Signup Now!
Join our mailing list for latest news and information about Burma.

ပွင့်လင်းပြီး အများပါဝင်သည့် အာဆီယံလူထုညီလာခံကျင်းပနိုင်ရန် လူထုအခြေပြုအဖွဲ့များ ပြင်ဆင်

By ACSC/APF 2014  •  October 21, 2013

ရန်ကုန် ၊ မြန်မာ

လာမည့် ၂၀၁၄ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကျင်းပမည့် အာဆီယံလူထုညီလာခံ (ASEAN Civil Society Conference (ACSC)/ ASEAN People’s Forum (APF) တစ်ခုကိုပွင့်လင်းစွာနှင့် လူအများ ပါဝင်သည့်ညီလာခံအဖြစ် ကျင်းပနိုင်ရန်အတွက် လူထုအခြေပြု အဖွဲ့အစည်းများက ထိုညီလာခံကျင်းပရန်နှင့် ပတ်သက်သည့် ပြင်ဆင်မှုများအကြောင်းကို အသိပေး အကြောင်းကြားလိုက်သည်။

“မြန်မာနိုင်ငံက အာဆီယံအသင်းဥက္ကဌတာဝန်ကို လွှဲပြောင်းယူလိုက်ပါပြီးဖြစ်ပါတယ်။ ဒီတာဝန် ယူလိုက်တာကြောင့် မြန်မာနိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေကို ဒေသအတွင်းမှာရှိတဲ့ တစ်ခြားလူထု အခြေပြုအဖွဲ့တွေ၊ ကွန်ယက်တွေနဲ့အတူ လက်တွဲပြီး ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေ၊ အာဆီယံအစိုးရတွေကို တင်ပြလိုတဲ့ တင်ပြချက်တွေကို ဆွေးနွေးဖို့ နေရာတစ်ခုကို ဖန်တီးပေးတာတွေ ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Equality Myanmar အဖွဲ့မှ ဒါရိုက်တာလဲဖြစ်၊ ACSC/APF ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးအောင်မျိုးမင်းက ပြောကြားပါသည်။

မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်းရှိ လူထုအခြေပြုအဖွဲ့များ တက်ရောက်သည့် ACSC/APF ကျင်းပရေး ဒေသအဆင့် အကြိုညှိနှိုင်း နှစ်ရက်တာ အစည်းအဝေးကို ရန်ကုန်မြို့၌ ယနေ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ထိုဒုတိယအကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြု (၆၈) ဦးနှင့် အာဆီယံဒေသအတွင်းမှ ကိုယ်စားလှယ် (၃၄) ဦး တက်ရောက် ဆွေးနွေးခဲ့သည်။

“နိုင်ငံတော် အဆင့်ကျင်းပရေးကော်မတီမှာ မြန်မာနိုင်ငံက လူထုအခြေပြုအဖွဲ့ (၇၃) ဖွဲ့ ပါဝင်ပါတယ်။ ကျွန်မတို့တွေဟာ ဒေသအတွင်းက တစ်ခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီထွန်းကားရေးစတဲ့ အကြောင်းအရာ ခေါင်းစဉ်အစုံကို ဆွေးနွေးမဲ့ လူအများပါဝင်မဲ့ ACSC/APF ကိုကျင်းပနိုင်ဖို့ လုပ်ဆောင် နေပါတယ်”ဟု NGO Gender Group အဖွဲ့က ဒါရိုက်တာလဲဖြစ်၊ ACSC/APF ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီအဖွဲ့ဝင်လဲဖြစ်သူ ဒေါ်မေမေပြုံးကဆိုပါသည်။

“ACSC/APF ဆိုတာ ဒေသအတွင်းမှာရှိတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအတွက် နှစ်တိုင်းအရေးကြီးတဲ့ ညီလာခံတခုဖြစ်ပါတယ်” ဟု South East Asian Committee for Advocacy (SEACA) ၏ တာဝန်ခံဖြစ်သူ Corinna Lopa က ဆိုပါသည်။ “ဒါကြောင့် ဒီညီလာခံဟာ လူထုအခြေပြုအဖွဲ့တွေက လူထုအခြေပြုအဖွဲ့တွေအတွက် ကျင်းပတာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ ပူးပေါင်းပါဝင်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ၊ ဒီမိုကရေစီကျမှုတွေ ရှိဖို့လိုပါတယ်” ဟုသူကဆို၏။

မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းများပါဝင်သော နိုင်ငံတော်အဆင့် ကျင်းပရေးကော်မတီနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အခြားအာဆီယံနိုင်ငံများမှ အဖွဲ့များသည် ညီလာခံ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၊ ဦးဆောင်ကော်မတီ၊ သတင်းပြန်ကြားရေးကော်မတီ၊ နေရာချထားရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ မူကြမ်းရေးဆွဲရေး ကော်မတီ၊ အခမ်းအနား အစီအစဉ်ကော်မတီစသည့် ကော်မတီပေါင်း (၈) ခုကို ဖွဲ့စည်း၍ ပြင်ဆင် လုပ်ကိုင်လျက်ရှိသည်။ အတွင်းရေးမှူးအဖွဲ့ကလည်း ညီလာခံဖြစ်မြောက်ရေး လုပ်ငန်းများကို နေ့စဉ်တာဝန်ယူလုပ်ဆောင်နေလျက်ရှိသည်။

Mekong Migration Network အဖွဲ့ဝင်လဲဖြစ်၊ ထိုင်းနိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်လဲဖြစ်သူ Pranom Sonwong က “အောင်မြင်တဲ့ ACSC/APF ဖြစ်အောင် ကျွန်မတို့ ၀ိုင်းဝန်း လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေမျှဝေနိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ရုန်းကန် တိုက်ပွဲဝင်မှုတွေကို သွေးစည်းထောက်ခံမှုတွေပြဖို့၊ ဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့သက်ဆိုင်တဲ့ ကျွန်မတို့ဒေသတစ်ခုလုံးရဲ့ အသံတွေကို မြှင့်တင်နိုင်ဖို့ ကျွန်မတို့ အရည်အချင်းတွေနဲ့ အင်အားတွေ တည်ဆောက်ပါမယ်။ ဒါဟာ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပါဘဲ”ဟု ဆိုပါသည်။

အသေးစိတ်သိလိုပါက အောက်ပါကော်မတီဝင်များထံ မေးမြန်းစုံစမ်းနိုင်ပါသည်။

U Aung Myo Min (Equality Myanmar): 09448015306 or [email protected]
Daw May May Pyone(NGO Gender Group): 0951504692 or [email protected]
CorinnaLopa (SEACA): 09250027192 or [email protected]
Premrudee Daoroung (Foundation for Ecological Recovery): 09250027192 or [email protected]
U Nyunt Hlaing (Myanmar Business Executives Association): 095058285 or [email protected] 
Jessica Stevens (Burma Partnership): 09250027192 or [email protected]

Tags: ,

This post is in: Press Release

Related Posts
ACSC/APF 2014 Post Conference Report
Statement in Solidarity with CSOs in Withdrawal from 2014 Interface Meeting Between ASEAN Governments’ and CSOs’ Representatives
Government Leaders Not Ready for Genuine People-centered ASEAN
Indonesian Interface Delegates for 24th ASEAN SUMMIT Regret the Cancellation of CSO Interface Meeting
Malaysian Government Undermines ASEAN Processes