For Immediate Release: 24 March 2014
Over 3,000 Participants at Largest Ever ASEAN Civil Society Conference / ASEAN Peoples’ Forum
Over 3,000 individuals and delegates from civil society organizations (CSOs), peoples’ and grassroots organizations representing the ASEAN region as well as Timor Leste and beyond, joined together in solidarity in Yangon, Myanmar from March 21 – 23, 2014 for what became the largest ever gathering of ASEAN Civil Society Conference and ASEAN peoples’ Forum (ACSC/APF) since its inception in 2005. The record-breaking regional conference, held at the Myanmar Convention Center in Yangon, was also the largest of its kind in Myanmar’s recent history.
The conference, comprising 5 plenaries and 35 workshops, produced a statement which will be distributed amongst civil society in the region and beyond, and forwarded to leaders attending the ASEAN Summit in May in Nay Pyi Taw. The statement called on all governments to recognise the diversity of ASEAN people and develop mechanisms for protection of all human rights irrespective of religion, disability, sexual orientation, gender identities and expressions, including intersex persons, ethnicity, race, occupation, political ideology and citizenship.
“This ACSC/APF is a perfect opportunity to set a positive benchmark for the future of ASEAN civil society. Now is not a time for mistrust and fear, but a time for trust building and positivity, for allowing people space to express their concerns and their hopes, and to propose their own recommendations and solutions to ASEAN issues,” said May May Pyone, the Chair of the ACSC/APF 2014 Steering Committee in her opening speech on Friday.
The plenaries related to the theme of “Advancing ASEAN People’s Solidarity Toward Sustainable Peace, Development, Justice and Democratization”. Panelists discussed ASEAN related issues on globalization and its challenges, ASEAN integration in 2015 and Myanmar in transition.
In a landmark keynote speech at the opening session, U Tin Oo, Patron of the National League for Democracy, called for honesty as a prerequisite for genuine reconciliation: “Admitting one’s errors is painful, but it is an important step for reconciliation. We cannot let our ego overtake the welfare of future generations. We should be brave enough to face the past with honesty, so that we can work together to solve the urgent problems of this country. I hope that you will continue to encourage all sides to work towards a genuine national reconciliation that is necessary for sustainable peace.” He was appearing on behalf of party leader and Nobel Peace Laureate Daw Aung San Suu Kyi.
Delegates participated in 35 workshops under 4 clusters: Peace, Development, Justice and Human Rights, and Democratization.. Side events held by local and regional organizations created an open space for solidarity among educational and environmental sectors, political prisoners, labor rights, solidarity groups and many more.
In the final plenary, the draft of the statement was presented to the audience on a large screen to allow delegates to recommend edits before the final adoption, as part of an inclusive and transparent process. The statement can be downloaded from www.aseanpeople.org and form the conference Facebook page.
