Signup Now!
Join our mailing list for latest news and information about Burma.

အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ပြည်နယ်များမပါ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရေးဆိုင်ရာ ထုတ်ပြန်ချက်

By National Democratic Force  •  June 23, 2014
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
 ကြေညာချက်အမှတ် ၆/၂၀၁၄ 
ရက်စွဲ။ ၂၃-၆-၂၀၁၄ 

အချိုးကျကိုယ်စားပြုစနစ်( PR)ကို ပြည်နယ်များမပါ တိုင်းဒေသကြီးများတွင်သာ ကျင့် သုံးရေးဆိုင်ရာ ထုတ်ပြန်ချက်

၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အနေဖြင့် ဇွန်လ ပထမပတ် တွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးကို ပြည်နယ် များတွင်မပါဘဲ၊ တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးရန် အဆိုပြုခဲ့ပါသည်။

၂။ NDF ပါတီအနေဖြင့် ၂၀၁၂ ခုနှစ်ကာလကပင် ပီအာစနစ်ကို ကျင့်သုံးရန် ပြည်သူ့ လွှတ်တော်တွင် တင်ပြခဲ့သည်။

ယခုအခါ ပီအာစနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် ထပ်မံတင် သွင်းနိုင်ရန် ဆောင်ရွက်ဆဲ ဖြစ်ပါသည်။

၃။ ဤအချိုးကျ ကိုယ်စားပြုစနစ် ပီအာကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အနေဖြင့် ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့တွင် စတင်ဆွေးနွေးစဉ်ကပင် ထိုစနစ် အား ပြည်နယ်များတွင် ကျင့်သုံးရန်အသင့် မဖြစ်သေး၍ တိုင်းဒေသကြီး များတွင်သာ စတင်ကျင့်သုံးရန် ဆွေးနွေးခဲ့ကြသည်။

ကျွန်ုပ်တို့ ပါတီအနေဖြင့် ထိုစနစ်အား လက်ရှိမြန်မာ့နိုင်ငံရေး၏ လိုအပ်ချက်တစ်ခု အဖြစ် ရှုမြင်၍ ဆွေးနွေး တင်ပြခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်း၊ အားနည်းအောင် ပြုလုပ်ခြင်း၊ ဖြစ်စေရန် ဆိုသည့် စွပ်စွဲချက်များသည် အခြေအမြစ် မရှိပါ။

ဤစနစ်ကြောင့်လည်း ထိုသို့ဖြစ်စရာ အကြောင်းလည်း မရှိပါ။

၎။ အမျိုးသားလွှတ်တော်တွင် ပီအာစနစ် ကျင့်သုံးရေးအဆိုကို တင်သွင်းခဲ့သည့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ်အား တယ်လီဖုန်းနှင့် ဆက်သွယ် ၍ ခြိမ်းခြောက်ခြင်း၊ လွှတ်တော် အတွင်း၌ပင် စောင်းမြောင်း ပြောဆိုခြင်း၊ မီဒီယာ များတွင်လည်း ထိုစနစ်ကို တင်ပြသူများသည် နိုင်ငံကိုချောက်ထဲ ဆွဲချသူ၊ ဘုံရန်သူ များအဖြစ် တံဆိပ် ကပ်ထားကြသလိုနှင့် သမိုင်းတရားခံများ အဖြစ်ထိပင် ဆန္ဒစွဲဖြင့် ရေးသားဖော်ပြနေခြင်းကို တွေ့နေရပါသည်။

၅။ ထိုသို့ ပြုမှု လုပ်ဆောင်နေသူများ အနေဖြင့် ဒီမိုကရေစီ သဘောတရားအရ မိမိ၏ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိနေပါသည်။

တစ်ဖက်တွင်လည်း လက်တွေ့တွင် ကွဲပြားခြားနားသော အမြင်တို့ ရှိနေသည် ကို လည်း လက်ခံရမည်ဟူသည့် ဒီမိုကရေစီ၏ အရင်းခံ သဘောထားကို မျက်ကွယ် ပြုနေကြသည်မှာ အနာဂတ် ဒီမိုကရေစီရေးအတွက် လွန်စွာဝမ်းနည်း ဖွယ် ဖြစ်ရပါသည်။

သိက္ခာရှိသော နိုင်ငံရေးနှင့် အဆင့်မြင့်နိုင်ငံရေးကို လုပ်ဆောင်ကြရန် အမှာအကြား များ ရှိသည့်တိုင် မိမိတို့အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိပါလျှက် အခြားတစ် ပါးသော အမြင်ကွဲမှုအပေါ် သည်းခံနိုင်မှု မရှိခြင်းအပေါ် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးအတွက် များစွာ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ရပါသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဤ ပီအာစနစ်ကို ပြည် နယ်များတွင် အသုံးမပြု ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ ဆုံးဖြတ်ချက်အတိုင်း ပြည်နယ်များတွင် မကျင့်သုံးရန်ကိုလည်း လွှတ်တော်တွင် တင်သွင်းပြီး ဖြစ်သည်။

သို့စဉ်လျှက် ဝေဖန်ရုံမျှမက တိုက်ခိုက်ပြောကြား လာမှုများကြောင့် ဒီမိုကရေစီ နိုင်ငံ သား တို့၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မထိပါးနိုင်စေရေး အမျိုးသားဒီမိုကရေ စီအင်အား စု NDF ပါတီမှ အလေးအနက် တိုက်တွန်းပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
Tags: , ,

This post is in: Press Release

Related Posts
Inspiring Women of Burma
Burma’s Parliamentary Election
မဲဆန္ဒရှင်များ၏ရွေးချယ်မှု နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်အမျိုးသမီးများပါဝင်မှု
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကျောင်းသားများ၏ ချီတတ်ဆန္ဒပြမှုအပေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ၏ ထုတ်ပြန်ချက်
Over 650 Myanmar/Burma Civil Society Actors Speak Out on the Reality of the Transition