24 September 2014
Dear Friends and Leaders,
You are cordially invited to a meeting for a briefing on the performance of the Myanmar National Human Rights Commission (MNHRC) 2014 report, co-authored by Burma Partnership and Equality Myanmar. The report covers the developments that took place over the course of 2013 and significant events in the first quarter of 2014.
The meeting will also brief you on (1) the activities of the Asia Pacific Forum of National Human Rights Institutions (APF) and Asian NGO Network on National Human Rights Institutions (ANNI), and (2) establishment and performance of the National Human Rights Institutions across Asia Pacific region.
Burma Partnership and Equality Myanmar have been monitoring the activities and performance of the Myanmar National Human Rights Commission since its establishment on 5 September 2011 through Notification (No.34/2011) issued by the Government of the Republic of the Union of Myanmar. They also previously published briefing papers, recommendations on the Enabling Law and 2013 annual report on performance of the MNHRC.
Please consider this an open invitation. Other interested parties are welcome to attend.
For more information and to RSVP please contact Joseph Wah: +95 (0) 9250821194, [email protected]
၂၄ ရက် စက်တင်ဘာလ ၂၀၁၄
သို့ မိတ်ဆွေများနှင့် ခေါင်းဆောင်များ
အကြောင်းအရာ။ ။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်ကိုသုံးသပ်ထားသည့် အစီ ရင်ခံစာမိတ်ဆက်ပွဲနှင့် အာရှပစိဖိတ်ဒေသတွင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ အခြေအနေအား တင်ပြဆွေးနွေးခြင်း အစီအစဉ်သို့ တက်ရောက်ရန်ဖိတ်ကြားခြင်း
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) နှင့် ညီမျှခြင်း-မြန်မာ (Equality Myanmar) တို့သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း စက်တင်ဘာလ (၅) ရက်၊ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ်၊ ၃၄/ ၂၀၁၁) ထုတ်ပြန်ချိန်မှစ၍ ကော်မရှင်၏ လှုပ်ရှားမှုများနှင့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ကြသည်။ ထိုသို့ စောင့်ကြည့်နေစဉ်ကာလအတွင်း သုံးသပ်ချက်စာတမ်းများနှင့် အစီရင်ခံစာများကိုလည်း ထုတ်ပြန်ခဲ့သည်။
ယခု ၂၀၁၄ ခုနှစ်အတွက် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့နှင့် ညီမျှခြင်-းမြန်မာတို့မှ ပူးပေါင်း ထုတ်ပြန်ထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်နိုင်စွမ်းရည်ကို မှတ်တမ်းတင်ထားသည့် သုံးသပ်ထားသည့် ဒုတိယအကြိမ်မြောက် အစီရင်ခံစာမိတ်ဆက်ခြင်းကို အောက်ပါအစီအစဉ်အတိုင် ပြုလုပ်သွားမည်ဖြစ်သောကြောင့် တက်ရောက် ပါဝင်ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဤအစီရင်ခံစာကို အာရှပစိဖိတ်ဒေသ အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံများဆိုင်ရာ NGO ကွန်ယက် (ANNI) မှ ပူးပေါင်းထုတ်ပြန်ခဲ့သော အာရှဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံများ၏ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ၎င်းတို့၏စွမ်းဆောင်ရည် ၂၀၁၄ ခုနှစ် အစီရင်ခံစာ၏ မြန်မာနိုင်ငံကဏ္ဍ အစီရင်ခံချက်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာမိတ်ဆက်ခြင်းနှင့်အတူ Asia Pacific Forum of National Human Rights Institutions (APF) နှင့် Asian NGO Network on National Human Rights Institutions (ANNI) တို့၏ လုပ်ငန်းများနှင့်လှုပ်ရှားဆောင်ရွက်မှုများအကြောင်း၊ အာရှနှင့် အာရှပစိဖိတ်ဒေသတစ်ဝှမ်းရှိ နိုင်ငံတော်အဆင့် လူ့အခွင့်အရေးကော်မရှင်များ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ၎င်းတို့၏ လူ့အခွင့်အရေးမြှင့်တင်နိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်းတို့အပေါ် ဆွေးနွေးတင်ပြမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
အစီအစဉ်
စိတ်ပါဝင်စားသူအဖွဲ့အစည်းကိုယ်စားလှယ် နှင့်ပုဂ္ဂိုလ်များအနေဖြင့် ကိုဂျိုးဇက် +၉၅ (၀) ၉၂၅၀၈၂၁၁၉၄ သို့မဟုတ် [email protected]သို့အတည်ပြုအကြောင်းပြန်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Tags: Burma Partnership, Equality Myanmar, Forum-AsiaThis post is in: Uncategorized
Related Posts