A letter requesting a meeting with the Minister of Foreign Affairs of Myanmarwas sent todayby the Regional Steering Committee on behalf of the ACSC/APF 2014. The request will call for the interface to be based on principles adopted by conference organizers: meaningful dialogue, advancing peoples’ voices and advocacy, mutual respect and self-determination.
ENDS
Enquiries:
Daw May MayPyone, Chair, ACSC/APF Steering Committee (Myanmar/English) + 9595096935 / 095096935
PremrudeeDaoroung, Co-Chair, ACSC/APF Steering Committee (Thai/English) +66814342334
U NyuntHlaing, Chair, ACSC/APF Media Committee (Myanmar) +9595058285 / 095058285
Joseph Wah, ACSC/APF Media Committee (Myanmar/English) +959250752804 / 09250752804
——————————————————————–
၂၄ ရက် မတ်လ ၂၀၁၄
အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်သို့ တက်ရောက်သူပေါင်း ၃၀၀၀ ကျော်ဖြင့် အကြီးကျယ်ဆုံးကျင်းပခဲ့
၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက်မှ ၂၃ ထိရန်ကုန်မြို့တွင် ကျင်းပခဲ့သောအာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်း ညီလာခံ/ အာဆီယံပြည်သူ့ဖိုရမ်သို့ အာဆီယံ၊ အရှေ့တီမောနှင့် အခြားသောနိုင်ငံများရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အခြေခံအရပ်ဘက်လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလများတက်ရောက် ပါဝင်ခဲ့ကြသည်။ တက်ရောက်သူကိုယ်စားလှယ်ပေါင်း၃၀၀၀ကျော်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော အာဆီယံပြည်သူ့ဖိုရမ်၏ ၁၀ နှစ်တာသမိုင်းတစ်လျောက် အကြီးမားဆုံးသောအာဆီယံပြည်သူ့ဖိုရမ်အဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံသမိုင်းတစ်လျောက်တွင်လည်းပထမဆုံးနှင့် အကြီးမားဆုံး အာဆီယံလူထုတွေ့ဆုံမှုကို လက်ခံကျင်းပနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အာဆီယံပြည်သူ့ဖိုရမ်တွင် တင်ပြဆွေးနွေးမှု (Plenary) ၅ ခု၊ အလုပ်ရုံဆွေးနွေးမှု ၃၅ ခု ပြုလုပ်ခဲ့ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၎င်းကြေညာချက်ကိုအာဆီယံနှင့် အခြားအရပ်ဘက်လူမှုအသိုင်းအဝိုင်းများနှင့် မေလတွင်နေပြည်တော်၌ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်လာသော အာဆီယံခေါင်းဆောင်များ ထံသို့ ပေးပို့သွားမည်ဖြစ်သည်။ ကြေညာချက်ထဲတွင် ဘာသာရေး၊ မသန်စွမ်းသူများ၊ လိင်တူလိင်ကွဲချစ်သူများနှင့် လိင်စိတ်ခံယူမှု၊ တိုင်းရင်းသားလူမျိုးများ၊ လူမျိုးနွယ်များ၊အလုပ်အကိုင်၊ နိုင်ငံရေးခံယူမှုနှင့် နိုင်ငံသားခံယူမှု စသည့် အာဆီယံပြည်သူများကြားမတူကွဲပြားမှုများကိုအသိအမှတ်ပြုရန်နှင့် မည်သို့သောကွဲပြားမှုကိုမျှ ခွဲခြားမှုမရှိပဲအားလုံး၏ လူ့အခွင့်အရေးကိုတန်းတူကာကွယ်မှုပေးရေး ယန္တရားများစတင်တည်ဆောက်ပေးရန် တောင်းဆိုထားပါသည်။
“ဒီတစ်ကြိမ် အာဆီယံပြည်သူ့ဖိုရမ်ဟာအာဆီယံလူထုအသိုင်းအဝိုင်းရဲ့ အနာဂတ်အတွက် အပြုသဘောဆောင်တဲ့ စံတစ်ခုသတ်မှတ်ဖို့ အကောင်းဆုံးသောအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ခုချိန်ဟာမသင်္ကာမှုတွေ၊ စိုးရိမ်မှုတွေ ရှိနေရမယ့်အချိန် မဟုတ်ပါဘူး။ ယုံကြည်မှုနဲ့ အပြုသဘောဆောင်မှုကိုတည်ဆောက်ရမဲ့ အချိန်၊ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မျှော်လင့်ချက်တွေ ဖွင့်ဟထုတ်ဖော်နိုင်ဖို့၊ အာဆီယံအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြဿနာအတွက်အဖြေတွေကိုအကြံပြုတင်ပြမှုတွေပြုလုပ်နိုင်ဖို့ နေရာဖန်တီးပေးရမဲ့အချိန် ဖြစ်ပါတယ်” ဟု ဖြစ်မြောက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါ်မေမေပြုံးမှ ဖိုရမ်ဖွင့်ပွဲတွငfပြောကြားခဲ့သည်။
