သို့
ဦးထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေ့စွဲ ။ ။ ၂၀၁၆ ခုနှစ် မေလ ၃ ရက်
လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီး
အောက်ဖော်ပြပါ လက်မှတ်ရေးထိုးထားသည့် အရပ်ဘက်လူထု အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော အစိုးရသစ်မှ နိုင်ငံရေးအကျဉ်းသားများနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး တရားရင်ဆိုင်နေရသော ကျောင်းသား ကျောင်းသူအများစုကို ဧပြီလ အတွင်း လွှတ်ပေးခဲ့သည်ကို လှိုက်လှဲဝမ်းမြောက်စွာ ကျေးဇူးတင်ကြိုဆိုကြောင်း ဦးစွာပြောကြားလိုပါသည်။ ထိုသို့ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းသည် အတိတ်ကာလတွင် ကျင့်သုံးခဲ့သည့် ဖိနှိပ်အုပ်ချုပ်မှုပုံစံများမှ ခွဲထွက်လာခြင်းကို ပြသနေပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ဖော်ဆောင်ရန် အစိုးရသစ်အနေနှင့် သံဓိဌာန်ချထားသည်ကိုလည်း ပေါ်လွင် စေပါသည်။ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား ကျင့်သုံးခြင်းကြောင့် မြန်မာနိုင်ငံတွင် မည်သူမျှ အပြစ်ပေး အရေးယူခံရခြင်းမရှိရန် အာမခံနိုင်ရေးအတွက် ဖိနှိပ်သည့်ဥပဒေများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ တင်သွင်းခဲ့သည့်အကြံပြုချက်ကဲ့သို့ ပြုပြင် ပြောင်းလဲရေးများကို လတ်တလော စတင်လုပ်ဆောင်နေသည့် အတွက်ကြောင့်လည်း မိမိတို့အနေဖြင့် များစွာ အားတက်မိပါသည်။
ယခုကဲ့သို့ကြည်နူးဝမ်းမြောက်ဖွယ် အခြေအနေ တွေ့မြင်ရသော်လည်း လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားမှာ မတရားပုဒ်မများတပ်၍ ပြစ်ဒဏ်ချခံရမှုများကြောင့် အကျဉ်းထောင်များအတွင်း ဆက်လက်ချုပ်နှောင်ခံနေရဆဲ ရှိနေသေးသည်ကိုလည်း မိမိတို့မှသတိပြုမိပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ကြီးမားသော လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများ ဆက်လက်ရှိနေသေးသည့်အပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပန်းတိုင် ရောက်ရှိရန်အတွက် တာဝန်ယူမှု တာဝန်ခံမှုနှင့် ကာကွယ်စောင့်ရှောက်ရေးယန္တရားများ ဖော်ဆောင်ရန်လည်း အရေးတကြီးလိုအပ်နေသည်ဟု မိမိတို့ ယုံကြည်ပါသည်။
ထိုသို့သောအခြေအနေတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနှင့် လူ့အခွင့်အရေးစံနှုန်းနှင့် ညီသော ကောင်းမွန်သည့်အုပ်ချုပ်မှုတို့အတွက် အထောက်အကူပြုနိုင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အရေးပါသော အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ရှိနေပါသည်။ ကော်မရှင်သည် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရန်နှင့် မြှင့်တင်ရန်၊ တိုင်းပြည်၏ လူ့အခွင့်အရေးအခြေအနေအား တရားဝင် အတည်တကျ ကိုင်တွယ် ဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် အစိုးရမှဖွဲ့စည်းပေးထားသည့် တစ်ခုတည်းသော နိုင်ငံတော်အဆင့် အဖွဲ့အစည်း ဖြစ်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လက်ရှိအခြေအနေသည် အားနည်းချက်များ ပြည့်နှက်နေသည့် အခြေအနေတွင် ရှိနေပါသည်။ လက်တွေ့အကျိုးသက်ရောက်မှု အနည်းငယ်သာရှိပြီး ထိရောက်မှုမရှိ၊ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးနိုင်ရန် အဆင့်မရှိသည့် အနေအထားသို့ ရောက်ရှိနေပါသည်။ နိုင်ငံအဆင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များအား အရည်အချင်း စစ်ဆေး သုံးသပ်သည့် နိုင်ငံတကာအဖွဲ့ (International Coordinating Committee – Subcommittee on Accreditation – ICC-SCA) က ထိုသို့သော စိုးရိမ်စရာအခြေအနေများရှိနေသည်မှာ မှန်ကန်ကြောင်း အကဲဖြတ်ထားပါသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ဥပဒေပိုင်းဆိုင်ရာနှင့် လက်တွေ့လုပ်ဆောင်မှုပိုင်းတို့တွင် ပါရီအခြေခံမူများအား