Signup Now!
Join our mailing list for latest news and information about Burma.

New Report Exposes the Continued Ineffectiveness of the Myanmar National Human Rights Commission

By Burma Partnership, Equality Myanmar, Forum-Asia  •  September 25, 2014

25 September 2014

Press Release

New Report Exposes the Continued Ineffectiveness of the Myanmar National Human
Rights Commission

By Burma Partnership, Equality Myanmar, Asian Forum for Human Rights and Development (FORUM-ASIA)

[Yangon] Today, the 2014 report on the performance of the Myanmar National Human Rights Commission (MNHRC), All the President’s Men, was released at the Myanmar Journalists Network in Rangoon. Co-authored by Burma Partnership and Equality Myanmar, the report, which contributed to the annual report, Asian NGO Network on National Human Rights Institutions (ANNI) Report on the Performance and Establishment of National Human Rights Institutions in Asia (2014), highlights the lack of effectiveness and independence of the MNHRC, covering significant events and trends of the latter half of 2013 and the first half of 2014.

By highlighting prominent examples of systematic and widespread incidents of human rights violations, such as the extreme violence in Arakan State and the use of sexual assault as a weapon in conflict zones by the Burma Army, especially against Kachin women, the report conveys how the MNRHC has not actualized its mandate and performed its role as the public defender of defenders adequately.

“Old forms of human rights violations continue and in some areas of the country they have increased significantly despite the new government and establishment of the MNHRC,” said Khin Ohmar, Coordinator of Burma Partnership, “Religious violence and the violence and war crimes committed by the Burma Army are resulting in the most serious of human rights violations in Burma’s long-suffering ethnic areas. It is deeply disappointing to see that the MNHRC, despite the atrocities, is not taking a stand and an action for the victims.”

It is in such situations that the MNHRC is expected to display integrity, moral courage, competence as well as sound judgement in the discharge of their duties and to exhibit sufficient independence from executive influence to warrant any public credbility, thereby becoming an essential actor in the fight against impunity.

Furthermore, the report analyzes the recently enacted enabling law that gives the MNHRC its’ mandate. It finds that according to this law, the MNHRC lacks independence from the government and in particular the President’s Office, thus delegitimizing it as an institution. “The selection of the MNHRC‟s members as well as the final say in key processes always make their way back to the President’s Office. So who is the MNHRC for, the people, or the government?” said Aung Myo Min, Executive Director of Equality Myanmar.

“People have lost faith in the MNHRC due to its lack of willingness to address some of the most serious human rights violations in the country. The MNHRC has to improve its effectiveness and efficiency, and meanwhile government authorities and departments must respect the role and mandate of the NMHRC and allow it to carry out its’ activities without restrictions,” he continued.

“The performance of MNHRC thus far has been disappointing and inadequate in proportion to the intensification of rights abuses, lack of accountability and increasing sophistication employed by the State,” added Joses Kuan from Asian Forum for Human Rights and Development (FORUM-ASIA), which acts as the secretariat of ANNI. He further warned that the MNHRC risks being used to legitimize the State.

“The reconstitution of the MNHRC next year presents a fresh opportunity to display its relevance and credibility to its key stakeholders, particularly human rights defenders and victims of violations on the ground. While other domestic protection and accountability mechanisms still remain weak, the MNHRC cannot afford to be yet another ‘alibi’ institution of the State in human rights governance and within the national protection system,” said Joses Kuan.

The annual ANNI report on the Performance and Establishment of National Human Rights Institutions in Asia (2014) consisting of 15 national chapters was launched in New Delhi, India at its Regional Conference held on 1-3 September
2014. The full report is available on FORUM-ASIA‟s website here.

Download the Report, All the President‟s Men, in English and Burmese here

For more information and media interview please contact:
* Khin Ohmar: +95 (0) 9450063714, [email protected] (Burmese,
English)
* Aung Myo Min: +95 (0) 9448015306, [email protected] (Burmese, English)
* Joses Kuan: +95 (0) 9975012428, [email protected] (English)

 

————————————–

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ထိရောက်မှုမရှိကြောင်း အစီရင်ခံစာသစ်တွင် ဖွင့်ချဖော်ပြ

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့

ညီမျှခြင်း – မြန်မာ

Asian Forum for Human Rights and Development (FORUM-ASIA)

