Maran Lu Ra (age 20) and Tangbau Hkwan Nan Tsin (age 21) started working as Kachin Baptist Convention (KBC) volunteer teachers in Kawnghka Village, Muse Township, Northern Shan State, in June 2014. While working in the village, on 19 January, 2015, they were gang-raped, inhumanly tortured and brutally murdered with multiple stab wounds in their home inside the village churchyard. Today, 19 January, 2016, is exactly one year since the incident.
Kawnghka Village has only 28 households and is situated in government-controlled territory. No government troops, ethnic armed groups or militia groups were based there. On the fateful day of 19 January, 2015, about 50 government troops from the Kyaukme-based Light Infantry Battalion 503 arrived and took up positions in the village. The government troops temporarily resided at four houses in the village. The house where the crime occurred was about 100 yards away from the four houses temporarily taken up by the army but well inside its 200-yard security perimeter.
To find out the truth about the two female teachers’ case, KBC formed a committee to conduct investigations. When KBC asked the President to officially recognize the 15-member committee and acknowledge its power and mandate, President Office Minister, U Aung Min, accepted its cooperation.
The Criminal Investigation Department (CID), Lashio Police Force and Muse Police Force are undertaking the investigation regarding the case. However, many flaws were found in the police work following the case. In particular, the police did not arrange for the forensic doctor to do a post-mortem examination of the two teachers’ corpses. Additionally, they did not systematically collect evidence in accordance with the established procedures. They also violated the Code of Criminal Procedure when sending evidence to relevant departments. Moreover, when the KBC Investigation Team asked the police about the evidence, the latter gave two differing answers. They first answered that they had sent the evidence to the lab but next time they replied that the evidence had been damaged or lost. Though the evidence could have been utilized by the testing them in the lab to discover the true culprit, no findings have come out till this day.
In addition, all testimonies and findings obtained by the police have to be submitted to the Tactical Operations Commander, Col. Htun Naing Oo, but the army prevented villagers from taking photos and records of the crime scene, also destroying already documented information. Instead of finding out the truth, the police even accused the KBC Investigation Team of poor cooperation. Currently, the police are trying to pin the crime on two young Kachin men from Kawnghka Village.
Although the crime occurred exactly one year ago, no real culprit has been found. Hence, truth and justice remain elusive for the two teachers and their remaining families.
Since this horrendous crime happened, many such cases of sexual assault, torture and murder of women have continued in ethnic regions in the proceeding year.
For instance:
Inability to find the true culprits in such a dreadful case of the two teachers from Kawnghka Village, as well as continued occurrences of similar offences results in terrible concern for women, especially for the life and security of ethnic women living in armed conflict areas and ethnic regions where rule of law is weak. In effect, it is also encourages further abuses in all places and emboldens perpetrators to commit crimes again and again. In such a time as this of striving for peace by all means, guaranteeing women’s lives and security is the utmost requirement. Otherwise, achieving genuine peace and lasting national reconciliation will still be far away.
Therefore, we civil society organizations call for prompt execution of the following demands:
Signed by:
Individuals:
Media Contact Persons:
[1] http://kachinlandnews.com/?p=25319 and http://reliefweb.int/report/myanmar/myanmar-investigate-alleged-rape-and-killing-two-kachin-women
[2] http://www.dvb.no/news/soldier-sentenced-in-attempted-rape-case-burma-myanmar/54717
[3] http://shanhumanrights.org/index.php/news-updates?start=18
Download the statement in English here.
