Originally appeared in 7day Daily
August 31, 2015By သက်အောင်
မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူ များကို အစိုးရအာဏာပိုင်အဖွဲ့အ စည်းများက ယခုအချိန်အထိ လိုက်လံစောင့်ကြပ်နှောင့်ယှက်မှု များရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP-BP)မှ သတင်းရရှိသည်။
အစိုးရအာဏာပိုင်အဖွဲ့အ စည်းများက လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများကို အ သက်အန္တရာယ်ခြိမ်းခြောက်ခြင်း၊ တားဆီးနှောင့်ယှက်ခြင်းများပြု လုပ်ခဲ့ကြောင်း AAPP-BP နှင့် မြန်မာ့အရေး ပူးပေါင်းဆောင် ရွက်သူများ(BP)တို့ ပူးပေါင်းပြု စုထားသည့် လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများအခြေ အနေနှင့်သင့်လျော်သည့်ကာ ကွယ်စောင့်ရှောက်ရေးယန္တရား များအကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘ကာကွယ်စောင့်ရှောက်သူ တွေ အခက်အခဲနဲ့ကြုံတွေ့ရတာ တစ်နေရာနဲ့ တစ်နေရာ မတူပါ ဘူး။ တချို့နေရာတွေမှာဆို အ သက်အန္တရာယ်ခြိမ်းခြောက်ခံရမှု တွေရှိတယ်။ တချို့နေရာတွေမှာ အာဏာပိုင်အဖွဲ့တွေက တားဆီး နှောင့်ယှက်တာတွေရှိတယ်’’ဟု AAPP-B အဖွဲ့မှ ရန်ကုန်ရုံး တာ ဝန်ခံ ကိုအောင်မျိုးကျော်က ပြော သည်။
ထို့ပြင် အချို့လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ သည် ၎င်းတို့၏လက်ကိုင်ဖုန်းများ သို့ ဖုန်းမက်ဆေ့ခ်ျမှတစ်ဆင့် စာ ပေးပို့ ခြိမ်းခြောက်ခံရမှုများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။
အစိုးရအာဏာပိုင်အဖွဲ့အ စည်းများ၏တားဆီးခြိမ်းခြောက် ခံရမှုနှင့်ပတ်သက်၍ Triangle အမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ခင်လေးက ‘‘အစိုးရအဖွဲ့က တစ်ဖက်က ဥပဒေတွေ၊ နည်းဥပ ဒေတွေ ထုတ်နေပြီးတော့ တစ် ဖက်က အရင်အာဏာရှင်ပုံစံအ တိုင်း လူ့အခွင့်အရေးလှုပ်ရှားသူ တွေကို တားဆီးနေတာဟာ ဒါ ကောင်းတဲ့ အလားအလာမဟုတ် ဘူး။ ပြည်သူလူထုနဲ့ သဟဇာတ ဖြစ်အောင် လုပ်ဖို့လိုတယ်’’ဟု သုံးသပ်သည်။
လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများကို နှောင့် ယှက်ထိပါးကာ နောက်ယောင်ခံ လိုက်ခြင်းမှ ရပ်တန့်ပေးရန်နှင့် လူ့အခွင့်အရေးဆောင်ရွက်သူ များအား မတရားအပြစ်ပေးအ ရေးယူထားခြင်းမှ ပြန်လွှတ်ပေး ရန် စသည့်အချက်တို့ကို အဆိုပါ အစီရင်ခံစာတွင် ဖော်ပြတောင်း ဆိုထားကြောင်း ညီမျှခြင်းမြန်မာ အဖွဲ့မှ ဦးအောင်မျိုးမင်းက ပြော သည်။
‘‘လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတွေကို အစိုးရက ရန်သူအဖြစ် သတ်မှတ်ပြီး နှောင့် ယှက်ရုံတင်မကဘဲ ဆိုရှယ်မီဒီ ယာကနေလည်း အပုပ်ချတိုက် ခိုက်တာတွေကြောင့် အထူးသ ဖြင့် အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက် လာတာတွေ့ရတယ်’’ဟု ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်အရေးကူညီစောင့်ရှောက်သူ များ ကြေညာစာတမ်းတွင် လူ့အ ခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင် ရွက်သူများသည် လူသားအခွင့် အရေးဖြစ်သည့် အသင်းအပင်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်၊ စီတန်းလှည့် လည်ခွင့်နှင့် အစိုးရအဖွဲ့၌ ပါဝင် ခွင့်ပြုထားကြောင်း သိရသည်။
‘‘နိုင်ငံတကာမှာဆိုရင် ဒီလူ့ အခွင့်အရေးကာကွယ်စောင့် ရှောက်တဲ့ကိစ္စဆိုတာက အစိုးရ အာဏာပိုင်အဖွဲ့အစည်းမပါဘဲနဲ့ လုပ်ဆောင်ရတာ ဘယ်လိုမှ အ ဆင်မပြေနိုင်ပါဘူး။ အစိုးရအဖွဲ့ ပူးပေါင်းပါဝင်ဖို့လိုတယ်’’ဟု ကိုအောင်မျိုးကျော်ကပြောသည်။
၂၀၁၅ နှစ်ဆန်းပိုင်းမှ စ တင်၍ ကချင်၊ ရှမ်း၊ မကွေး၊ ရန် ကုန်၊ ရခိုင်ပြည်နယ်တို့ရှိကာကွယ် စောင့်ရှောက်သူဦးရေ ၆၀ ခန့် အား တွေ့ဆုံမေးမြန်းခဲ့ကာ အဆို ပါအစီရင်ခံစာကို ရေးသားပြုစုခဲ့ ခြင်းဖြစ်သည်။
ယင်းအစီရင်ခံစာကို မြန်မာ နိုင်ငံ လူ့အခွင့်အရေးကော်မရှင် အပါအဝင် နိုင်ငံတကာအဖွဲ့အ စည်းများ၊ နိုင်ငံတကာ သံတမန် အဖွဲ့များနှင့် ကုလသမဂ္ဂထံသို့ တင်ပြမည်ဖြစ်ကြောင်း သိရ သည်။
မူရင်းသတင်းကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
This post is in: News Clip