လိုက်နာမှုမရှိသည့်အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် “B” အဆင့်သာ သတ်မှတ်ပေးခဲ့ပါသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ဥပဒေ၌ ကော်မရှင် အဖွဲ့ဝင်များတွင်ရှိရမည့် အရည်အချင်း သတ်မှတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြထားသော်လည်း သင့်တော်ခိုင်မာသည့် ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် ရှင်းလင်းတိကျသော ပြဌာန်းချက်များ ဖော်ပြပေးထားခြင်းမရှိပါ။လူထုကြားနာပွဲများ၊ ဆွေးနွေးညှိနှိုင်းပွဲများ၊ လွှတ်တော်၏ ကြီးကြပ်မှုမှတစ်ဆင့် ကျယ်ပြန့်ပြီး ရှင်းလင်းပြတ်သားသည့် ရွေးချယ်ခြင်းဆိုင်ရာ စံနှုန်းများ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း သတ်သတ်မှတ်မှတ် ဖော်ပြထားခြင်းမရှိပါ။ ထို့အပြင် ရွေးချယ်ရေးဘုတ်အဖွဲ့မှာလည်း ယခင်အစိုးရလက်ထက် ၀န်ကြီးဌာနတာဝန်ရှိသူများနှင့် ဖွဲ့စည်းထားသည်သာမက မှတ်ပုံတင်ထားသော အရပ်ဖက်လူထုအဖွဲ့အစည်းများဖြင့်သာ ထိတွေ့ဆက်ဆံလုပ်ကိုင်ရန် တင်းကျပ်စွာ ကန့်သတ်ခံထားရသည့်အပြင် ဥပဒေတွင် ရေရေရာရာသတ်မှတ်ထားခြင်းမရှိသည့် အဖွဲ့တွင်း လုပ်ထုံး လုပ်နည်း များကို ပြဌာန်းသတ်မှတ်ပေးရန် ရွေးချယ်ရေးဘုတ်အဖွဲ့ကို လုပ်ပိုင်ခွင့်ပေးအပ်ထားခြင်းမှာ ရွေးချယ်ခန့်အပ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်ကို အားနည်းချက်ဖြစ်စေသည်ဟု သုံးသပ်ပါသည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အား ဥပဒေရေးရာပိုင်းနှင့် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အပြောင်းအလဲများလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေသည်ဟု မိမိတို့ယုံကြည်ပါသည်။ ကော်မရှင်၏ တရားဝင်မှုနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားခံရမှု ကင်းမဲ့နေခြင်းအား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် အရည်အချင်းကိုအခြေခံပြီး အများပါဝင်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှိရန် လိုအပ်နေပါသည်။ ထို့ပြင် လွတ်လပ်၍ အမှီအခိုကင်းသည့် လူ့အခွင့်အရေးအခြေပြုအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့် အဆိုပြုမှုတို့ဖြင့် ကော်မရှင်၏ ဦးဆောင်မှုပုံစံကို ပြန်လည်ပြင်ဆင်ရန်မှာ ပဏာမလုပ်ဆောင်ရမည့် အရေးကြီးသည့်အဆင့် ဖြစ်ပါသည်။ ယခုကဲ့သို့သော အပြောင်းအလဲဖော်ဆောင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အချိန်ကာလတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဥပဒေပိုင်းဆိုင်ရာမူဘောင်နှင့် လုပ်ပိုင်ခွင့်တို့အား ခိုင်မာတောင့်တင်း စေရေး လုပ်ဆောင်ရန်မှာ အထူးအခွင့်အရေးကောင်းတစ်ခု ဖြစ်နေလျက်ရှိသည်။ ICC-SCA က တိုက်တွန်းထားသည့် အကြံပြုချက်များအား ယခုကာလတွင် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြင့် ကော်မရှင်၏ လွတ်လပ်၍ အမှီခိုကင်းမှု၊ ထိရောက်မှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ကို တိုးတက်စေပြီး ပြုပြင်ပြောင်းလဲမှုများဖြင့် ကော်မရှင်အား ပြင်ဆင် ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လွတ်လပ်၍အမှီခိုကင်းမှုအား အာမခံပေးရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ ဥပဒေတွင် ပွင့်လင်းမြင်သာပြီး ခိုင်မာစည်းနှောင်မှုရှိသည့် အဖွဲ့တွင်း လုပ်ထုံးလုပ်နည်းများ၊ ရွေးချယ်ခန့်အပ်ခြင်းနှင့် စီမံအုပ်ချုပ်ရေး လမ်းညွှန်ချက်များအား ပါရီအခြေခံမူများနှင့်အညီ တရားဝင်ပြဌာန်းပေးပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ ပါရီအခြေခံမူများကို အပြည့်အ၀လိုက်နာသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ရပ်သည် တိုင်းပြည်၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူ့အခွင့်အရေးစံနှုန်းနှင့်ညီသော ကောင်းမွန်သည့် အုပ်ချုပ်မှုတို့အတွက် များစွာအထောက်အကူပြုမည့် နိုင်ငံတော်အဆောက်အအုံတစ်ခုဖြစ်လာမည်ဟု မိမိတို့မှ ယုံကြည်ပါသည်။
