Signup Now!
Join our mailing list for latest news and information about Burma.

Press Release by United Nationalities Federal Council

By United Nationalities Federal Council  •  July 1, 2016

The UNFC Delegation for Political Negotiation led by Khu Oo Reh met with the government representatives led by Dr. Tin Myo Win, the 21st Century Panglong (the Union Peace Conference) Preparation Committee, on July 1, 2016 at the National Reconciliation and Peace Center (NRPC) in Rangoon.

The meeting focused on the need to clarify the practical processes of the all-inclusive peace process now being led by the NLD government. The UNFC has asked for the clarification for government’s approach to the all-inclusive peace process with regard to the 21st Century Panglong Conference (the Union Peace Conference) as well as the NCA.

For further discussion with the State Counsellor who is presiding over the UPDJC, the representatives at the meeting today discussed preparation for the upcoming meeting between the UNFC leadership led by the Chairman and the State Counsellor. The meeting is tentatively agreed to be held in mid-July, 2016 in Rangoon.
Both sides also principally agreed to hold further meetings to be able to materialize the all-inclusive peace process.
For further media information, please contact:
Khu Oo Reh (95) 0931 430 300 and (66) 0848 051 344.

 

Download this press release in English here.

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။


သတင်းထုတ်ပြန်ချက်

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်
ရန်ကုန်မြို့ 

ခူဦးရယ် ဦးဆောင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံ ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ) အကြိုပြင်ဆင်ရေးကော်မတီကိုယ် စားလှယ်များသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ယခုလက်ရှိ NLD အစိုးရမှ ဦးဆောင်နေသောငြိမ်းချမ်းရေးဖြစ်စဉ်၌ အားလုံး ပါဝင်နိုင်မည့် လက်တွေ့လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

UNFC မှ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) နှင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့နှင့်ပတ်သက်သည့် အစိုးရ၏အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ချဉ်းကပ်ပုံများ ကို ရှင်းလင်းပေးရန် ဆွေးနွေးတင်ပြခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်လာသောကိုယ်စားလှယ်များမှ UNFC ဥက္ကဌအပါအ၀င် အဖွဲ့ဝင် ဥက္ကဌများ ပါဝင်သောအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမည့် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လလယ်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် မူအားဖြင့်သဘောတူခဲ့ကြသည်။

အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လိုအပ်သည်များကို ထိရောက်စွာပြင်ဆင်နိုင်ရန် အတွက် ဆက်လက်တွေ့ဆုံဆွေးနွေးသွားကြရန်လည်းမူအားဖြင့်သဘောတူခဲ့ကြသည်။

ဆက်သွယ်ရန် –
ခူဦးရယ်
(၉၅) ၀၉၃၁ ၄၃၀ ၃၀၀
(၆၆) ၀၈၄၈ ၀၅၁ ၃၄၄

Tags: , ,

This post is in: Press Release

Related Posts