၂၅ ရက်၊ စက်တင်ဘာ ၂၀၁၄

“သမ္မတ၏ဘက်တော်သားများသာဖြစ်သည်” ဟု အမည်ရသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ၏ လုပ်နိုင်စွမ်းရည်အပေါ် ဆန်းစစ်သုံးသပ်ထားသည့် အစီရင်ခံစာတစ်စောင်ကို ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးတွင် ယနေ့ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ (Burma Partnership) နှင့် ညီမျှခြင်း – မြန်မာ (Equality Myanmar) တို့မှ ပူးပေါင်းထုတ်ဝေထားခြင်းဖြစ်ပြီး အာရှဒေသ အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံ များဆိုင်ရာ NGO များကွန်ယက် မှ ထုတ်ဝေခဲ့သော အာရှဒေသတွင်းရှိ နိုင်ငံတော်အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များ (၂၀၁၄) နှစ်ပတ်လည်အစီရင်ခံစာ၏ မြန်မာကဏ္ဍအဖြစ် ပံ့ပိုးထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာသည် ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၁၄ ပထမနှစ်ဝက်အတွင်း အဖြစ်အပျက်များအပေါ် အခြေခံထားပြီး MNHRC သည် လွတ်လပ်အမှီအခိုကင်းမှုမရှိကြောင်းနှင့် ထိရောက်မှုမရှိကြောင်း မီးမောင်းထိုးပြ ထားသည်။

ကျယ်ပြန့်ပြီး စနစ်တကျ ဖြစ်ပေါ်ခဲ့သော ရခိုင်ဒေသအကြမ်းဖက်မှုများ၊ စစ်မြေပြင်များတွင် မြန်မာ့တပ်မတော်မှ စစ်လက်နက်အဖြစ် အသုံးပြုခဲ့သော အထူးသဖြင့် ကချင်ဒေသအမျိုးသမီးများအပေါ် ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စသည့်လူ့အခွင့်အရေးချိုးဖောက်မှုဥပမာများကို မီးမောင်းထိုးပြထားပြီး MNHRC သည် ၎င်း၏လုပ်ပိုင်ခွင့်တာဝန်ကို လက်တွေ့အကောင်အထည်မဖော်ပဲ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည် ပေးခဲ့ခြင်းမရှိကြောင်း ဖော်ပြထားသည်။

“အစိုးရသစ်တက်ပြီးနောက်ပိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပေမယ့် အရင်ဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံဟောင်းတွေ  ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းအချို့ဒေသတွေမှာဆိုရင် ပိုပြီးတိုးများလာတာကို တွေ့ရပါတယ်။ ဘာသာရေးပဋိပက္ခတွေနဲ့ တိုင်းရင်းသားပဋိပက္ခတွေကြောင့် နှစ်ရှည်လများ ဒုက္ခရောက်ခဲ့ပြီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆိုးဝါးဆုံး အခြေအနေထိ ရောက်ရှိကုန်ပါတယ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီလိုဆိုးဝါးရက်စက်တဲ့ ကျူးလွန်မှုတွေကို မားမားရပ်ပြီး တစ်စုံတရာ အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက် သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။

ဤသို့သောအခြေအနေမျိုးတွင် MNHRC အား ဖြောင့်မတ်မှု၊ ရဲရင့်မှုနှင့် လုပ်ရည်ကိုင်ရည်ရှိပြီး မိမိတာဝန်များ အတိုင်း ကောင်းမွန်သော ဆုံးဖြတ်ချက်များချမှတ်ရန်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုအောက်တွင်မရှိကြောင်း အများပြည်သူမှ ယုံကြည်မှုရှိလာအောင် ပြသရန် မျှော်လင့်ကြသည်။ သို့မှသာ အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိနေသည့်အခြေအနေတစ်ရပ်ကို တွန်းလှန်ရာတွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ထို့ပြင် အစီရင်ခံစာက ကော်မရှင်အား လုပ်ပိုင်ခွင့်တာဝန်အပ်နှင်းထားသည့် အသစ်ထွက်ရှိသော အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ကို ဆန်းစစ်သုံးသပ်ထားသည်။ အဆိုပါဥပဒေအရ MNHRC သည် အစိုးရအောက် အထူးသဖြင့် သမ္မတရုံးအောက် အမှီအခိုကင်းမှုမရှိဖြစ်နေပြီး လူ့အခွင့်အရေးအဆောက်အအုံတစ်ခုအဖြစ် မိမိ၏ တရားဝင်မှုကို ပျက်သုန်းစေသည်။