အထက်ပါ တင်ပြချက်များအပေါ် သမ္မတကြီးမှ အလေးထားစဉ်းစားပေးသည့်အတွက် မိမိတို့အနေဖြင့် များစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်ပါက အချက်အလက်များ ထပ်မံပေးအပ်တင်ပြနိုင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားလိုပါသည်။
လေးစားစွာဖြင့်
ပါဝင်လက်မှတ်ရေးထိုး ထောက်ခံကြသောအဖွဲ့အစည်းများ –
၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (All Arakan Students’ & Youths’ Congress – AASYC)
၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (Assistance Association for Political Prisoners (Burma) – AAPP)
၃။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (Action Committee for Democracy Development – ACDD)
၎။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (Association of Human Rights Defenders and Promoters – HRDP)
၅။ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့ (Action Labour Rights – ALR)
၆။ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack Health Worker Team – BPHWT)
၇။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership – BP)
၈။ မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union – BWU)
၉။ ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှု ကော်မတီ (မြန်မာနိုင်ငံ) (Committee for Protection and Promotion of Child Rights (Burma) – CPPCR)
၁၀။ ကာလာရိန်းဘိုး (Colors Rainbow)
၁၁။ လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ (ကမိုသွေး) (Community Sustainable and Livelihood Development – Kamothway – CSLD)
၁၂။ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (Dawei Development Association – DDA)
၁၃။ ထားဝယ်လယ်သမားသမဂ္ဂ (Dawei Famer Union – DFU)
၁၄။ ထားဝယ်သုတေသနအသင်း (Dawei Research Association – DRA)
၁၅။ ညီမျှခြင်းမြန်မာ (Equality Myanmar)
၁၆။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (Forum for Democracy in Burma – FDB)
၁၇။ ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network – GEN)
၁၈။ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ (Genuine People’s Servants – GPS)
၁၉။ လူ့အခွင့်အရေးကာကွယ်သူများ – မြင်းခြံ (Human Rights Defender – Myingyan)
၂၀။ မွန်ပြည် လူ့အခွင့်ရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland – HURFOM)
၂၁။ နိုင်ငံတကာငွေကြေးဆိုင်ရာအဖွဲ့အစည်းများ စောင့်ကြည့်ရေးအဖွဲ့ (မြန်မာနိုင်ငံ) (IFI Watch Myanmar)
၂၂။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (Kachin Development Networking Group – KDNG)
၂၃။ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (Karen Environmental and Social Action Network – KESAN)
၂၄။ ကွမ်းခြံကုန်းကွန်ရက် (Kun Gyan Gon Network – KGGN)
၂၅။ ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group – KHRG)
၂၆။ ကလျာဏမိတ္တဖောင်ဒေးရှင်း (Kalyana Mitta Development Foundation – KMDF)
၂၇။ ကချင်ငြိမ်းချမ်းရေးကွန်ရက် (Kachin Peace Network – KPN)
၂၈။ ကောင်ရွေ လူမှုလှုပ်ရှားဆောင်ရွက်ရေး ကွန်ယက် (Kaung Rwai Social Action Network – KSAN)
၂၉။ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက် (Karen Rivers Watch – KRW)
၃၀။ ကချင်အမျိုးသမီးများအစည်းအရုံး – ထိုင်းနိုင်ငံ (Kachin Women’s Association Thailand – KWAT)
