Signup Now!
Join our mailing list for latest news and information about Burma.

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကျောင်းသားများ၏ ချီတတ်ဆန္ဒပြမှုအပေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ၏ ထုတ်ပြန်ချက်

By Association of Human Rights Defenders and Promoters  •  January 26, 2015

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကျောင်းသားများ၏ ချီတက်ဆန္ဒပြမှုကြီးသည် လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် လုံးဝကိုက်ညီမှု ရှိပေသည်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တောင်းဆိုခြင်း၊ အချုပ်အခြာ ကင်းသည့် ပညာရေး လွတ်လပ်ခွင့်ကို တောင်းဆိုခြင်းတို့ကြောင့် ယနေ့ကျောင်းသားတို့ သပိတ်မှောက် တောင်းဆိုခြင်းသည် လူ့အခွင့်အရေးဆိုင်ရာ ခုခံကာကွယ်ခြင်းဖြစ်ပေသည်။ မြန်မာနိုင်ငံ ပညာရေး စနစ်ညံ့ဖျင်းမှုကြောင့် နှစ်ပေါင်းများစွာ လူညွန့်တုံးခဲ့ရသော လူ့အဖွဲ့အစည်းကိုသာလျှင် ပ်ါထွန်းစေ ခဲ့သည်။ ယခုပညာရေး စနစ်ပြုပြင် ပြောင်းလဲရေးအတွက် အမျိုးသား ပညာရေး ဥပဒေသည် ဆန့်ကျင်ရမည့် အနေအထားတွင် ရှိပေသည်။ တရားမျှတသော တောင်းဆိုမှုအတွက် ကျောင်းသားတို့၏ သပိတ်မှောက် ချီတတ်ပွဲကြီးကို လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့(HRDP)က အကြွင်းမဲ့ ထောက်ခံလိုက် သည်။

သပိတ်မှောက် ကျောင်းသားထု၏ အောက်ပါ တောင်းဆို ချက်များကို အစိုးရက လိုက်လျောဖြည့်ဆည်းပေး ရန် တောင်းဆို လိုက်သည်။

၁). အမျိုးသား ပညာရေး ကော်မရှင်ဖျက်သိမ်းရေး။
၂). ဒီမိုကရေ ပညာရေးအား ဥပဒေရေးဆွဲရန် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ပေးရန်
၃). ကျောင်းသား သမဂ္ဂများနှင့် ဆရာသမဂ္ဂများ တရားဝင် ဖွဲ့စည်းခွင့်ပေးရန်

လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေး အခြေခံအချက်များ ဖော်ထုတ်၍ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး တိုက်ပွဲအောင်ရမည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့(HRDP) သည် ကျောင်းသားထု တစ်ရပ်လုံးနှင့်အတူ ရပ်တည်မည်။

HRDP

ထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

Tags: , , , , , ,

This post is in: Press Release

Related Posts
Finding on Process of Observing General Election 2015 by Association of Human Rights Defenders and Promoters
“အစိုးရသစ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ” အစီရင်ခံစာ
ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား အစဖျောက် သုတ်သင်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းအား ကန့်ကွက်ရှုံ့ချခြင်း
Statement on Child Soldier