Four years ago on 9 June 2011, the Burma Army attacked the Kachin Independence Army (KIA) outpost, breaking a 17-year-old ceasefire agreement. Since then the Burma/Myanmar Government has launched an aggressive military offensive against the KIA and clashes have escalated into an outright recurrent war in Kachin and northern Shan State. As we mark the fourth anniversary of the renewed war in Kachin State, the Burma Army continues to increase its militarization by manipulating its forces into ethnic administrated territories, while the Government has restricted local and international humanitarian access to Internally Displaced Persons (IDPs), obstructing the delivery of adequate aid and assistance.
Since the Burma Army began its attacks in 2011, over 120,000 people in Kachin State have been displaced and more than 100,000 people have settled into IDPs camps along the China-Burma/Myanmar border. These IDPs, including women, malnourished children and the elderly, have not been able to access full and unhindered aid from the UN and other international agencies since October 2014 and remain in the camps without sufficient food, proper sanitation and other daily needs. As rainy season begins, expected increase in dengue fever and other life threatening diseases will put tens of thousands of IDPs at risk, especially without adequate medical supplies. Access to IDPs in KIA controlled areas rests largely on travel authorization granted by the Burma/Myanmar Government, which continues to restrict the movement of international humanitarian organizations.
Until now, the IDPs have been receiving a paltry sum of 12,500 Kyat per month, per person (USD 11.00), and despite the ongoing humanitarian emergency and the need for more food, shelter, medical supplies and school supplies, there will be further reduction in aid from the international community as Community Based Organizations (CBOs) struggle to meet the emergency needs. Starting June 2015, the IDPs are expected to receive as little as 200 Kyat per day (USD 0.18) in aid, which is impossible to survive on. The funding cuts will result in further suffering and the loss of dignity for those who have lived in these harsh conditions for the past four years.
The peace talks and the signing of the draft text of the nationwide ceasefire agreement (NCA) have not brought safety and security to the IDPs and those affected by the conflict as the Burma Army continues to repeatedly wage war against ethnic armies in Kachin State and northern Shan State. Since the peace talks began in 2012, fighting has intensified between the Myanmar National Democratic Alliance Army and Ta’ang National Liberation Army, who have been excluded from recent peace talks. This has hindered the peace process and increased the lack of trust in the Government, while discussions of the NCA proceed without meaningful results.
While the Government continues to use its rhetoric of peace and reform to invite donors and investors to continue to fund the peace talks and development projects, some of the heaviest fighting in ethnic areas took place this year as the Burma Army attacked the KIA and civilian population in Laiza with airstrikes for the first time in March 2015. In addition, in November 2014, 23 cadets were slain by the Burma Army when they fired artillery missiles at the KIA’s training academy.
Since breaching the ceasefire agreement in 2011, the Burma Army has committed a litany of human rights abuses that would likely constitute war crimes and crimes against humanity under international human rights and humanitarian law. Cases such as the rape, torture and murder of two young Kachin volunteer teachers in northern Shan State demonstrates the system of impunity that protects the perpetrators of such heinous crimes, further instilling fear and oppressing ethnic communities. Crimes committed with impunity such as forced labor, arbitrary arrest, illegal detention, torture, extrajudicial killing, restricting the provision of humanitarian assistance, rape and other forms of sexual violence merit an immediate international investigation. If the Government hopes to gain trust they must show the political will for a truly democratic reform, and immediately conduct an impartial investigation into these crimes, alongside international investigators. The perpetrators must be held accountable.
