(20 June, 2015) On this 2015 World Refugee Day, we stand in solidarity with the over 110,000 refugees who fled Burma to seek protection in the nine camps along the Thailand-Burma border, embodying the years of conflict and the struggle for democracy. We call on the United Nations High Commissioner for Refugees (UNHCR), the Burma Government, the international donors, and all parties to respect the 1951 Convention relating to the Status of Refugees and 1967 Protocol Relating to the Status of Refugees, and uphold the rights of all refugees.
Since 2011, there have been rumors and counter-rumors regarding the repatriation of Burma’s refugees. The Government’s rhetoric of transition to democracy, the signing of individual preliminary ceasefire agreements – notably with the Karen National Union (KNU) in 2012 – and the continuing peace talks with ethnic armed organizations have further fueled the discussion of repatriation. These events have led to the decrease in funding and assistance from international donors. This, along with the restriction on movements, is deeply affecting the refugees’ basic daily needs and livelihood. While the people of Burma have not observed the genuine shift towards democracy that dominates the rhetoric both inside and outside of the country, nor a move towards a genuine federal union as promised by the Government, the discussion of repatriation has continued without diverse participation of the refugees and the Community Based Organizations (CBOs) working with the refugee community.
The conditions that led refugees to flee in the first place have yet to be resolved, as initial ceasefires have proven to be fragile and regularly breached. In ceasefire areas, an increased presence of Burma Army troops, in terms of both numbers of personnel and infrastructure, threaten the lives of those who continue to live in fear of conflict. In northern Burma, over 120,000 people have been displaced since 2011 due to the renewed conflict between the Burma Army and the Kachin Independence Army, after the Burma Government breached the 17-year ceasefire agreement. In Karen State, 2,000 people fled to the border in September 2014 as fighting broke out between the Democratic Karen Benevolent Army and the combined force of the Burma Army and the Border Guard Force. As ethnic communities seek refuge from the Burma Army’s relentless offensives, there is no guarantee that fighting will not occur in or spread to locations where refugees may return.
In addition, civil society groups have documented over 100 cases of gang- rape, rape and sexual assault since 2010, particularly in conflict areas committed by the Burma Army with impunity. The Burma Government has failed to address these issues of sexual violence one year after the signing of the Declaration of Commitment to End Sexual Violence in Conflict. Their lack of meaningful action is tantamount to being complicit in the perpetration of these crimes. Perpetrators must be held accountable or these human rights abuses will continue with impunity and refugees will once again be exposed to these crimes upon their return.
A genuine peace process must include structural changes that guarantee the rights and equality of ethnic people through a power sharing agreement between the Burma Government and ethnic armed organizations, which has yet to commence. While the recent peace talks have observed positive developments in the unification and solidarity of the ethnic armed organizations, Burma is still far from achieving the signing of the much-touted nationwide ceasefire agreement (NCA). Premature repatriation under these current conditions will lead to further suffering for refugees who have already experienced persecution and human rights abuses by the Burma Army.
Furthermore, the initial ceasefires and the ongoing peace talks have increased economic investments and development projects that leave ethnic communities vulnerable to exploitive land expropriation. Without adequate mechanisms to prevent private entities and government backed corporations from confiscating land and initiating development projects without genuine and inclusive consultations, refugees will be exposed to displacement and a myriad of human rights violations upon their return. There should be a moratorium on all mega development projects while national laws and mechanisms are revised to fit international standards before refugees can return with the means to provide for their livelihood and to live in dignity.
Refugee return must be truly voluntary and based on durable solutions that are in line with international human rights standards and humanitarian laws that ensure their safety and dignity. Meaningful consultations and diverse participation of refugees and CBOs working with the refugee community in the planning and preparedness of their return is key to their sustainable return. It is vital that women are seen as equal stakeholders, and their participation in the preparation and implementation of refugee return must be ensured. Genuine and timely consultation with the refugees as primary stakeholders is fundamental in deepening the trust and improving communication with the refugee community, paving the way for the provision of clear information as regards to their future. There must be genuine and regular consultations in identifying possible relocation sites as refugees can provide expert local knowledge on this matter.
