(၁) အမျိုးသား ပညာရေး ဥပဒေသည် ကျောင်းသားများ၏ အနာဂတ်၊ တနည်းအားဖြင့် လူသား အရင်းအမြစ် ဆိုင်ရာ နိုင်ငံ၏ အနာဂတ်လည်းဖြစ်သည်။
(၂) ထိုဥပဒေပြဌာန်းချက်နှင့် ပတ်သက်၍ ကျောင်းသားများ၊ ပညာရှင်များ၏ ဆန္ဒကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ရေးဆွဲ အတည်ပြုခဲ့သည့်အပေါ် ကျောင်းသားများ ကန့်ကွက် ဆန္ဒဖော်ထုတ်ပြသခြင်းကို ကျွန်ုပ်တို့မှ ထောက်ခံသည်။
(၃) ကျောင်းသားများ၏ ဆန္ဒမှာ ထိပ်တိုက်ရင်ဆိုင်တွေ့လိုခြင်း မဟုတ်ဘဲ စေ့စပ်ညှိုနှိုင်းဖြေရှင်းပေးရန် တောင်း ဆိုနေခြင်းဖြစ်သည်။
(၄) ကျွန်ုပ်တို့အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ဆန္ဒပြကျောင်းသားထုအား အကြမ်းဖက် ဖြိုခွဲခြင်း၊ နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း၊ တားဆီး ပိတ်ပင်ခြင်းများကို မပြုလုပ်ဘဲ ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းပေးရန် လေးနက်စွာ တိုက်တွန်းသည်။
(၅) ထို့ကြောင့် အဆိုပါ ပညာရေးဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်နိုင် ရေးအတွက် အစိုးရမှလည်းကောင်း၊ လွှတ်တော်များမှ လည်းကောင်း၊ ဆန္ဒပြကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးညိုနှိုင်းပါရန် ကျွန်ုပ်တို့မှ အလေးအနက် တောင်းဆိုလိုက်သည်။
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။
Tags: 88 Generation Peace and Open Society, Burma Government, National Education Bill, Peaceful Protest, studentsThis post is in: Press Release
Related Posts