၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၊ (၁၉)ရက်နေ့၊ မွန်းလွဲ ၁၂း၃၆ အချိန်တွင် ဗမာတပ်မတော် ခြေမြန်တပ်ရင်း (၃၈၉)တပ်ဖွဲ့မှ KIO ကြီးမှူးဖွင့်လှစ်သော အရာရှိလောင်း သင်တန်းကျောင်းအား(၁၀၅)မမဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်းများ တနေရာတည်း၌ စုပုံကျဆုံးခြင်းပြင်းထန်သော ထိခိုက် ဒဏ်ရာရမှု များဖြစ်ရခြင်းတို့ ကိုသိရှိလာရပါသဖြင့် မိမိတို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ များစွာ ၀မ်းနည်းကြေကွဲ ရပါသည်။
မိမိတို့ အမျိုးသမီးများသည် တိုင်းရင်းသား အချင်းချင်း တဦးကို တဦးသတ်ဖြတ်နေခြင်း၊ သွေးချောင်း စီးတိုက်ပွဲများဖြစ်ပေါ်ခြင်း တို့ ကို အလျဉ်းမလိုလားတော့ပေ။ မြန်မာနိုင်ငံငြိမ်းချမ်း၍ တိုးတက်ဖွံဖြိုးသော လူ့ ဘောင်တရပ်ဖြစ်ပေါ်ရေးကိုသာ မြင်တွေ့လိုပေသည်။
သို့ ဖြစ်၍ မပြေမလည်ရှိနေသော နိုင်ငံရေး ကိစ္စဟူသမျှတို့ ကို နိုင်ငံရေးစားပွဲခုံ၌ အတူတဂွထိုင်၍ ဖြေရှင်း ရန် အထူးအရေးကြီးနေကြောင်း နှင့် တစ်ဆို့ မှုများရှိနေသေးသည်များကို တဖက်နှင့် တဖက် ချစ်ကြည်စွာ လက်တွဲ ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ရှာဖွေကြပါရန် သက်ဆိုင်သူများ အားလုံးသို့  တိုက်တွန်း ပါသည်။
ကျဆုံးသွားကြသော တိုင်းရင်းသား ဗိုလ်လောင်းများအားလုံး ကောင်းသောဘုံ၌ စံပျော်နိုင်ကြပါစေဟု ၀မ်းနည်း ကြေကွဲစွာ ဆုတောင်းယင်း ဤသ၀ဏ်လွှာကို ပေးပို့ အပ်ပါသည်။
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်
ဖုံး 09 25 40 66 936
ရခိုင်အမျိုးသမီးများ အစည်းအရုံး၏ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
Tags: Burma Army, Ethnic Nationalities, Kachin Independence Army, Peace, Rakhaing Women UnionThis post is in: Press Release
Related Posts