တင်ပြဆွေးနွေးမှုများ (Plenary) ကို “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် အာဆီယံလူထုသွေးစည်းညီညွှတ်မှု မြင့်မားရေး” ဆောင်ပုဒ်အောက်တွင် ပြုလုပ်ခဲ့ပြီးအာဆီယံဒေသတွင်းနှင့်သက်ဆိုင်သောအကြောင်းအရာများနှင့် စိန်ခေါ်မှုများ၊ ၂၀၁၅ အာဆီယံ သွေးစည်းညီညွှတ်မှုနှင့် မြန်မာနိုင်ငံအသွင်ကူးပြောင်းမှု အကြောင်းအရာများကိုဆွေးနွေးပြောပြောသွားခဲ့ပါသည်။
အာဆီယံပြည်သူ့ဖိုရမ် အဖွင့်မိန့်ခွန်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးကစစ်မှန်တဲ့ အမျိုးသားပြန်ရင်ကြားစေ့ရေးအတွက် ရိုးသားမှုသည် လိုအပ်ချက်တစ်ခုဖြစ်ကြောင်းပြောကြားသွားခဲ့သည်။ “လူတစ်ယောက်အတွက်ကိုယ့်အမှားကိုဝန်ခံရတာနာကျင်ဖွယ်ကောင်းလှပါတယ်။ ဒါပေမယ့် ဒါဟာ ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတ္တတွေကြောင့် အနာဂတ်မျိုးဆက်သစ်တွေရဲ့ ကောင်းစားရေးကိုအပျက်အစီးခံလို့ မရပါဘူး။ အတိတ်ကိုရိုးသားမှုနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာလုံလောက်တဲ့ သတ္တိရှိသင့်ပါတယ်။ ဒါမှ ဒီတိုင်းပြည်ရဲ့ အရေးပေါ်ပြဿနာအခက်အခဲတွေကိုအတူတကွ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးရရှိအောင် လုပ်ဆောင်သွားဖို့ မိတ်ဆွေတို့အနေနဲ့ အဘက်ဘက်ကိုဆက်လက်အားပေးတိုက်တွန်း သွားမယ်လို့ မျှော်လင့်ပါတယ်။ ဦးတင်ဦးသည် အာဆီယံပြည်သူ့ဖိုရမ်ဖွင့်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားတက်ရောက်ခဲ့ခြင်းဖြစ်သည်။
တက်ရောက်သူကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှုနှင့်လူ့အခွင့်အရေး၊ နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေါင်းစဉ်အုပ်စု (၄) ခုအောက်ရှိအလုပ်ရုံဆွေးနွေးပဲ ၃၅ ခုတွင် တက်ရောက်ပါဝင်ခဲ့ကြသည်။ ထို့ပြင် သေသခံမြန်မာနှင့် အာဆီယံနိုင်ငံများရှိအရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြပွဲအမျိုးမျိုးကို ပြုလုပ်ခဲ့ကြပြီးပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေးအကျဉ်းသား၊ အလုပ်သမားအခွင့်အရေးစသည်တို့အတွက် ပူးပေါင်းစုစည်းမှု လွပ်လပ်သောဆုံရပ် ဖန်တီးပေးနိုင်ခဲ့သည်။
တင်ပြဆွေးနွေးမှု (၅) တွင် ကြေညာချက်အကြမ်းကိုတက်ရောက်သူများထံသို့ အားလုံးမြင်သာသောဖန်သားပြင်ပေါ်တွင် တင်ပြချပြခဲ့ပြီးနောက်ဆုံးအတည်ပြုမှုများမလုပ်ခင် ၎င်းတို့မှ အကြံပြုမှုများ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ကြေညာချက် အပြည့်အစုံကို www.aseanpeople.orgဝက်ဆိုက်စာမျက်နှာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်း
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ရရှိနိုင်ရန် ပန်ကြားစာတစ်စောင်ကို ACSC/APF 2014 ကိုယ်စားဒေသတွင်း ဦးဆောင်ကော်မတီ (Regional Steering Committee) မှ ယနေ့ ပေးပို့ခဲ့သည်။ ပန်ကြားစာတွင် အာဆီယံပြည်သူ့ဖိုရမ် မှ ချမှတ်ထားသည့် မူဝါဒများဖြစ်သောအဓိပ္ပါယ်ပြည့်စုံသောတွေ့ဆုံဆွေးနွေးမှု၊ အာဆီယံပြည်သူများ၏ အသံများနှင့် စည်းရုံးလှုံဆော်မှုမြှင့်တင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့်အညီ မျက်နှာဆုံညီတွေ့ဆုံပွဲ ပြုလုပ်နိုင်ရန် တောင်းဆိုတင်ပြထားပါသည်။
ဆက်သွယ်ရန်
ဒေါ်မေမေပြုံး၊ ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ဦးဆောင်ကော်မတီ (မြန်မာ၊ အင်္ဂလိပ်) +၉၅ (၀)၉၅၀၉၆၉၃၅
ဖရီမရူဒီဒေါင်ရွန် – တွဲဘက်ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ဦးဆောင်ကော်မတီ (ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာ) +၆၆ (၀)၈၁၄၃၄၂၃၃၄
ဦးညွှန့်လှိုင် – ဥက္ကဋ္ဌ၊ အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးမီဒီယာကော်မတီ (မြန်မာဘာသာ) +၉၅ (၀)၉၅၀၅၈၂၈၅၊
ကိုဂျိုးဇက် – အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးမီဒီယာကော်မတီဝင် (မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ) +၉၅ (၀)၉၂၅၀၇၅၂၈၀၄
Tags: ACSC/APF 2014, ACSC/APF 2014 Steering Committee, ASEANThis post is in: Press Release
Related Posts