၁၈၈၆ တွင် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ် တလျောက်တွင် အရှေ့တောင်အာရှ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စတင် ထွန်းကား ရာဒေသ ဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်တို့ ထံမှ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်မှ ဘိန်းစိုက်ပျိုး ထုတ်လုပ် မှုသည် အနာဂတ်တွင် ပြဿနာများဖြစ်ထွန်းမှု ပိုမိုကြီးထွား လာစေသည့် မျိုးစေ့များကို ချထားပြီး ဖြစ်နေသည်။
ရှမ်းပြည်နယ်သည် ပထ၀ီအနေအထားအရ တောတောင် ထူထပ်ပြီး လူမျိုးရေး၊ နိုင်ငံရေး စသည့် ပြည်တွင်းစစ် ပြဿနာများကြောင့် ၎င်းကို ဘိန်းမှောင်ခို ဂိုဏ်းတို့က အခွင့်ကောင်းယူပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ကြီးထွားစေခဲ့သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးကို တရားမ၀င် စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်မှုကို ပူးပေါင်းနှိမ်နှင်းရန် ၁၉၇၄ မှ ၁၉၈၈ ထိ မြန်မာအစိုးရနှင့် အမေရိကန်ပြည်ထောင်စု တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေးအတွက် ၁၉၇၆ မှ ၁၉၉၁ အထိ (၁၅)နှစ်စီမံကိန်းကို လည်းကောင်း၊ ၁၉၉၉ မှ ၂၀၁၄ အထိ (၁၅)နှစ် စီမံကိန်းကိုလည်းကောင်း ကုလသမဂ္ဂ၏ ကူညီထောက်ပံ့မှုဖြင့် နှစ်ပေါင်း (၃၀) ကြာ ချမှတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
သို့သော် တောတောင် ထူထပ်သည့် ရှမ်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲချို့တဲ့ခြင်း၊ ဘိန်းအစားထိုး သီးနှံများနှင့် ရာသီလိုက် အခြားလယ်ယာထွက် သီးနှံကုန်ကြမ်းများ တွက်ခြေကိုက်စီးပွားဖြစ် တင်ပို့နိုင်မည့် ဈေးကွက်မရရှိခြင်း၊ လူထုယုံကြည်မှု အပြည့်ရှိသော မူးယစ်ဆေးဝါးသုံးစွဲမှု ကုသဖြတ်ပေးသည့် ဆေးခန်း များ အလုံအလောက် မရှိခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် လယ်ယာ စိုက်ပျိုးမြေများ ကို မြေလွတ်မြေရိုင်းဟု ခေါင်းစဉ်တပ်ပြီး သိမ်းယူခြင်း၊ ပြည်တွင်းစစ်ကြာရှည် ခြင်း တို့ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။
မြန်မာနိုင်ငံတွင် ကြီးထွားနေသည့် ဘိန်းပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် မိသားစု အနေဖြင့် သော်လည်းကောင်း၊ အသင်းအဖွဲ့အနေဖြင့် သော်လည်းကောင်း၊ အစိုးရ အနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတကာမှ ကူညီထောက်ပံမှုဖြင့် သော်လည်းကောင်း ကြိုးပမ်းကြသည်ကို တွေ့ရသည်။ သို့သော် နှစ်ပေါင်း (၄၈)နှစ်ကြာ ဗဟိုချုပ်ကိုင်မှု စနစ်ဖြင့် စစ်အုပ်ချုပ်မှု အောက်ရှိ မြန်မာနိုင်ငံသည် သတင်း လွှတ်လပ်ခွင့်ကို ပိတ်ပင် ထားခြင်းကြောင့် အဂတိလိုက်စားမှု မြင့်မားလာ၍ အကျင့်ပျက်ခြစားမှု ကြီးထွားလာ ကာ ဘိန်းစိုက်ပျိုးမှုကိုပါ ထွန်းကားလာစေခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေသည်။
မြေပြင်တွင် ဘိန်းစိုက်ပျိုးရေးလုပ်ငန်း၏ နောက်ဆက်တွဲ ဆိုးကျိုးသည် သစ်တောများ ကို ပြုန်းတီး၍ ရေထုများကို ညစ်ညမ်းစေပြီး တောရိုင်းတိရိစ္ဆာန်များ၏ စားကျက်ပါ ကွယ်ပျောက်စေခဲ့သည်။ ထို့အပြင် ဘိန်းစိုက်ပျိုးသော ဒေသများတွင် လူ့အခွင့် အရေး ချိုးဖောက်မှု၊ လူကုန်ကူးမှု၊ ရိုးရာအစဉ်အလာ ပပျောက်လာမှု၊ အကျင့်စရိတ္တပျက် ပြား လာမှု စသည်ဖြင့် ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် လက်ရှိတည်ဆဲ မူးယစ်ဥပဒေ၏ ပုဒ်မ ၁၆ နှင့် ၁၆ (က)တွင် ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေး ၀န်ကြီးဌာန အမိန့်ကြေညာစာ မှ မူးယစ်ဆေးဝါးပင်အဖြစ် သတ်မှတ်ထားသော အပင် တစ်မျိုးမျိုးကို စိုက်ပျိုးသူ အား ထောင်ဒဏ် အနည်းဆုံး (၅)နှစ်မှ အများဆုံး (၁၀)နှစ်အထိ ပြဌာန်းထားသည်။ ထိုသို့ ပြဌာန်း ထားသော်လည်း စားဝတ်နေရေး ကြပ်တည်းမှုနှင့် အဂတိလိုက်စားမှု များကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ဆက်လက် တည်ရှိနေခြင်း ဖြစ်သည်။
လက်ရှိအစိုးရက ၂၀၁၄ တွင် မြန်မာနိုင်ငံကို ဘိန်းကင်းမဲ့ဇုံ အဖြစ် ကြွေးကြော် ထားသော်လည်း မူးယစ်ဗဟို ဥက္ကဌက မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းကို ၂၀၁၉ ခုနှစ်ထိ နောက်ထပ် (၅)နှစ် တိုးမည်ဟု ဆိုခြင်းသည် အဆီယမ်နိုင်ငံများ၏ ၂၀၁၅ ဘိန်းကင်းမဲ့ဇုံ မဟာဗျူဟာ မျော်လင့်ချက်ကို အားနည်းစေခဲ့သည်။ […]
အစီရင်ခံစာ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
Tags: Action for High Land Society Development, Burma Army, Burma Government, Corruption, Drugs, Livelihood, Methamphetamine, Military Regime, Mong Tai Army, Opium, Pa-O, Pa-O National Organization, Pa-O Youth Organization, Palaung State Liberation Front, Shan, Shan State Army North-Shan State Progress Party, SPDC, UNODCThis post is in: Drugs, Spotlight
Related Posts