Signup Now!
Join our mailing list for latest news and information about Burma.

Progress of Preparation for the ASEAN Civil Society Conference/ASEAN People’s Forum (ACSC/APF) 2014

By National Organizing Committee  •  August 8, 2013

Members of National Organizing Committee of ACSC/APF 2014 and representatives of Myanmar civil society organizations (CSOs) met with representatives of regional and ASEAN national CSOs from Cambodia, Laos, Philippines, Malaysia, Thailand, Vietnam, Indonesia and, Singapore on August 4 and 5 in Yangon to plan for the ASEAN Civil Society Conference/ASEAN People’s Forum (ACSC/APF) during Myanmar’s chair of ASEAN in 2014. While the two-day meeting, attended by as many as 90 Myanmar participants and 30 from the region, marks the first official Regional Consultation meeting on preparation of Myanmar’s first ACSC/APF, it also had a special significance as it was held to coincide with the 46th anniversary of founding of ASEAN and 25th anniversary of 8.8.88 democracy uprising in Myanmar.

This regional consultation meeting is part of a process that began in June, when 66 Myanmar civil society organizations formed the National Organizing Committee (NOC) comprised of non-governmental organizations, mass organizations, social movement organizations, border-based organizations, ethnic organizations and networks that are working on a wide variety of issues.

Several matters were discussed during the regional consultation meeting including the need to ensure independence, transparency and inclusiveness of the process of ACSC/APF 2014 in Myanmar. The meeting approved formation of several committees with participation of other ASEAN countries’ and regional CSOs, as well as their structures and mandates to help organize the conference and laid out the conference objectives, theme and issues and a draft program based on the set objectives of ACSC/APF. It was also decided that the next year ACSC/APF will be held on 20-23 March 2014 in Yangon.

The ACSC/APF has been the independent space and process of traditional gathering of civil societies in ASEAN since 2005, when the host country of Malaysia hosted the first people’s forum in parallel to the ASEAN Summits. This people’s forum aims to provide a venue for the grassroots people and independent CSOs from across the region to raise their voice concerning issues affecting their life and livelihood and consolidate their collective calls and recommendations to the leaders of ASEAN, which will be then carried to the ASEAN leaders attending the Summits to remind them of the problems peoples are facing on the ground.

The second Regional Consultation meeting will be held on 20-21 October 2013, in which the CSOs representatives from other ASEAN countries and regional networks will join the Steering, Program, Media and Drafting Committees. Meanwhile, the NOC will continue to hold its regular preparation meetings.

For more information, please contact:

U Maung Maung Soe Tint (member of Steering Committee)
Email: [email protected]

U Ngwe Thein (member of Steering Committee)
Email: [email protected]
Ph: 0973162746

Dr. Thar Nyan (member of Steering Committee)
Email: [email protected]

Daw May May Pyone (member of Steering Committee)
Email: [email protected]

U Aung Myo Min (member of Steering Committee)
Email: [email protected]
Ph: 09448015306

U Kyaw Lin Oo (Secretariat Office)
Email: [email protected]
Ph: 095174758

———————————————————————————————————————————————————————-

၂၀၁၄ မြန်မာနိုင်ငံအာဆီယံ လူထုအစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ (NOC)

မြန်မာနိုင်ငံ အရပ်ဖက်လူထုအဖွဲ့အစည်းများသည် အာဆီယံဒေသတွင်းနှင့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် စင်ကာပူ နိုင်ငံများရှိ အရပ်ဖက်လူထုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် သြဂုတ်လ ၄ ရက်နှင့် ၅ ရက်နေ့တွင် တွေ့ဆုံကာ ၂၀၁၄ အာဆီယံလူထုအစည်းအဝေးပွဲ သို့မဟုတ် ASEAN Civil Society Conference /ASEAN People Forum (ACSC/APF) ကို မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း ကျင်းပနိုင်ရန် ဖြစ်မြောက်ရေးအစီအစဉ်များကို ဆွေးနွေးညှိနိုင်းခဲ့ကြသည်။ မြန်မာနိုင်ငံကိုယ်စားလှယ် ၉၀ ခန့်နှင့် အာဆီယံဒေသတွင်းမှ ကိုယ်စားလှယ် ၃၀ ခန့် တက်ရောက်ခဲ့သော ၎င်းအစည်းအဝေးသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ACSC/APF ဖြစ်မြောက်ရေးအတွက် အာဆီယံ ဒေသတွင်းရှိအရက်ဖက်လူထုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ပထမအကြိမ် ညှိနိုင်းဆွေးနွေးပွဲဖြစ်သည့်အပြင် ထူးခြားမှုအနေဖြင့် အာဆီယံ၏ ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ် ငွေရတု နှစ်ပတ်လည်နေ့နှင့်လည်း တစ်ချိန်တည်း ကျရောက်ခဲ့သည်။