၃၁။ ကရင်အမျိုးသမီးအစည်းအရုံး (Karen Women’s Organization – KWO)
၃၂။ ကချင်အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက် (Kachin Women Peace Network – KWPN)
၃၃။ လားဟူအမျိုးသမီးအဖွဲ့  (Lahu Women’s Organization – LWO)
၃၄။ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta Development Foundation)
၃၅။ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ့အိုင်စီတီအဖွဲ့ (Myanmar ICT for Development Organization – MIDO)
၃၆။ မြန်မာလူထုမဟာမိတ် (Myanmar People Alliance)
၃၇။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (National Network for Education Reform – NNER)
၃၈။ ဒီမိုကရေစီနှင့်ဖွံွံ့ဖြိုးတိုးတက်ရေးအင်အားစု (Network for Democracy and Development – NDD)
၃၉။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (Network for Human Rights Documentation – Burma (ND-Burma))
၄၀။ မျိုးဆက်သစ် (သျှမ်းပြည်) (New Generation (Shan State))
၄၁။ ပေါင်းကူး (Paung Ku)
၄၂။ ပလောင်အမျိုးသမီးအစည်းအရုံး (Palaung Women’s Organization – PWO)
၄၃။ ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections – PACE)
၄၄။ ငြိမ်းချမ်းရေးနှင့်တရားမျှတရေးအဖွဲ့ (Peace and Justice)
၄၅။ ပြည်ကြီးခင် (Pyi Gyi Khin – PGK)
၄၆။ ပွိုင့် – ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့ (Promotion Of Indigenous and Nature Together – POINT)
၄၇။ ပြည်သူ့ကွန်ရက် (ပဲခူးတိုင်း) (Public Network (Bago Division))
၄၈။ ကမိုသွေးဌာနေတိုင်းရင်းသားများနှင့် သဘာဝရောင်ခြည်အဖွဲ့ (Rays of Kamothway and Indigenous People Network)
၄၉။ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (Shan Human Rights Foundation – SHRF)
၅၀။ ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှုအဖွဲ့ (Shwe Gas Movement)
၅၁။ ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့(ရွှေဘို) (Shwechinthae Social Service Group (Shwebo))
၅၂။ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက် (Students and Youth Congress of Burma – SYCB)
၅၃။ သူရိယစန္ဒာပတ်ဝန်းကျင်စောင့်ကြည့်ရေးအဖွဲ့(မင်းကင်းမြို့) (Thuriya Sandra Environmental Watch Group)
၅၄။ တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး (Ta’ang Students and Youth Organization – TSYO)
၅၅။ ထားဝယ်အမျိုးသမီးသမဂ္ဂ (Tavoyan Women’s Union – TWU)
၅၆။ ထားဝယ်လူငယ်အစည်းအရုံး (Tavoyan Youth Organization – TYO)
၅၇။ ကရင်နီပြည် လူငယ်များ သမဂ္ဂ (Union of Karenni State Youth – UKSY)
၅၈။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (Women’s League of Burma – WLB)
၅၉။ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (ရခိုင်ပြည်) (Wan Lark Development Foundation (Arakan))
၆၀။ မြန်မာနိုင်ငံ လူငယ်အခြေပြု လူမှု ပြောင်းလဲရေးအဖွဲ့ (Youth For Social Change Myanmar)
၆၁။ မျက်ဝန်းသစ် (အသိပညာရပ်ဝန်း) ပဲခူးတိုင်း၊ အုတ်ဖိုမြို့
၆၂။ အလင်းသီတံ (မိုးညိုမြို့နယ်၊ ပဲခူးတိုင်း)
၆၃။ မြို့နယ်လူငယ်အဖွဲ့ချုပ် (သဲကုန်းမြို့နယ်)
၆၄။ ဧရာဝတီလူငယ်ကွန်ရက်
၆၅။ တောင်သူလယ်သမားများနှင့်မြေယာလုပ်သားများ သမဂ္ဂ (မြန်မာနိုင်ငံ)
၆၆။ ဒို့မြေကွန်ရက်
၆၇။ စိမ်းလန်းပြင်ဦးလွင်
၆၈။ ပြင်ဦးလွင် မြေယာနှင့် တောင်သူကွန်ရက်
၆၉။ လွတ်လပ်သောအရှိုချင်းများအင်အားစု
၇၀။ စေတုတ္တရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
၇၁။ ပျိုးခင်းသစ် မအူပင်
၇၂။ မြစ်ကွေ့ဧရာ
၇၃။ ရွှေင်္ခြသေ့ဇေယျသိင်္ဃတောင်သူကွန်ရက် – ရွှေဘို
