မြန်မာ့နိုင်ငံရေးသမိုင်းစဉ်တစ်လျောက်တွင် အမျိုးသမီးများသည် အခြားသောနိုင်ငံများနည်းတူ ရွေး ကောက်ခံကိုယ်စားလှယ်၊ မဲပေးသူ၊ ကိုယ်စားလှယ်လောင်း၊ နှင့် တက်ကြွနိုးကြားမှုရှိသော နိုင်ငံသားများအဖြစ်ဖြင့် ပါဝင်နေခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးရရှိသော ကိန်းဂဏန်း များအရ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးလွှတ်တော် နှစ်ရပ် စလုံး၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၅၃ ဦး (၄.၆%) ပါဝင်ပြီး ပြည်သူ့လွှတ်တော်တွင် ၂၅ ဦး (၇.၈%)၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး (၂.၄%)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် တွင် ၂၄ ဦး (၃.၆%) ရှိသည်ဖြစ်ရာ ကျားမတန်းတူညီမျှရေးအတွက် အနိမ့်ဆုံးလိုအပ်ချက်ဖြစ် သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်း ၃၀% ပြည့်မှီရန် များစွာလိုပါသေးသည်။
အမျိုးသမီးအဖွဲ့အစည်းများ၊ ကျားမတန်းတူညီမျှရေး လှုတ်ရှားဆောင်ရွက်ကြသည့်အဖွဲ့အစည်း များ၊ အမျိုးသမီးများနိုင်ငံရေးလှုတ်ရှားမှုအပါအ၀င်ကွန်ယက်များ၊ နှင့် အမျိုးသမီးရေးတက်ကြွ လှုတ်ရှားသူများသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအား မြန်မာ့နိုင်ငံရေး၏ (တစ်နည်း အားဖြင့် ဒီမိုကရေစီတည်ဆောက်ရေး၏) အရေးကြီးသောအချိုးအကွေ့အဖြစ်သာမက အမျိုး သမီးများနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် ကိုယ်စားပြုမှုတိုးမြင့်လာခြင်းဖြင့် အမျိုးသမီးအခွင့်အရေးများ လက်တွေ့ကျင့်သုံးရယူခံစားနိုင်ရေးအတွက် အရေးပါသောအလှည့် အပြောင်းအဖြစ် ရှုမြင်ကြသည်။
အစီရင်ခံစာအပြည့်အစုံ မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
Tags: 2015 Elections, ASEAN, Democracy, Economy, Human Rights, Socio-Economic and Gender Research Institute, WomenThis post is in: 2015 Burma Elections, ASEAN, Crimes Against Humanity, Economy, Ethnic Nationalities, Health, Human Rights, International Relations, Law, Military Regime, Political Prisoners, Resistance, Women
Related Posts