မြန်မာနိုင်ငံအရပ်ဖက်လူထုအဖွဲ့အစည်းများသည် ဇွန်လမှစ၍ ACSC/APF ဖြစ်မြောက်ရေး ပြင်ဆင်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ယခုကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများနှင့်ညှိနှိုင်းဆွေးနွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ရာတွင် ၂၀၁၄ မြန်မာနိုင်ငံ အာဆီယံလူထုအစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ (NOC) ကို မတူညီသော သဘောသဘာဝအရ ရပ်တည်နေကြပြီး အကြောင်းအရာအမျိုးမျိုးတွင် လုပ်ကိုင်နေကြသော အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ ကြီးမားသောစုဖွဲ့မှုရှိသည့် အဖွဲ့အစည်းများ၊ လူမှုလှုပ်ရှားမှုအဖွဲ့အစည်းများ၊ နယ်စပ်အခြေစိုက် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ကွန်ယက်များပါဝင်သည့် အရပ်ဖက်လူထုအဖွဲ့အစည်းပေါင်း ၆၆ ခုဖြင့် ဖွဲ့စည်းခဲ့သည်။

ဒေသတွင်းအရပ်ဖက်လူထုအဖွဲ့အစည်းများညှိနှိုင်းဆွေးနွေးပွဲတွင် ACSC/APF ကျင်းပသည့် ဖြစ်စဉ်တစ်လျောက် လွတ်လပ်အမှီအခိုကင်းခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ အများပါဝင်မှုရှိခြင်း အစရှိသည့်အကြောင်းအရာများအပါအ၀င် အကြောင်းအရာများစွာ ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ဖြစ်မြောက်ရေးအတွက် ကော်မတီများဖွဲ့စည်းခြင်း၊ ၎င်းကော်မတီများ၏ ဖွဲ့စည်းမှုသဏ္ဍန်နှင့်လုပ်ပိုင်ခွင့်တာဝန်များ အစရှိသည်တို့ကို ဒေသတွင်းရှိအရပ်ဖက်လူထု အဖွဲ့အစည်းများနှင့်အတူ ဆွေးနွေးအတည်ပြုခဲ့ပြီး အာဆီယံလူထုအစည်းအဝေး ကျင်းပခြင်း၏ရည်ရွယ်ချက်များအပေါ် အခြေခံပြီး ACSC/APF ၏ခေါင်းစဉ် ဆွေးနွေးမည့်အကြောင်းအရာ များနှင့် ACSC/APF ကျင်းပမည့် အစည်းအဝေး အစီအစဉ်ကြမ်းအချုပ်ကို ချပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် ACSC/APF ကို မတ်လ ၂၀ မှ ၂၃ ရက်အထိ ရန်ကုန်မြို့တွင် သုံးရက်တာ ကျင်းပပြုလုပ်သွားရန်

