Signup Now!
Join our mailing list for latest news and information about Burma.

ရှမ်းပြည်မြောက်ပိုင်း၊ ကောင်ခါဘောက်ရွာတွင် ကချင်နှစ်ခြင်းအသင်းချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရခြင်းအပေါ် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ

By 88 Generation Peace and Open Society  •  January 22, 2015

၁။ ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကောင်ခါဘောက်ရွာရှိ ကချင်နှစ်ခြင်း အသင်းချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်သော မရန်လုရာနှင့် တန်ဘောင်ခေါန်နန့်ဒင့် တို့ နှစ်ဦးမှာ အသင်းတော် ဝင်းအတွင်း၌ပင် အဓမ္မပြုကျင့် အသတ်ခံရကြောင်း ကြားသိရသည့် အတွက် ကျွန်ုပ်တို့မှ ကြေကွဲ တုန်လှုပ်မိပါသည်။

၂။ ဤသို့ လူမဆန်စွာ ရက်စက် ယုတ်မာမှုများအား မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းက ကျူးလွန် သည်ဖြစ်စေ ကျွန်ုပ်တို့မှ လုံးဝ လက်မခံနိုင်၍ ပြင်းထန်စွာ ရှုတ်ချ ပါသည်။

၃။ ထိုဖြစ်ရပ်သည် စစ်မက်ဒါဏ်ခံစားနေရသော ဒေသများတွင် တရားဥပဒေစိုးမိုး ရေးနှင့် နိုင်ငံသားတို့၏ ဘဝလုံခြုံမှု၊ အသက်ရှင်နေထိုင်မှုများအတွက် အာမခံချက် ကင်းမဲ့လျက်ရှိပြီး လူ့အဖွဲ့အစည်းအတွင်း ဆိုးဝါးသည့် ကျူးလွန်မှုများဖြစ်သည်။

၎။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သည်။

၅။ အပြစ်မဲ့ စေတနာ့ ဝန်ထမ်း ဆရာမနှစ်ဦး မတရားပြုကျင့် အသတ်ခံရခြင်းအတွက် ကျွန်ုပ်တို့မှ အလွန်အမင်း ဝမ်းနည်းကြေကွဲ မိပါကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတရေးအတွက် မိတ်ဖက် အဖွဲ့အစည်းများနှင့် အတူလက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ပါသည်။

၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)

သဝဏ်လွှာ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ် ရယူနိုင်ပါသည်။

Tags: , , , , , ,

This post is in: Press Release

Related Posts
အမျိုးသား ပညာရေးဥပဒေအား ကျောင်းသားများ ကန့်ကွက်ဆန္ဒပြခြင်းအပေါ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)၏ သဘောထားကြေညာချက်
၆၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်သော ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၏ သဘောထား ကြေညာချက်
ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်သော (၆) ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ သဘောထားကြေညာချက်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ သဘောထား ထုတ်ပြန်ချက်
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာဌာန) အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း)နှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်