၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်
၁။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ၊ ခမရ ၃၈၉ လက်အောက်ခံ တပ်ဖွဲ့များက ကချင်လွတ်လပ်ရေးအဖွဲ့၊ ဗိုလ်လောင်း သင်တန်းကျောင်းအား အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်း အမျိုးသားတပ်ဦးမှ အရာရှိလောင်းနှစ်ဦး အပါအ၀င် အဖွဲ့အစည်း အသီးသီးမှ အရာရှိလောင်း ၂၃ ဦးကျဆုံးခဲ့ပြီး၊ ၂၀ ဦး ထိခိုက် ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသဖြင့် မိမိတို့အနေဖြင့် အထူးတုန်လှုပ်ခြောက်ခြားကာ ၀မ်းနည်းကြေကွဲမိပါသည်။
၂။ ယခုအချိန်သည် လက်နက်ကိုင် တိုက်ခိုက်ခြင်း နည်းလမ်းအစား နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းကို အသုံးပြု ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ၀ိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေ ချိန် ဖြစ် ပါသည်။ သို့ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေး ထိုးနိုင်ရေးဆွေးနွေး မှုမှာ လိပ်ခဲတည်းလည်း ဖြစ်နေဆဲရှိရာ၊ ထိုအချိန်တွင် ယခုကဲ့သို့ မြန်မာ့တပ်မတော် လက်အောက်ခံ တပ်ဖွဲ့တစ်ခုမှ တိုင်းရင်း သား တော်လှန်းရေး အဖွဲ့အစည်းတခု၏ သင်တန်းကျောင်း တခုသို့ အဆင်ခြင်မဲ့ ပစ်ခတ် တိုက်ခိုက်မှုသည် အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေ နိုင်သည့် အဖျက်သဘော ဆောင်သော လုပ်ရပ်ဖြစ်ကြောင်း မိမိတို့အနေဖြင့် သုံးသပ်ပါသည်။
၃။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကြိုးပမ်းဆောင်ရွက်မှုကို ထိခိုက်နှောင့် နှေးမှုဖြစ်စေနိုင် သည့် မည်သည့် အကြမ်းဖက်လုပ်ရပ် မျိုးကိုမဆို မိမိတို့အနေဖြင့် အပြင်းအထန် ရှုတ်ချ ပါသည်။
၎။ မြန်မာ့တပ်မတော် ခေါင်းဆောင်များအနေဖြင့် လက်ရှိဆောင်ရွက်ဆဲ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း စဉ်ကို လိုလားကြောင်း ဖေါ်ပြသည့်အနေဖြင့် အထက်ပါဖြစ်ရပ်ကို ကျုးလွန်သော တပ်ဖွဲ့နှင့်အဆင့်ဆင့် အုပ်ချုပ်မှုတို့အား ပွင့်လင်းမြင် သာစွာဖြင့် ပြတ်ပြတ်သားသား စစ်ဆေးအရေးယူပေးရန် အလေးအနက် တိုက်တွန်းတောင်းဆို လိုက်ပါသည်။
၅။ မိမိတို့၏ အရာရှိလောင်းများ ကျဆုံး/ ဒါဏ်ရာ ရခဲ့ကြသည့် တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ပြည် တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ရှေးရှု၍ လက်ရှိဆောင်ရွက်ဆဲ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိုသာ ဆက်လက်အာရုံစိုက် ဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်
ဆလိုင်းအောင်မင်းလှိုင် (သဘာပတိ – ဖုံး – ၀၉ ၅၀၄ ၃၇၀၉)
ဆလိုင်းအိုက်ဇက်ခင် (ညှိနှိုင်းရေးမှူး – ဖုံး – ၀၉ ၄၅၀ ၀၃၅ ၈၈၅)
ဆလိုင်းကျဲအိုဘိခ်ထောင်း (အဖွဲ့ဝင် – ဖုံး – ၀၉ ၄၃၀ ၉၄ ၀၈၇)
ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Tags: Burma Army, Chin National Conference, Chin National Front, Ethnic Armed Organisations, Kachin Independence Army, National Reconciliation, Nationwide Ceasefire Agreement, Peace ProcessThis post is in: Press Release
Related Posts