The timing for refugee return will not be right until the conditions which have led the refugees to flee Burma over the past 30 years are resolved. If Burma hopes to achieve a genuine sustainable peace, it is essential that the voices of refugees are heard and their rights are recognized and respected.
We recommend the Burma Government to:
We recommend international governments, UNHCR, donors and all relevant parties to:
Signed by:
Karen Women Organization
Endorsed by:
Organizations
Individual:
Contact:
ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ မြန်မာ့ဒုက္ခသည်များ၏
အသံနှင့် အခွင့်အရေးများကို လေးစားရန် ကတိပြုရမည်။
ကရင်အမျိုးသမီးအစည်းအရုံး
၂၀၁၅ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း (၉) ခု၌ ကာကွယ်စောင့်ရှောက်မှုခံယူနေသော ဒုက္ခသည် ၁၁၀,၀၀၀ ကျော်နှင့် အတူ ကျွန်ုပ်တို့ သွေးစည်းညီညွတ်စွာ ရပ်တည်နေပါသည်။ ယင်းဒုက္ခသည်များမှာ နှစ်ပေါင်းများစွာ ကြာညောင်းနေပြီဖြစ်သည့် စစ်ပွဲ နှင့် ဒီမိုကရေစီရေးတိုက်ပွဲကို ထင်ဟပ်နေပါသည်။ ကျွန်ုပ်တို့သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး (UNHCR)၊ မြန်မာအစိုးရ၊ နိုင်ငံတကာအလှူရှင်များနှင့် သက်ဆိုင်သူအားလုံးတို့ကို ၁၉၅၁ ခုနှစ် ဒုက္ခသည်အဆင့်အတန်းဆိုင်ရာ ကွန်ဗင်း ရှင်းသဘောတူညီချက်နှင့် ၁၉၆၇ ခုနှစ် ဒုက္ခသည်အဆင့်အတန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့အား လေးစားလိုက်နာရန်နှင့် ဒုက္ခသည်အားလုံး၏ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်အားပေးရန် တောင်းဆိုလိုက်ပါသည်။
၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့်ပတ်သက်ပြီး ကောလဟလများနှင့် တန်ပြန်ကောလဟလများ ပေါ်ထွက်နေခဲ့သည်။ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်းနှင့်ပတ်သက်သည့် အစိုးရ၏ စကားကြီးစကားကျယ်များ၊ တစ်ဖွဲ့ချင်း ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ထိုးမှု အထူးသဖြင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၂၀၁၂ ခုနှစ်၌ လက်မှတ်ထိုးမှု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လုပ်နေမှုတို့သည် နေရပ်ပြန်ပို့ရေးကောလဟလများကို ပိုမိုမီးထိုးပေးခဲ့သည်။ ဤဖြစ်ရပ်များကြောင့် နိုင်ငံတကာအလှူရှင် များထံမှ ငွေကြေးထောက်ပံ့မှုနှင့် အကူအညီများ လျော့ကျခဲ့သည်။ ယင်းအချက်နှင့်အတူ ဒုက္ခသည်တို့၏ သွားလာလှုပ်ရှားမှု များ ကန့်သတ်ချုပ်ချယ်မှုသည်လည်း ဒုက္ခသည်များ၏ အခြေခံနေ့စဉ်လိုအပ်ချက်များနှင့် အသက်မွေးဝမ်းကျောင်းမှုကို ကြီးကြီး မားမားထိခိုက်နေစေသည်။ မြန်မာနိုင်ငံပြည်သူများအနေဖြင့် ပြည်တွင်းပြည်ပကို