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း တရားခံမပေါ်သေးသည့် ကောင်းခါးရွာမှ ဆရာမလေးနှစ်ဦး၏ အမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
မရန်လုရာ (၂၀ နှစ်) နှင့် တန်ဘောင်ခေါန်နန်စင် (၂၁ နှစ်) တို့သည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (Kachin Baptist Convention- KBC) မှ စေလွှတ်တာဝန်ပေးမှုအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကောင်းခါး ကျေးရွာတွင် ၂၀၁၄ ခုနှစ် ဇွန်လမှစ၍ စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ်ကာလ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဆရာမ နှစ်ဦးသည် ကောင်းခါးကျေးရွာရှိ ဘုရားရှိခိုးကျောင်းဝန်းအတွင်းရှိ ၎င်းတို့၏ အိပ်ခန်းအတွင်း၌ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် အုပ်စုလိုက်မုဒိန်းပြုကျင့်ကာ ဓါးဒဏ်ရာအချက်ပေါင်းများစွာနှင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ယနေ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့သည် ထိုအမှု ဖြစ်ပွားခဲ့သည့် တစ်နှစ်တင်းတင်း ပြည့်သည့်နေ့ ဖြစ်ပါသည်။
ထိုကောင်းခါးကျေးရွာကလေးသည် အစိုးရထိန်းချုပ်နေမြေအတွင်းရှိ အိမ်ခြေ ၂၈ အိမ်သာရှိသည့် ရွာလေး ဖြစ်ပြီး မည်သည့် အစိုးရစစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၊ ပြည်သူ့စစ်တို့မှ အခြေစိုက်ခြင်း မရှိသည့် နေရာဖြစ်ပါသည်။ အခင်းဖြစ်ပွားသည့်နေ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျောက်မဲ အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း (၅၀၃) မှ တပ်သား ၅၀ ခန့် ပါဝင်သည့် တပ်ဖွဲ့မှ ကျေးရွာအတွင်း လာရောက် တပ်စွဲ ခဲ့သည်။ အစိုးရစစ်တပ်သည် ရွာသားများ၏ နေအိမ်လေးအိမ်တွင် ယာယီတပ်စွဲစခန်းချခဲ့သည်။ အခင်းဖြစ်ရာ နေအိမ်သည် စစ်တပ်မှ ယာယီစခန်းချထားသည့် အိမ်လေးအိမ်နှင့် ကိုက် (၁၀၀) ခန့်ကွာဝေးပြီး စစ်တပ်က လုံခြုံရေးချထားသည့် ကိုက် (၂၀၀) အဝန်းအဝိုင်းအတွင်း ကျရောက်သည်။
ဤဆရာမလေးနှစ်ဦး၏ အမှုမှန် ပေါ်ပေါက်လာစေရေးအတွက် KBC မှနေ၍ ကော်မတီဖွဲ့ကာ စုံစမ်းမှုများ ပြုလုပ်လျက်ရှိပြီး အဖွဲ့ဝင် ၁၅ ဦးပါသည့် ထိုကော်မတီကို အစိုးရမှ တရားဝင် အသိအမှတ်ပြုရေး အပါအဝင် လုပ်ပိုင်ခွင့်နှင့် တာဝန်များအတွက် သမ္မတထံ စာတင်ခဲ့ကြသည့်အခါ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ပူးပေါင်းဆောင်ရွက်ရေးအား လက်ခံခဲ့သည်။
အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (CID)၊ လားရှိုး ရဲတပ်ဖွဲ့နှင့် မူဆယ် ရဲတပ်ဖွဲ့များမှ ဖြစ်စဉ်အား အမှုမှန် ဖော်ထုတ်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အမှုဖြစ်ပြီး နောက်ပိုင်း ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များတွင် အားနည်းချက်များစွာ ရှိနေသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ဆရာမလေးနှစ်ဦး၏ အလောင်းများအား မှုခင်းဆရာဝန်က ခွဲစိတ်စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့မှ စီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းမရှိပါ။ သက်သေခံ အထောက်အထားများအား စုဆောင်းရာတွင် သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ လုပ်ဆောင်မှုလည်း မပြုခဲ့ပါ။ သက်သေခံ အထောက်အထား များအား သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်ရာတွင်လည်း လုပ်ထုံးလုပ်နည်းဥပဒေအား ချိုးဖောက်မှုများ ပြုခဲ့သည်။ ထို့အပြင် ထိုသက်သေခံချက်များနှင့် ပတ်သက်၍ KBC စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ရဲတပ်ဖွဲ့ များအား မေးမြန်းခဲ့ရာတွင် ၎င်းတို့မှမတူကွဲပြားသည့် အဖြေနှစ်ခုကို ဖြေကြားခဲ့သည်။ ပထမအဖြေမှာ ဓါတ်ခွဲ စမ်းသပ်ခန်းသို့ ပို့ဆောင်လိုက်ပြီဟူ၍ဖြစ်ပြီး အခြားအဖြေမှာ ပျက်စီး၊ ပျောက်ဆုံးသွားပြီ ဟူ၍ဖြစ်သည်။ ထို သက်သေခံ အထောက်အထားများအား အသုံးပြုပြီး ဓါတ်ခွဲခန်းတွင် တင်ပို့စစ်ဆေးကာ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ချေရှိသော်လည်း ယနေ့အချိန်ထိ မည်သည့်အဖြေတစ်စုံတစ်ခုမျှ ထွက်ပေါ်လာခြင်း မရှိသေးပါ။
ထိုမျှသာမက ရဲတပ်ဖွဲ့မှရရှိထားသည့် ထွက်ဆိုချက်များ၊ တွေ့ရှိချက်များ အားလုံးကို ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းနိုင်ဦးထံ တင်ပြပေးအပ်ခဲ့ရသည့်အပြင် အခင်းဖြစ်စဉ်အတွက် ရွာသားများမှ မှတ်တမ်းယူခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းများကို တပ်မတော်မှတားမြစ်ခြင်း မှတ်တမ်းတင်ထားပြီးဖြစ်သော သတင်းအချက်အလက် များအား ဖျက်ဆီးစေခြင်းများလည်း ရှိခဲ့သည်။ ရဲတပ်ဖွဲ့သည် ၎င်းတို့ကိုယ်တိုင် အမှုမှန် ဖော်ထုတ်ပေးရမည့်အစား KBC စုံစမ်းရေး အဖွဲ့ကိုပင် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း တန်ပြန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ အခြေအနေတွင် ရဲတပ်ဖွဲ့သည် ကောင်းခါးရွာသား ကချင်လူငယ်နှစ်ဦးအား တရားခံများအဖြစ် ပုံချစွပ်စွဲရန် ကြိုးပမ်းလျက်ရှိသည်။
ဤအမှု ဖြစ်ပွားခဲ့သည်မှာ ယခုအချိန်တွင် တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တရားခံ အစစ်အမှန်အား ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ပါ၍ ဆရာမလေးနှစ်ဦးနှင့် ကျန်ရစ်သူ မိသားစုဝင်များ၏ နစ်နာခဲ့ရမှုများ အတွက် အမှန်တရားနှင့် တရားမျှတမှုရရှိရန်မှာ အလှမ်းဝေးလျက် ရှိနေသေးသည်။
ဤဆရာမလေးနှစ်ဦးအပေါ်ကျူးလွန်သည့် ရွံရှာဖွယ်ပြစ်မှုကြီး ဖြစ်ပွားပြီးသည့် နောက်ပိုင်း တစ်နှစ်အတွင်း တိုင်းရင်းသား ဒေသများတွင် အမျိုးသမီးများအပေါ် အလားတူ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် နှိပ်စက် သတ်ဖြတ်သည့် ပြစ်မှုများလည်း များစွာ ဆက်လက် ဖြစ်ပွားလျက်ရှိနေပါသည်။
ဥပမာအားဖြင့်-
(၁) ၂၀၁၅ ခုနှစ်နှစ် ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ္မတူမြို့နယ် ခုဖြက်ကျေးရွာ အုပ်စု ခုမော်ကျေးရွာတွင် အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးအား တပ်မ ၇၇ မှ တပ်သားတစ်ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ အသက်ပါ သေစေနိုင်မည့် ညှဉ်းပမ်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည်။[1]
(၂) ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နမ့်လန် ကျေးရွာတွင် ၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က အစိုးရစစ်တပ် ခမရ ၄၃၈ မှ တပ်သားတစ်ဦးဖြစ်သူ ဇော်မျိုးအေး (ကိုယ်ပိုင်နံပါတ် T/454138) သည် အသက် ၇၃ နှစ်အရွယ်ရှိ ဒေသခံအမယ်အိုကြီးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုကျင့်ရန် ကြိုးပမ်း ခဲ့သည်။ ရွာသားများမှ ထိုစစ်သားအား ပြစ်မှုကျူးလွန်နေစဉ်မှာပင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ထိုစစ်သားမှာ ညအချိန် ပိုင်နက်ကျူးလွန်မှုဖြင့်သာ စစ်ခုံရုံးတွင် အစစ်ခံခဲ့ရသည်။[2]
