near Internally Displaced Persons (IDPs) camps and killing civilians.[1] The continued allegations of gross and systematic human rights violations committed by Burma/Myanmar Army against the Kachin people include sexual violence, torture, arbitrary arrest and extrajudicial killings, and may amount to crimes against humanity. The crisis in Kachin State also seriously threatens the strength of the preliminary ceasefire agreements reached with other ethnic opposition groups.
Meanwhile, in Arakan State, two serious outbreaks of communal violence between Arakanese Buddhists and Rohingya Muslims have occurred in recent months leaving at least 100 people dead and over 100,000 displaced. Those displaced from the violence are living in squalid camps with insufficient food and lack of access to other basic needs. Although the violence has been perpetrated by both communities, the government has failed to take any meaningful steps towards constructively addressing the systemic and institutionalized discrimination against the Muslim population.
The government’s scant tolerance for dissent and the freedom of peaceful assembly has not seen a significant positive shift as it continues to suppress the activities of dissidents, including through arbitrary arrests and detentions, and judicial harassment.[2] There is an emerging trend in the use of Section 18 of the Peaceful Assembly and Peaceful Procession Law, a new law enacted in December 2011, which bars public gatherings without official permission, to criminalize the activities of human rights defenders and activists.[3] In the context of protesting against endemic land grabbing and land confiscations across the country, resistance and dissent is occurring increasingly among the affected communities. In November 2012, riot police attacked a camp of demonstrators opposing the Letpadaung copper mine with water cannons, tear gas and incendiary devices, resulting in injuries to at least 70 activists and monks.[4] In addition, there are at least 200 political prisoners still behind bars.
These serious human rights violations are taking place in a context where there is still no rule of law or an independent and impartial justice system; oppressive laws long condemned by the international community are still on the books and the un-democratic 2008 Constitution enshrines impunity, and places the military above the law and civilian authority.
Positive changes have occurred in Burma/Myanmar but major challenges remain. The challenges are too great to be forgotten about. President Thein Sein’s Government is sensitive to international attention and pressure. Therefore, enhanced scrutiny and monitoring is more essential than ever before. Both the Human Rights Council Resolution and the mandate of the Special Rapporteur on the Situation of Human Rights in Burma/Myanmar are crucial international tools to highlight the remaining challenges and ensure the reforms move in a positive direction.
Given the prevalent severity of the human rights situation in Burma/Myanmar, we urge the Council to:
We also urge the Human Rights Council to call on the Government of Burma/Myanmar to:
Endorsed By
Back Pack Health Worker Team
Best Friend Library
Burma Issues
Burma Lawyers’ Council
Burma Partnership
Forum for Democracy in Burma
Human Rights Education Institute of Burma
Kachin Women’s Association Thailand
Karen Human Rights Group
Karenni Civil Societies Network
Karenni State Women Network
Kayan Women’s Organization
Movement for Democracy Current Forces
Myanmar Development Committee
Pa-Oh Youth Organization
Peoples’ Defence Force
Sait Ta Thukha Youth
Serve the People Network
Ta’ang Students and Youth Organization
Tavoyan Women’s Union
Union Of Kayah State Youth
Yaung Ni Thit Parahita Foundations
[1] Burma Partnership, Burma Must End Offensives and Dialogue with Ethnic Armed Groups for a National Political Settlement, 14 January 2013
[2] ALTSEAN-Burma, Burma Bulletin, Issue 73, January 2013
[3] Burma Partnership, Burma Continues to Repress Critical Voices, 20 January 2013
[4] List of monks and activists who received medical attention in hospitals as a result of the violent crackdown of the Letpadaung protests, as documented by the Assistance Association for Political Prisoners (Burma), available here.
………………………………………………………………………………………………………………………………………………..