၂၀၀၅ ခုနှစ် အိမ်ရှင်မလေးရှားနိုင်ငံကဦးဆောင်၍ စတင်ကျင်းပခဲ့ချိန်မှစ၍ အာဆီယံထိပ်သီးညီလာခံများနှင့်အပြိုင် အာဆီယံလူထုအစည်းအဝေးပွဲများကို အရပ်ဖက် လူထုအဖွဲ့အစည်းများ လွတ်လပ်စွာကျင်းပသောနေရာနှင့် ဖြစ်စဉ်တစ်ခု အဖြစ် အစဉ်တစိုက် ပြုလုပ်လာခဲ့ကြသည်။ အာဆီယံဒေသတစ်ဝှမ်းရှိ လူထုများနှင့် အရပ်ဖက် လူထုအဖွဲ့အစည်းများက မိမိတို့ဘ၀များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ကြီးမားစွာသက်ရောက်မှုရှိနေသော အရေးကိစ္စများနှင့် ပတ်သက်သည့် မိမိ၏အသံနှင့်စိုးရိမ်ပူပန်မှုများ၊ စုပေါင်းတောင်းဆိုမှုများနှင့် အကြံပြုတင်ပြချက်များကို အာဆီယံ ခေါင်းဆောင်များထံ တင်ပြနိုင်ရန် အာဆီယံ လူထုအစည်းအဝေး ပွဲများကိုကျင်းပရခြင်းဖြစ်သည်။ ထိုသို့ဆွေးနွေး တင်ပြမှုများကို အာဆီယံထိပ်သီးညီလာခံတက်ရောက်ကြသော အာဆီယံခေါင်းဆောင် များထံသို့ ပြန်လည် တင်ပြခြင်းဖြင့် အာဆီယံဒေသတစ်ဝှမ်းရှိ အောက်ခြေလူထုများ ကြုံတွေ့နေရသော ပြဿနာအခက်အခဲများကို ဖော်ထုတ်တောင်းဆိုမှု များ ပြုလုပ်ကြပါသည်။

ဒုတိယအကြိမ် ဒေသတွင်းအရက်ဖက်လူထုအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာလ ၂၀ မှ ၂၁ ရက်နေ့ တွင် ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းအစည်းအဝေးတွင် လက်ရှိဖွဲ့စည်းထားသော ကော်မတီများထဲမှ ဦးဆောင်ကော်မတီ၊ အစီအစဉ်ရေးဆွဲရေးကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးကော်မတီနှင့်  သဘောထားထုတ်ပြန်ချက် မူကြမ်းရေးဆွဲရေးကော်မတီများတွင် ဒေသတွင်းရှိအရက်ဖက်လူထုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင် သွားမည်ဖြစ် သည်။ ထို့အတူ ၂၀၁၄ မြန်မာနိုင်ငံအာဆီယံ လူထုအစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ (NOC) အနေဖြင့်လည်း အစည်းအဝေးများကို ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။

ဆက်သွယ်ရန်

ဦးမောင်မောင်စိုးတင့် (ဦးဆောင်ကော်မတီဝင်)
အီးမေလ် – [email protected]

ဦးငွေသိန်း (ဦးဆောင်ကော်မတီဝင်)
အီးမေးလ် – [email protected]
ဖုန်း – ၀၉၇၃၁၆၂၇၄၆

ဒေါက်တာဉာဏ် (ဦးဆောင်ကော်မတီဝင်)
အီးမေးလ် – [email protected]

ဒေါ်မေမေပြုံး – (ဦးဆောင်ကော်မတီဝင်)
အီးမေးလ် – [email protected]

ဦးအောင်မျိုးမင်း (ဦးဆောင်ကော်မတီဝင်)
အီးမေးလ် – [email protected]
ဖုန်း – ၀၉၄၄၈၀၁၅၃၀၆

ဦးကျော်လင်းဦး (အတွင်းရေးမှူးရုံး)
အီးမေးလ် – [email protected]
ဖုန်း – ၀၉၅၁၇၄၇၅၈

Tags: , ,

This post is in: ASEAN, Press Release

Related Posts
ACSC/APF 2014 Post Conference Report
Statement in Solidarity with CSOs in Withdrawal from 2014 Interface Meeting Between ASEAN Governments’ and CSOs’ Representatives
Government Leaders Not Ready for Genuine People-centered ASEAN
Indonesian Interface Delegates for 24th ASEAN SUMMIT Regret the Cancellation of CSO Interface Meeting
Malaysian Government Undermines ASEAN Processes