(၃) ၂၀၁၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၌ အသက် ၂၈ နှစ်အရွယ် ရှမ်းအမျိုးသမီးတစ်ဦးသည် အဓမ္မပြုကျင့်ခံရပြီး ဥစ္စာပစ္စည်းများလုယူခံရကာ ခလရ (၂၄၉) တပ်ရင်း၏ တပ်သားများ စတည်းချရာ နေရာအနီးတွင် အသက်ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုသို့ဖြစ်ပြီးနောက် တပ်မတော်မှ အရာရှိများသည် ၎င်းတို့၏ တပ်သားတစ်ဦးနှင့် အတူရောက်ရှိလာကာ ထိုတပ်သားအား လူထုရှေ့တွင် ရိုက်နှက်အပြစ်ပေးပြီး သေဒဏ်ပေးမည်ဟုပါ ထုတ်ဖော်ကြေညာခဲ့သည်။ တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်းကိုယ်တိုင်လည်း တောင်ကြီးမှ လာရောက်ကာ အသတ်ခံရသူ အမျိုးသမီး၏ ခင်ပွန်းကို ငွေနှင့် အစားအသောက်များ ပေးအပ်ခဲ့သည်။[3]
ဤကဲ့သို့ ဆိုးရွားသော ပြစ်မှုကြီးတစ်ခုဖြစ်သည့် ကောင်းခါးရွာမှ ဆရာမနှစ်ဦး အရေးကိစ္စကို အမှုမှန် မဖော်ထုတ်နိုင်ခြင်း၊ အလားတူကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းတို့သည် အမျိုးသမီးထုအတွက်၊ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသောနေရာများ၊ တရားဥပဒေစိုးမိုးမှု အားနည်းသည့် တိုင်းရင်းသား ဒေသများတွင် နေထိုင်ရသော တိုင်းရင်းသူများ၏ ဘဝလုံခြုံမှုအပေါ် အလွန်စိုးရိမ်ဖွယ် ဖြစ်စေသည့်အပြင် မည်သည့်နေရာတွင်မဆို အလားတူကျူးလွန်မှုများ ထပ်မံဖြစ်ပွားလာစေရန်နှင့် ပြစ်မှုကျူးလွန်သူများမှ ကျူးလွန်မှုများ ထပ်မံပြုလုပ်ရန်အတွက် အားပေးအားမြောက် ပြုရာရောက်နေပါသည်။ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်ရန် အဘက်ဘက်မှ ကြိုးပမ်းနေသည့်ကာလတွင် အမျိုးသမီးများ၏ ဘဝလုံခြုံမှုအတွက် အာမခံချက်သည် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့မဟုတ်ပါက စစ်မှန်သည့် ငြိမ်ချမ်းရေးနှင့် ရေရှည်ခိုင်မြဲသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ရရှိရန်အတွက် အလှမ်းဝေး နေဦးမည် ဖြစ်သည်။
ထို့ကြောင့် အောက်ဖော်ပြပါ တောင်းဆိုချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ကျွန်ုပ်တို့ အရပ်ဖက်လူထုအဖွဲ့အစည်းများမှ တောင်းဆိုလိုက်ပါသည်။
(၁) ကောင်းခါးရွာမှ ဆရာမလေးနှစ်ဦး၏အမှု အဖြစ်မှန်ပေါ်ပေါက်လာရေးအတွက် KBC အား ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း တရားဝင် စုံစမ်းစစ်ဆေးရေး လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းရန်။
(၂) နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်အလက် စုဆောင်းရေး ကော်မရှင် (International Humanitarian fact finding commission- IHFFC) ကို မေတ္တာရပ်ခံဖိတ်ခေါ်ပြီး အမှန်တရားဖော်ထုတ်ရန်အတွက် လာရောက်စုံစမ်းစစ်ဆေးပေးရေးကို ဆောင်ရွက်သွားရန်။
(၃) NLD အစိုးရသစ် ပေါ်ပေါက်လာလျှင်လည်း အဆိုပါအစိုးရအဖွဲ့အနေဖြင့် အထက်ပါ အချက် (၂) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန်။
ထောက်ခံလက်မှတ်ထိုး တောင်းဆိုသော အဖွဲ့များ –
တစ်ဦးချင်းအလိုက် ပါဝင် ထောက်ခံ လက်မှတ်ရေးထိုး တောင်းဆိုသူများ-
အသေးစိတ်သိလိုပါက ဆက်သွယ်ရန်-
၁။ ဒေါ် မေစံပါယ်ဖြူ (Kachin Women Peace Network) +၉၅ ၉၄၂-၁၁၇-၀၇၈၃
၂။ မယ်စုစုဆွေ (Women’s’ League of Burma/ Tavoy Women’s Union) +၉၅ ၉၄၂-၅၀၂-၇၆၈၁
၃။ ဂျူလီယာ မာရစ်(ပ်) (Women’s League of Burma/ Kachin Women’s Association Thailand) +၆၆ ၉၀၇ ၅၀၄-၉၆၀
[1] http://kachinlandnews.com/?p=25319 and http://reliefweb.int/report/myanmar/myanmar-investigate-alleged-rape-and-killing-two-kachin-women
[2] http://www.dvb.no/news/soldier-sentenced-in-attempted-rape-case-burma-myanmar/54717
[3] http://shanhumanrights.org/index.php/news-updates?start=18
သဘောထားကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။
This post is in: Press Release
Related Posts