မြန်မာနိုင်ငံ – ဆိုးဝါးသည့်လူ့အခွင့်အရေးစိမ်ခေါ်မှုများကြောင့် လူ့အခွင့်အရေးကောင်စီ (HRC) ၏ အာရုံ စိုက်မှု ဆက်လက်လိုအပ်နေခြင်း
မြန်မာနိုင်ငံမှ အရပ်ဖက်လူထုအသင်းအဖွဲ့များက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ဆိုးဝါးသည့် လူ့အခွင့်အရေးမတရားမှုများကို ဆက်လက်အရေးထားရန် တိုက်တွန်းလိုက်ပါသည်။ လွန် ခဲ့သည့် ၂ နှစ်အတွင်း အစိုးရသည် ထင်ရှားသော ဖြစ်ထွန်း တိုးတက်မှုများ ဆောင်ရွက်ခဲ့ရာမှာ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးဆီသို့ အရေးပါပြီး လိုအပ်သည့်ခြေလှမ်းများ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ယင်းသို့သောဖြစ်ထွန်းမှုများသည် အကန့်အသတ်ကျဉ်းမြောင်းလှပြီး ကျေပျက်လွယ်နေပါသည်။
နိုင်ငံတွင်းမှ တိုင်းရင်းသားလူနည်းစုများနှင့် ဘာသာရေးလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက် လက်ရှိနေပြီး နိုင်ငံ့မြို့တော် ၌ဖြစ်ပွားနေသော နိုင်ငံရေးဖြစ်ထွန်းမှုများကြောင့် ပို၍ပို၍ပစ်ပယ်မှုခံနေရပါသည်။ အထူး တလည်စိုးရိမ်ပူပန်စရာမှာ ကချင်ပြည်နယ်မှ ဆိုးဝါးပြင်းထန်သည့်အခြေအနေဖြစ်ပါသည်။ ၎င်းဒေသတွင် ပြည်တွင်း စစ်ပြေးဒုက္ခသည် (IDP) စခန်းများအနီး မြန်မာစစ်တပ်က ၂၀၁၂ ဒီဇင်ဘာလမှစ၍ လေကြောင်းတိုက်ခိုက်မှုများ၊ ပဒေ သာဗုံးများသုံး၍ ထိုးစစ်ကိုမြှင့်တင်ခဲ့ရာ အရပ်သားများသေကြေခဲ့ကြသည်။ ကချင်ပြည်သူတို့အပေါ် မြန်မာစစ်တပ်မှ ဆက်လက်ကျူးလွန်ခဲ့သည်ဆိုသော လက်မခံနိုင်စရာ လူ့အခွင့်အရေး စနစ်တကျဖောက်ဖျက်မှုများထဲတွင် လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ စိတ်ထင်သလိုဖမ်းဆီးမှု နှင့် တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲသတ်ဖြတ်မှု တို့ပါဝင်ပြီး လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှု မြောက်နိုင်ပါသည်။ ကချင်ပြည်နယ် အကြပ်အတည်းသည် အခြား တိုင်းရင်းသားအတိုက်အခံအဖွဲ့များနှင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး ရှေ့ပြေးသဘောတူညီချက်များ၏ အစွမ်း သတ္တိကိုလည်း အလေးအနက်ခြိမ်းခြောက်လျက်ရှိပါသည်။
တချိန်တည်းတွင် ရခိုင်ပြည်နယ်၌ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြား မကြာသေးသည့်လ များအတွင်း ဆိုးဝါးသည့် လူမျိုးရေးအကြမ်းဖက်မှု နှစ်ကြိမ်ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁၀၀ မကသေဆုံးပြီး လူတသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါသည်။ အကြမ်းဖက် မှုကြောင့် အိုးအိမ်စွန့်ခဲ့ရသူများသည် စုတ်ချာလှသည့် စခန်းများထဲ နေထိုင်နေကြပြီး အစားအသောက်မလုံမလောက်နှင့် အခြားအခြေခံ လိုအပ်ချက်များ ချို့တဲ့နေကြသည်။ အကြမ်းဖက်မှုများကို နှစ်ဖက်စလုံးမှကျူးလွန်ခြင်းဖြစ်သော်လည်း၊ မွတ်ဆလင်လူထုအပေါ် စနစ်တကျနှင့် ဖွဲ့ဖွဲ့စည်း စည်း ခွဲခြားဆက်ဆံနေမှုကို အပြုသဘောကိုင်တွယ်မည့် အဓိပ္ပာယ်ရှိသောခြေလှမ်းများ လှမ်းဖို့ အစိုးရအနေဖြင့် လုံးဝ ပျက်ကွက်နေသည်။
အတိုက်အခံပြုမှုနှင့် လွတ်လပ်စွာစုဝေးခွင့်တို့ကို အစိုးရက ပါးလှပ်လှပ်သည်းခံခွင့်ပြုမှုမှာလည်း ထူးထူးခြားခြားတိုး တက်ပြောင်းလဲလာမှု မတွေ့ရဘဲ စိတ်ထင်သလိုဖမ်းဆီးထိန်းသိမ်းခြင်းများနှင့် တရားရေးအရနှောင့်ယှက်ခြင်းများအား ဖြင့် ဆန့်ကျင်သူများ၏လှုပ်ရှားမှုများကို ဆက်လက် ဖိနှိပ်နေပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေသစ်ဖြစ်သော ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေ၏ ပုဒ်မ ၁၈ ကိုအသုံးချသည့် အားသန်မှုတစ်ခုဖြစ်ပေါ်လာနေပါသည်။ ယင်းဥပဒေအရ တရားဝင်ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးပွဲများ လုပ်ခွင့်မရှိ သဖြင့် လူ့အခွင့်အရေးကာကွယ်သူများ၊ လှုပ်ရှားတက်ကြွသူများ၏ လှုပ်ရှားမှုများကို