၇၄။ ရှမ်းတောင်ကွန်ရက်
၇၅။ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးကော်မတီ (Burmese Migrant Workers’ Education Committee -BMWEC)
၇၆။ မွတ်စလင်မ် အမျိုးသမီးများကောင်စီ (မြန်မာနိုင်ငံ) (Muslim Women Council of Myanmar-MWCM)
၇၇။ Arakan EITI Watch Committee
၇၈။ Arakan Rivers Network (ARN)
၇၉။ Ayeyarwady Myanmar Alliance for Transparency and Accountability (MATA) Working Group
၈၀။ Ayeyarwady West Development Organization (AWDO)
၈၁။ Article 19 Myanmar
၈၂။ Burma Issues
၈၃။ Burma Link
၈၄။ Committee for Internally Displaced Karen People (CIDKP)
၈၅။ Candle Light
၈၆။ COMREG, Myanmar
၈၇။ Center for Youth and Social Harmony
၈၈။ Democratic Education Corner
၈၉။ Dawei Pro-bono Lawyer Network
၉၀။ Dawei Youth Fellowship
၉၁။ Future Light Center
၉၂။ Free Thinkers
၉၃။ Human Rights Educators’ Network
၉၄။ Integrated Development Executive Association – IDEA (Shan State)
၉၅။ Independent Worker Unions Cooperative Program
၉၆။ Justice Movement for Community – Innlay
၉၇။ Karen Office of Relief and Development (KORD)
၉၈။ Let’s Help Each Other
၉၉။ Action Based Community Development (ABCD)
၁၀၀။ People for People – Rakhine State
၁၀၁။ Social Program Aid for Civic Education (SPACE)
၁၀၂။ Shan Students’ Union (Thailand)
၁၀၃။ Southern Youth (Taninthary)
၁၀၄။ Takapaw
၁၀၅။ Taunggyi Education Network
၁၀၆။ Tanintharyi Friends
၁၀၇။ The Seagull: Human Rights, Peace & Development
၁၀၈။ Upper Chindwin Youth Network
၁၀၉။ Uak Thon Local Social Development Organization
၁၁၀။ Women and Peace Action Network (Shan State)
၁၁၁။ Zinlum Committee (တန်ဖဲ)အဖွဲ့
အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ခင်ဥမ္မာ
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
+66 (0) 818840772, [email protected]
အောင်မျိုးမင်း
ညီမျှခြင်းမြန်မာ
+95(0)9448015306, [email protected]
အိတ်ဖွင့်ပေးစာ အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
အိတ်ဖွင့်ပေးစာ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
To
U Htin Kyaw, President of the Republic of the Union of Myanmar
Honorable Mr. President,
We, the 111 undersigned civil society organizations from Burma/Myanmar, welcome the government’s release of political prisoners and detained students and supporters, who were facing trials, over two occasions on 8 and 17 April 2016. It not only represented a decisive break with repressive practices of the past, but demonstrated firm commitment to democratic governance and human rights protection in the country. We are further encouraged by the early series of reforms, by the new government, that have been pursued, including the recommendation by the Legal Affairs and Special Cases Assessment Commission to repeal or amend repressive laws to ensure that no one shall be punished for exercising their basic rights and freedoms in the country.
However, it is also at this joyous occasion that we recall scores of other activists and human rights defenders who remain imprisoned on politically motivated grounds. Admittedly, a formidable human rights challenge still underlies the country’s democratic transition and it is imperative that accountability and protection mechanisms are strengthened so that genuine “national reconciliation” can be achieved.