လွှမ်းမိုးနေသော လေလုံထွားမှုမှအပ စစ်မှန် သည့် ဒီမိုကရေစီကူးပြောင်းရေးကို မတွေ့မြင်ရသေးသလို အစိုးရမှ ကတိပေးထားသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု သို့ ရွေ့ရှားမှုကိုလည်း မတွေ့ရသေးစေကာမူ နေရပ်ရင်းပြန်ပို့ရေး ပြောဆိုဆွေးနွေးချက်များမှာမူ ဒုက္ခသည်များနှင့် ဒုက္ခသည် အသိုင်းအ၀ိုင်းတွင် အလုပ်လုပ်နေသည့် လူထုအခြေပြုအဖွဲ့အစည်း (CBO) တို့၏ နယ်ပယ်စုံပါဝင်ဆောင်ရွက်မှု မရှိဘဲ ဆက်သွားနေကြသည်။
ဒုက္ခသည်များကို ထွက်ပြေးစေခဲ့သည့် မူလပထမအကြောင်းအချက်များမှာ ဖြေရှင်းဖို့လိုနေဆဲ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ပဏာမအပစ်အခတ်ရပ်စဲရေးများသည် မခိုင်မာဘဲ ပုံမှန်ဖောက်ဖျက်ခံနေရသောကြောင့် ဖြစ်သည်။ အပစ်ရပ်နယ်မြေ များတွင် မြန်မာစစ်တပ်များ တိုးများလာမှုမှာ စစ်သည်အရေအတွက်အရသော်လည်းကောင်း၊ အခြေခံအဆောက်အအုံ အရေ အတွက်အရသော်လည်းကောင်း စစ်ပွဲကိုစိုးရိမ်ကြောက်ရွံ့စွာဖြင့် ယင်းနယ်မြေတွင် ဆက်လက်နေထိုင်သူတို့၏ ဘဝများကို ခြိမ်းခြောက်နေသည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် (၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား မြန်မာအစိုးရမှ ချိုးဖျက်ပြီးနောက် မြန်မာစစ်တပ်နှင့် ကချင်ပြည်လွတ်လပ်ရေးတပ်မတော်အကြား အသစ်တဖန် ပြန်လည်တိုက်ခိုက်မှုကြောင့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် လူပေါင်း ၁၂၀,၀၀၀ ကျော် အိုးအိမ်စွန့် ပြေးခဲ့ရသည်။ ကရင်ပြည်နယ်တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ကတစ်ဘက်၊ မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တပ် ပူးပေါင်းအင်အားစုကတစ်ဘက် တိုက်ပွဲများဖြစ်သဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် လူ ၂,၀၀၀ ခန့် နယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။ တိုင်းရင်းသားလူထုများက မြန်မာစစ်တပ်၏ အညှာတာမဲ့ထိုးစစ်များမှ လွှတ်ကင်းရာ တိမ်းရှောင်နေကြရသလို ဒုက္ခသည်များ ပြန်သွားနိုင်သည့် နေရာဒေသများသို့ တိုက်ပွဲ များမဖြစ်နိုင် (သို့မဟုတ်) တိုက်ပွဲများပျံ့နှံ့မလာနိုင်ဟု အာမခံချက် မရှိပေ။
ထို့အပြင် ၂၀၁၀ ခုနှစ်နောက်ပိုင်း အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ တစ်ဦးချင်းမုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာထိုးနှက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ကို အရပ်ဖက်လူမှုအသင်းအဖွဲ့များမှ မှတ်တမ်းတင်ကောက်ယူရရှိခဲ့သည်။ အထူးသဖြင့် ပဋိပက္ခနယ်မြေများတွင် မြန်မာစစ်တပ်မှ ပြစ်ဒဏ်လွတ်ကင်းစွာဖြင့် ကျူးလွန်ခဲ့သည့်အမှုများ ဖြစ်သည်။ မြန်မာအစိုးရသည် စစ်ပွဲအတွင်း လိင်ပိုင်းဆိုင် ရာအကြမ်းဖက်မှု အဆုံးသတ်ရေး ကတိခံဝန်ကြေညာချက်အား