On the 4th anniversary of the renewed fighting and war against the Kachin people, we the undersigned organizations strongly urge
The Burma/Myanmar Government to:
• Immediately halt all Burma Army offensives in Kachin and northern Shan State and genuinely participate in the peace process by honoring original ceasefire agreements, withdrawing troops from ethnic areas and sincerely commit to building a federal union;
• Allow humanitarian agencies immediate and unhindered access to all IDP camps with the cooperation and meaningful participation of local CBOs in both KIO and the Government controlled areas and;
• Fully respect international human rights and humanitarian laws and comply with the Convention on the Elimination of All Forms of Discrimination Against Women and the Convention on the Rights of the Child to which Burma/Myanmar is a signatory, and commit to UN Security Council Resolution 1325 on Women, Peace and Security;
The international community and the donor community to:
• Urge the Burma/Myanmar Government to allow humanitarian agencies unhindered access to all IDP camps;
• Continue providing urgent humanitarian assistance to IDPs in cooperation with and in meaningful participation with local CBOs for a step towards long-term provision of humanitarian assistance to conflict affected communities and their eventual safe and dignified return to their home or place of resettlement;
• Call for the immediate cessation of all hostilities in Kachin and northern Shan State and all other ethnic areas and end the war, so that the ethnic minority peoples may begin to live their lives in genuine peace with dignity.
Endorsed by:
Additional endorsements:
88 Rakhine Generation Social Development Organization
Burmese Rohingya Organisation UK
People for people(PFP); Sittwe
Download the press release in English here.
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Download the statement in English here.
သဘောထားကြေညာချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Download the statement in Burmese here.
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
၂၀၁၅ ခု ဇွန်လ ၈ ရက်
မြန်မာနိုင်ငံမြောက်ပိုင်းမှ ထိုးစစ်များ ချက်ချင်းရပ်တန့်ရေး နှင့် ပြည်တွင်းအိုးအိမ်စွန့်ဒုက္ခသည်များသို့ လူသားချင်းစာနာရေး အထောက်အပံ့ အဟန့်အတားမရှိ ပေးပို့ရေးအတွက် အဖွဲ့ပေါင်း (၅၆) မှ တောင်းဆိုမှု
လွန်ခဲ့သည့် (၄) နှစ်ဖြစ်သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်က ကချင်ပြည်လွတ်လပ်ရေးတပ်မ တော် (KIA) စခန်းတစ်ခုကို တိုက်ခိုက်ပြီး (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာအစိုးရသည် KIA အား စစ်ရေးအရ ကျူးကျော်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ပုံမှန်တောက်လျှောက်ဖြစ်နေသည့် အတိအလင်းစစ်ပွဲအဖြစ် အရှိန်မြင့်လာခဲ့သည်။ ကချင်ပြည်နယ်မှ တကျော့ပြန်စစ်ပွဲ၏ (၄) နှစ်မြောက်နှစ်ပတ်လည်ကို မှတ်သားနေချိန်တွင် မြန်မာစစ်တပ်က ၎င်း၏ အင်အားစုများအား တိုင်းရင်းသားတို့ အုပ်ချုပ်သည့်နယ်မြေများအတွင်း ထိုးသွင်းကစားခြင်းဖြင့် စစ်တပ်လွှမ်းမိုးမှု ဆက်လက်မြှင့်တင်နေသလို မြန်မာအစိုးရကလည်း ပြည်တွင်းအိုးအိမ်စွန့်ဒုက္ခသည်များ (IDP) ထံသို့ ပြည်တွင်းပြည်ပ မှ လူသားချင်းစာနာရေးအကူ ချုပ်ချယ်ကန့်သတ်ပြီး အကူအညီအထောက်အပံ့များ အလုံအလောက် မပေးဆောင်နိုင် အောင် ဟန့်တားနေသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာအစိုးရ၏ တိုက်ခိုက်မှုများစတင်ကတည်းက ကချင်ပြည်နယ်ရှိ လူ ၁၂၀,၀၀၀ မှာ အိုးအိမ်စွန့်ခဲ့ ရပြီး လူ ၁၀၀,၀၀၀ ကျော်မှာ တရုတ်-မြန်မာနယ်စပ်တလျှောက်မှ IDP စခန်းများ၌ အခြေချခဲ့ရသည်။ အမျိုးသမီးများ၊ အာဟာရချို့တဲ့နေသည့် ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ယင်း IDP များသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှစ၍ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီကို အပြည့်အဝ အဟန့် အတားမရှိ ရယူနိုင်ခြင်းမရှိဘဲ စခန်းများအတွင်း လုံလောက်သည့်ရိက္ခာ၊ သင့်တော်သည့်သန့်ရှင်းမှုနှင့် အခြားနေ့စဉ် လိုအပ်ချက်များမရဘဲ နေခဲ့ရသည်။ မြန်မာနိုင်ငံတွင် မိုးရာသီရောက်လာသည့်အခါ သွေးလွန်တုပ်ကွေးနှင့် အခြား အသက်ဘေးအန္တရာယ် စိုးရိမ်ရသည့် ရောဂါဘယများက သောင်းနှင့်ချီသော IDP များ၊ အထူးသဖြင့် လုံလောက်သည့် ဆေးဝါးအထောက်အပံ့မရှိ သူများကို အန္တရာယ်တွေ့စေမည် ဖြစ်သည်။ KIA ထိန်းချုပ်နယ်မြေများရှိ IDP များထံ သွားလာနိုင်ရေးမှာ မြန်မာအစိုးရ ထုတ်ပေးသည့် ခရီးသွားခွင့်ပေါ် အဓိကမူတည်နေသည်။ မြန်မာအစိုးရသည်ကား နိုင်ငံတကာလူသားချင်းစာနာရေးအဖွဲ့ များ၏ လှုပ်ရှားမှုကို ဆက်လက်ကန့်သတ်နေဆဲ ဖြစ်သည်။
ယခုအခါ IDP များသည် လူတစ်ဦးလျှင် တစ်လကို ကျပ် ၁၂,၅၀၀ (၁၁ ဒေါ်လာ) ဟူသည့် မဖြစ်စလောက်ပမာဏ ကိုသာ ရရှိနေပြီး လက်ရှိလူသားချင်းစာနာရေး အရေးပေါ်အခြေအနေနှင့် ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ ပညာရေး အထောက်အပံ့များ ပိုမိုလိုအပ်နေသည့်အခြေအနေ ဖြစ်နေသည့်ကြားတွင်ပင် နိုင်ငံတကာအသိုင်းအဝိုင်းက အကူ အညီများ ထပ်မံလျှော့ချအုံးမည် ဖြစ်သည်။ သို့ဖြစ်၍ လူထုအခြေပြုအဖွဲ့အစည်းများ (CBO) က အရေးပေါ်လိုအပ် ချက်များကို ဖြည့်ဆီးနိုင်ရန် ရုန်းကန်နေကြရသည်။ ၂၀၁၅ ခုနှစ် ဇွန်လမှစ၍ IDP များသည် အကူအညီအထောက်အပံ့ တစ်ရက်လျှင် ကျပ် ၂၀၀ မျှသာ ရရှိသဖြင့် အသက်ရှင်ရပ်တည်ဖို့ မဖြစ်နိုင်သည့်ပမာဏ ဖြစ်သည်။ ထောက်ပံ့ငွေ ဖြတ်တောက်မှုများသည် ပြီးခဲ့သည့် (၄) နှစ်တာ ဆိုးဝါးကြမ်းတမ်းသည့် အခြေအနေများအတွင်း နေထိုင်ခဲ့ရသူများ အတွက် ပိုမိုဒုက္ခတွေ့စေပြီး ဂုဏ်သိက္ခာကျဆင်းစေမည် ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) မူကြမ်းစာသား လက် မှတ်ထိုးခြင်းတို့က IDP များနှင့် ပဋိပက္ခကြောင့် ထိခိုက်ရသူများအတွက် ဘေးကင်းမှုနှင့်လုံခြုံမှု ဆောင်ကျဉ်းလာခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာစစ်တပ်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားတပ်များ အား ထပ်ခါတလဲ ဆက်လက်ထိုးစစ်ဆင်နွှဲနေသောကြောင့် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ကတည်းက မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့နှင့် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။ ယင်းအဖွဲ့များမှာ မကြာသေးသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ဖယ်ထုတ်ခံထားရသူများ ဖြစ်သည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်း ထစ်ငေါ့ခဲ့ပြီး မြန်မာအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်း ပိုများလာစေကာ NCA ဆွေးနွေးပွဲများမှာ အဓိပ္ပာယ်ရှိသည့်ရလာဒ် မထွက်ဘဲသွားနေသည်။
မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ငွေကြေးဆက်လက်ထောက်ပံ့ဖို့ အလှူရှင်များ နှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရန် ၎င်း၏ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး စကားလုံးကြီးများကို ဆက်သုံး နေစဉ် အပြင်းထန်ဆုံးတိုက်ပွဲများမှာ တိုင်းရင်းသားနယ်မြေများ၌ ယခုနှစ်အတွင်း ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လ တွင် မြန်မာစစ်တပ်က လိုင်ဇာမြို့ရှိ KIA တပ်များနှင့် အရပ်သားလူထုများကို ပထမဆုံးအကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင်လည်း မြန်မာစစ်တပ်မှ KIA သင်တန်းကျောင်းကို လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်လောင်းများ သေဆုံးခဲ့ရသည်။
မြန်မာစစ်တပ်သည် ၂၀၁၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဖောက်ဖျက်ကတည်းက လူ့အခွင့် အရေးဖောက်ဖျက်မှုတသီကြီး ကျူးလွန်ခဲ့ရာ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာရေးဥပဒေအရ ၎င်းတို့ မှာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ဆန့်ကျင်သည့်ရာဇဝတ်မှု မြောက်နိုင်သည့်အလားအလာ ရှိသည်။ ရှမ်းပြည် မြောက်ပိုင်းမှ စေတနာ့ဝန်ထမ်းကချင်ဆရာမငယ် (၂) ဦးအား မုဒိမ်းကျင့်၊ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည့်အမှု ကဲ့သို့သော အမှုများက ယင်းကဲ့သို့ဆိုးယုတ်လှသောပြစ်မှုများ ကျူးလွန်သူတို့ကို ကာကွယ်ပေးထားသည့် ပြစ်ဒဏ် ကင်းလွတ်မှုစနစ်ကို ပြသနေရာ တိုင်းရင်းသားလူထုများကို ပိုမိုကြောက်ရွံ့စေပြီး ဖိနှိပ်ထားသည်။ ပြစ်ဒဏ်ကင်းလွတ် ခွင့်ရပြီး ကျူးလွန်ထားသည့် ပြစ်မှုများဖြစ်သော အဓမ္မလုပ်အားပေးခိုင်းစေမှု၊ စိတ်ထင်သလိုဖမ်းဆီးမှု၊ ဥပဒေမဲ့ချုပ် နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားရုံးမတင်ဘဲသတ်ဖြတ်မှု၊ လူသားချင်းစာနာရေး အထောက်အကူပေးခြင်းကို ကန့်သတ်မှု၊ မုဒိမ်းမှု နှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံများမှာ နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ချက်ချင်း လုပ်သင့်သည့်အမှုများ ဖြစ်သည်။ အကယ်၍ မြန်မာအစိုးရအနေဖြင့် ယုံကြည်မှုရယူဖို့ မျှော်လင့်ပါက အမှန်တကယ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒပြသပြီး အဆိုပါပြစ်မှုများအား ဘက်မလိုက်သည့် စုံစမ်းစစ် ဆေးမှုကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးသမားများနှင့်အတူ ချက်ချင်းလုပ်ဆောင်ရမည် ဖြစ်သည်။ ကျူးလွန်သူများကို တာဝန်ခံခိုင်းရမည် ဖြစ်သည်။
ကချင်ပြည်သူတို့အပေါ် တကျော့ပြန်တိုက်ပွဲများနှင့် တကျော့ပြန်စစ်ပွဲဖြစ်ပေါ်ခဲ့သည့် (၄) နှစ်မြောက်အထိမ်းအမှတ် တွင် အောက်၌လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများမှ ယခုလိုအလေးအနက်တိုက်တွန်းလိုက်ပါသည်။
မြန်မာအစိုးရအနေဖြင့်-
နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်အသိုင်းအဝိုင်းအနေဖြင့် –
Endorsed by:
Tags: ASEAN, Burma Partership, Human Rights Defenders and Promoters, Kachin State, Kachin Women Peace Network
This post is in: Children and Youth, Displacement, Ethnic Nationalities, Human Rights, Law, Military Regime, Resistance
Related Posts