In that regard, the Myanmar National Human Rights Commission (MNHRC) is an important institution that can contribute significantly to human rights protection and governance in the country. After all, it is the only state-formed organ tasked exclusively to promote and protect human rights, and its creation suggests an institutional approach to addressing and tackling the human rights situation in the country.
However, the MNHRC as it stands today is arguably in a state of “crisis”. The MNHRC has repeatedly proven to be ineffective with little impact on the ground, in particular the inability to render justice to victims of violations and abuses. Such concerns were validated by the global governing body of NHRIs, who accredited the MNHRC with a “B” status for falling short of the minimum and normative standards stipulated in the Paris Principles.
While the MNHRC Act (2014) contains certain broad eligibility criteria for Commission members, it does not amount to a sound and robust selection/appointment process. The founding law is silent on a comprehensive selection criteria and coherent selection processes, including through public hearings and consultations as well as Parliamentary oversight, among others. It also grants authority to an “Executive-heavy” Selection Board to adopt its own undefined internal procedures while restricting engagement only to “registered” civil society groups.
As such, we believe that fundamental and structural reforms of the MNHRC are urgently needed. The re-constitution of the MNHRC’s leadership body, through the formalization and implementation of a merit-based, inclusive and transparent selection/appointment process of Commission members that involves the broad participation and inputs of independent rights-based civil society, is a crucial first step to repair the legitimacy and public confidence deficits suffered by the MNHRC. The government now has a prime opportunity to strengthen the legal framework and mandate of the MNHRC and should act on the ICC-SCA’s recommendations to ensure the independence, effectiveness and accountability of the MNHRC. We believe that, an MNHRC that is fully compliant with the Paris Principles can be a valuable partner for human rights protection and governance in the country.
We thank you for your attention to this important issue and remain available to provide you with further information as required.
Sincerely,
Signed by-
Download the open letter in English here.
Download the open letter in Burmese here.
For more information, please contact:
Khin Ohmar, Burma Partnership, +66(0)818840772, [email protected]
Aung Myo Min, Equality Myanmar, +95(0)9448015306, [email protected]
Tags: 111 Myanmar/Burma Civil Society Organizations, Human Rights, Law, Myanmar National Human Rights Commission, Political PrisonersThis post is in: Press Release
Related Posts