နိုင်ငံတော်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)တို့ကြား ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာအရ ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသည့် သူများအားစီစစ်၍ ပြန်လည်တပ်ထွက်ခွင့်ပြုထားပါသည်။ ဤသို့ စီစစ်အတည်ပြုဆောင်ရွက်နေ စဉ်ကာလအတွင်း ကာယကံရှင်နှင့် မိသားစုများအားလည်းကောင်း၊ကူညီဆောင်ရွက်ပေး သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်းများအားလည်းကောင်း ၊ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ခြင်း ၊ အရေးယူဆောင်ရွက်ခြင်းအလျှင်းမရှိရဟုအစိုးရနှင့်
အပြည်ပြည်ဆိုင်ရာအလုပ်သမာအဖွဲ့ချုပ်(ILO) တို့မှ အပြန်အလှန် ကတိ က၀တ်ထားရှိခဲ့သော်လည်း ၁၁.၁.၂၀၁၄ ရက်နေ့ တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့ တွင်တပ်မတော် အရာရှိဆိုသူတစ်ဦးက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ ကာကွယ်ပေးသည့်စာ (Protection Letter) ထုတ်ပေးထားသည့် မောင်ကျော်နိုင်ဝင်း၏ ဖခင်အားလည်းကောင်း၊ ကူညီဆောင်ရွက်ပေးသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ များအဖွဲ့ (HRDP) အဖွဲ့ဝင် အချို့နှင့် အဖွဲ့မှဖွင့် လှစ်ထားသည့် အခမဲ့ပညာသင်ကြားပေးနေသည့် ကျောင်းအားလည်းကောင်း ၊ရိုင်းစိုင်းစွာ ပြုမုခြိမ်းခြောက်သွားခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမာအဖွဲ့ချုပ်(ILO) နှင့် သဘောတူဆောင်ရွက်ချက်များ အားပျက်ပြားအောင် လုပ်ဆောင်နေခြင်း။
စာချွန်လွှာအရတိုင်ကြားဆောင်ရွက်မှု့ပြုလုပ်နေဆဲကလေးများ၏လုံခြုံရေးကိုလည်းစိုးရိမ်စရာဖြစ်အောင်ခြိမ်းခြောက် နေခြင်း။
ကလေး၏ မိသားစုဝင်များနှင့် ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ တည်ရှိမှုနှင့် လုံခြုံရေး ကိုပါခြိမ်းခြောက်နေခြင်းတို့ကြောင့် နောက်နောင် ဤကဲ့သို့ မပြုလုပ်ရန် လိုအပ်ပါသည်။ ယင်းတပ်မတော် အရာရှိဆိုသူ၏ လုပ်ရပ်အားရှုံ့ချကန့်ကွက်ပါသည်။
Tags: Association of Human Rights Defenders and Promoters, Burmese, Child SoldiersThis post is in: Press Release
Related Posts