ပြစ်မှုမြောက်စေပါသည်။ နိုင်ငံတလွှား ပျံ့ပွားနေသော မြေယာလုယူမှု၊ သိမ်းပိုက်မှုများကို ဆန့်ကျင်ဆန္ဒပြနေသည့် အခင်းအကျင်းအောက်တွင် ထိခိုက်ခံရပ်ရွာလူထုများအကြား ဆန့်ကျင်ခုခံမှု၊ မကျေနပ်မှုတို့ ပို၍ပို၍ဖြစ် ပွားနေပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် လက်ပံတောင်းကြေးနီမိုင်း၌ လုံထိန်းရဲများက သပိတ်စခန်းတစ်ခုကို မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးများနှင့် တိုက်ခိုက်ခဲ့ရာ သံဃာတော်နှင့် လှုပ်ရှားတက်ကြွသူ အနည်းဆုံး ၇၀ မက ဒဏ်ရာရခဲ့ကြသည်။ ထိုမျှသာမက နိုင်ငံရေးအကျဉ်းသား ၂၀၀ ထက်မနည်းမှာလည်း အကျဉ်းထောင်များထဲ ရှိနေဆဲဖြစ်သည်။
ဤဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ယခုအချိန်အထိ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ လွတ်လပ်၍ ဘက်မလိုက်သော တရားစီစရင်ရေးစနစ် မရှိသေးသည့် အနေအထားအောက်တွင် ဖြစ်ပျက်နေခြင်းဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ယခင်ကတည်းကရှုတ်ချခဲ့သည့် ဖိနှိပ်ချုပ် ချယ်ရေးဥပဒေများမှာ အသက်ဝင်နေဆဲဖြစ်ပြီး ဒီမိုကရေစီ နှင့်မကိုက်ညီသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပြစ်ဒဏ်ကင်း လွတ်ခွင့်ပေးထားသလို စစ်တပ်ကို ဥပဒေအထက် နှင့် အရပ်ဖက်အာဏာပိုင်အထက်တွင် ထားရှိပေးပါသည်။
မြန်မာနိုင်ငံတွင် အပြုသဘောအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း အဓိကစိမ်ခေါ်ချက်များ ရှိနေဆဲဖြစ်ပါသည်။ ယင်းစိမ်ခေါ်ချက် များမှာ မေ့ပျောက်မရနိုင်လောက်အောင် ကြီးမားလွန်းလှပါသည်။ သမ္မတဦးသိန်းစိန်အစိုးရသည် နိုင်ငံတကာအာရုံစိုက်မှု၊ နိုင်ငံတကာဖိအားပေးမှု တို့ကို အကဲခတ်နေပါသည်။ ထို့ကြောင့် ပို၍သေသေချာချာစိစစ် စောင့်ကြည့်ရန် ယခင်ထက်ပိုလိုအပ်နေပါသည်။ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေးအခြေအနေ အထူးစုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်၏ အခွင့်အာဏာတို့သည် ဆက်လက် တည်ရှိဆဲ စိမ်ခေါ်မှု များကို မီးမောင်းထိုးပြရန် နှင့် ပြုပြင်ပြောင်းလဲမှုများ တိုးတက်သည့်ဘက်သို့ရွေ့လျားရေး အာမခံနိုင်ရန် အချက်အချာ ကျသည့် နိုင်ငံတကာလက်နက်ကိရိယာများ ဖြစ်နေပါသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေ အပျံ့အနှံ့ဆိုးရွားနေမှုကြောင့် လူ့အခွင့်အရေးကောင်စီအနေဖြင့် အောက် ပါအချက်တို့ကို လုပ်ဆောင်ရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည် –
လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာအစိုးရကို အောက်ပါအချက်တို့လုပ်ဆောင်ဖို့ တောင်းဆိုရန်လည်း ကျွန်ုပ်တို့က တိုက်တွန်းပါသည်-
ထောက်ခံလက်မှတ်ရေးထိုးသူများ
Back Pack Health Worker Team
Best Friend Library
Burma Issues
Burma Lawyers’ Council
Burma Partnership
Forum for Democracy in Burma
Human Rights Education Institute of Burma
Kachin Women’s Association Thailand
Karen Human Rights Group
Karenni Civil Societies Network
Karenni State Women Network
Kayan Women’s Organization
Movement for Democracy Current Forces
Myanmar Development Committee
Pa-Oh Youth Organization
Peoples’ Defence Force
Serve the People Network
Ta’ang Students and Youth Organization
Tavoyan Women’s Union
Union Of Kayah State Youth
ရောင်နီသစ် ပရဟိတ၀ါဒီများအဖွဲ့
စိတ္တသုခလူငယ်များ
Download the statement in English or Burmese here.
Tags: Arakan State, Armed Conflict, Burmese, Human Rights Violations, Kachin State, Rohingya, Special Rapporteur, United Nations Human Rights CouncilThis post is in: Press Release
Related Posts