လက်မှတ်ထိုးပြီး တစ်နှစ်ကြာသော်လည်း ယင်းလိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေဆဲ ဖြစ်သည်။ ၎င်းတို့ အလေးအနက်လုပ်ဆောင်မှု မရှိခြင်းသည် ယင်းပြစ်မှုများကျူးလွန်ရာတွင် အလိုတူအလိုပါ အဓိပ္ပာယ်ဆောင်နေသည်။ ကျူးလွန်သူများကို တာဝန်ခံခိုင်း ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ယင်းလူ့အခွင့်အရေး ဖောက်ဖျက်မှုများသည် ပြစ်ဒဏ်ကင်းလွတ်လျက် ဆက်ရှိနေမည်ဖြစ်ပြီး ဒုက္ခသည်များ ပြန်လာသည့်အခါ၌ ယင်းပြစ်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည် ဖြစ်သည်။
စစ်မှန်သည့်ငြိမ်းချမ်းရေးလုပ်ငန်းထဲတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား အာဏာခွဲဝေရေး သဘောတူညီချက်မှတဆင့် တိုင်းရင်းသားလူမျိုးတို့၏ အခွင့်အရေးများနှင့် တန်းတူမှုကို အာမခံသော ဖွဲ့စည်း တည်ဆောက်မှု အပြောင်းအလဲများ ပါရှိရမည် ဖြစ်သည်။ ယင်းကဲ့သို့သော သဘောတူညီချက်မှာ ရမလာသေးပေ။ မကြာသေး မီက မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းမှုနှင့် သွေးစည်းမှုပိုင်းတွင် တိုးတက်သည့်ဖြစ်ထွန်းမှုများ တွေ့ခဲ့ရသော်လည်း အထူးအမွှန်းတင်နေကြသည့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အား အောင်မြင်စွာ လက်မှတ်ထိုးနိုင်ရန်မှာမူ ဝေးနေသေးသည်။ ဤလက်ရှိ အခြေအနေများအောက်တွင် အချိန်မတန်မှီ နေရပ်ရင်းပြန်ပို့ခြင်းသည် မြန်မာစစ်တပ်၏ နှိပ်ကွပ်မှုနှင့် လူ့အခွင့်အရေး ဖောက် ဖျက်မှုများ ကြုံတွေ့ခဲ့ပြီးသော ဒုက္ခသည်များအတွက် နောက်ထပ်ဒုက္ခရောက်စေမည်သာ ဖြစ်သည်။
ထိုမျှသာမက ပဏာမအပစ်အခတ်ရပ်စဲမှုများနှင့် လုပ်နေဆဲငြိမ်းချမ်းရေးဆွေးနွေးပွဲများက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ နှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို တိုးမြှင့်လာစေရာ တိုင်းရင်းသားလူထုများမှာ မြေယာသိမ်းဆည်းခံရပြီး သွေးစုတ်ခံရဖို့ ထိခိုက်လွယ် သွားစေသည်။ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့များနှင့် အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီများက စစ်မှန်ပြီး အများပါဝင်သည့် တိုင်ပင်ညှိနှိုင်းမှုများ မရှိဘဲ မြေယာများသိမ်းဆည်းခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ စတင်ခြင်းကို ကာကွယ်တားဆီးနိုင်ရန် လုံလောက်သည့်ယန္တရားစနစ်များ မရှိသဖြင့် ဒုက္ခသည်များ ပြန်လာသည့်အခါ၌ အိုးအိမ်စွန့်ရမှုနှင်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုတသီကြီးနှင့် ထပ်ရင်ဆိုင်ရဖို့ ရှိနေသည်။ ဒုက္ခသည်များ အသက်မွေးဝမ်းကျောင်းရေး နှင့် သိက္ခာရှိစွာ နေရင်းပြန် နိုင်ရေးအတွက် ပြန်မလာနိုင်သေးမီ အမျိုးသားဥပဒေများနှင့် ယန္တရားများကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ပြင်ဆင် နေသည့်အချိန်တွင် ဧရာမဖွံ့ဖြိုးရေး စီမံကိန်းကြီးများအားလုံးကို ရပ်တန့်ထားသင့်သည်။
ဒုက္ခသည်များ ပြန်လာခြင်းသည် လုံးဝပင် မိမိဆန္ဒအရဖြစ်ရမည်၊ မိမိတို့၏လုံခြုံဘေးကင်းရေးနှင့် ဂုဏ်သိက္ခာတို့ကို အာမခံသော နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများ၊ လူသားချင်းစာနာရေး ဥပဒေများနှင့်ဆီလျော်သည့် တာရှည်ခံ ဖြေရှင်းချက်များအပေါ် အခြေခံရမည်။ နေရပ်ပြန်ရေး စီစဉ်ပြင်ဆင်ရာတွင် ဒုက္ခသည်များနှင့်လည်းကောင်း၊ ဒုက္ခသည်အသိုင်းအဝိုင်းအတွင်း လုပ်ကိုင် နေသည့် CBO များနှင့်လည်းကောင်း အလေးအနက် တိုင်ပင်ညှိနှိုင်းခြင်း၊ နယ်ပယ်စုံ ကဏ္ဍစုံ ပါဝင်ဆောင်ရွက်ခြင်းသည် ၎င်းတို့ နေရပ်ပြန်မှု ရေရှည်တည်တံ့ရေးအတွက် သော့ချက်ဖြစ်သည်။ အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူသည့် အကျိုးစီးပွား ပတ်သက်သူများအဖြစ် ရှုမြင်ရန် အဓိကကျပြီး ဒုက္ခသည်ပြန်ရေး ပြင်ဆင်ရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ရာတွင် လည်းကောင်း သူတို့၏ပါဝင်ဆောင်ရွက်ခွင့်ကို အာမခံရမည် ဖြစ်သည်။ ဒုက္ခသည်များကို အခြေခံအကျိုးစီးပွား သက်ဆိုင် သူများအဖြစ် အချိန်နှင့်တပြေးညီ အမှန်တကယ်တိုင်ပင်ညှိနှိုင်းခြင်းသည် ဒုက္ခသည်အသိုင်းအဝိုင်းနှင့် ယုံကြည်မှုခိုင်မာရေး၊ ဆက်သွယ်မှုတိုးတက်ရေးအတွက် အရင်းခံဖြစ်ပြီး ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ သတင်းအချက်အလက် ရှင်းရှင်း လင်းလင်းပေးနိုင်ရန် လမ်းခင်းပေးခြင်း ဖြစ်သည်။ ဖြစ်နိုင်စရာရှိသည့် ပြန်လည်အခြေချနေရာများ ဖော်ထုတ်သတ်မှတ်ရာတွင် ဒုက္ခသည်များအနေဖြင့် ဒေသန္တရဗဟုသုတ ကျွမ်းကျွမ်းကျင်ကျင်ပေးနိုင်သဖြင့် စစ်မှန်သည့်တိုင်ပင်ညှိနှိုင်းမှုများ ပုံမှန်ရှိရပါမည်။
ဒုက္ခသည်များကို လွန်ခဲ့သည့် နှစ် (၃၀) အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာစေခဲ့သည့် အကြောင်းအချက်များ မပြေလည်သေး သရွေ့ ၎င်းတို့အိမ်ပြန်ဖို့ အချိန်တန်ဦးမည် မဟုတ်ပေ။ မြန်မာနိုင်ငံအနေဖြင့် စစ်မှန်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး အောင်မြင်ထမြောက်လိုပါက ဒုက္ခသည်တို့၏အသံများ နားထောင်ရန်နှင့် ၎င်းတို့၏အခွင့်အရေးများအား အသိအမှတ်ပြု လေးစားရန် မဖြစ်မနေ လိုအပ်ပေသည်။
မြန်မာအစိုးရအား ကျွန်ုပ်တို့မှ အောက်ပါအတိုင်း အကြံပြုတိုက်တွန်းပါသည် –
နိုင်ငံတကာအစိုးရများ၊ UNHCR ၊ အလှူရှင်များနှင့် သက်ဆိုင်သူအားလုံးတို့ကို ကျွန်ုပ်တို့မှ အောက်ပါအတိုင်း အကြံပြု တိုက်တွန်းပါသည် –
လက်မှတ်ထိုးထုတ်ပြန်သူ
Karen Women Organization
ထောက်ခံလက်မှတ်ထိုးသူများ
Organizations
Individual:
ဆက်သွယ်ရန်
This post is in: Displacement, Ethnic Nationalities, Human Rights, Women
Related Posts