“ကော်မရှင်အဖွဲ့ဝင် ရွေးချယ်တာတွေ နောက်ပြီး လုပ်ငန်းဆောက်ရွက်မှု နောက်ဆုံးအဆင့် ဆုံးဖြတ်ချက် တွေမှာလည်း အမြဲတမ်း သမ္မတရုံးကိုပဲ ပြန်ရောက်သွားပါတယ်”  “နိုင်ငံအတွင်းက အင်မတန်ဆိုးဝါးတဲ့ အချို့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တစ်စုံတရာကိုင်တွယ်လိုစိတ်မရှိတဲ့အတွက် လူထုက ကော်မရှင်ပေါ်မှာ ယုံကြည်မှုပျောက်ဆုံး လာပါတယ်။ ကော်မရှင်အနေနဲ့ သူ့ရဲ့ ထိရောက်မှုနဲ့ လုပ်ငန်းပိုင်းလွယ်ကူချောမွေ့မှုကို ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ဖို့လိုပါတယ်၊ တစ်ချိန်ထဲမှာပဲ အစိုးရအာဏာပိုင်တွေနဲ့ အစိုးရဌာနတွေ အနေနဲ့လည်း လူ့အခွင့်အရေး ကော်မရှင်ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့်တွေကို လေးစားပြီး သူ့ရဲ့ လုပ်ငန်းတွေကို တာဆီးပိတ်ဆို့မှုတွေမလုပ်ပဲ ခွင့်ပြုရမှာ ဖြစ်ပါတယ်” ဟု ညီမျှခြင်း – မြန်မာ ၏ အထွေထွေညွန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေများလာတာ၊ တာဝန်ယူမှုတာဝန်ခံမှုမရှိတာ၊ အစိုးရရဲ့လုပ်ကွက်တွေ ပါးနပ်မှုရှိ လာတာရယ်ကြောင့် လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ စိတ်ပျက်ဖွယ်ရာ ဖြစ်နေဆဲဖြစ်ပြီး လုံလောက်မှုလဲ မရှိပါဘူး” ဟု Asian Forum for Human Rights and Development (FORUM-ASIA) မှ မစ္စတာ ဂျိုးစက်ခူဝန် မှပြောကြားသည်။

ထို့ပြင် ၎င်းက MNHRC သည် အစိုးရ၏ တရားဝင်မှုကို အကာအကွယ်ပေးရာတွင် အသုံးချခံရနိုင်ကြောင်း ထပ်မံသတိပေးခဲ့သည်။ “MNHRC ကို နောက်နှစ်မှာ ပြန်လည်ဖွဲ့စည်းဖို့ လုပ်လိုက်တာကြောင့် သူ့ရဲ့ အရေးပါမှု၊ သူ့အပေါ် သက်ဆိုင်ပါဝင်သူတွေရဲ့ အမှတ်ပြုမှု အထူးသဖြင့် လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ ကျူးလွန်ခံရသူ တွေရဲ့ အသိအမှတ်ပြုမှုကိုပြသဖို့ သူ့မှာ အခွင့်အရေးသစ် ရှိနေပါတယ်၊ နိုင်ငံအတွင်းက လူ့အခွင့်အရေး ကာကွယ်ရေးနဲ့တာဝန်ယူမှုတာဝန်ခံမှု ယန္တယား အားနည်းနေဆဲ ဖြစ်နေချိန်မှာ MNHRC အနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာစီမံမှုနဲ့ နိုင်ငံအတွင်းကာကွယ်မှုစနစ် တွေအတွက် အစိုးရအရဲ့ နောက်ထပ်ထုတ်ပြစရာ ‘ဆင်ခြေ’ တစ်ခု ဖြစ်သွားလို့ လုံးဝမရပါဘူး”  ဟု ဂျိုးစက်ခူဝန် ကပြော ထပ်မံပြောကြားသည်။

နိုင်ငံတော်အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ၎င်းတို့၏ စွမ်းဆောင်ရည်များ – ၂၀၁၄ (ANNI report on the Performance and Establishment of National Human Rights Institutions in Asia – 2014) တွင် နိုင်ငံ ၁၅ နိုင်ငံမှ အမျိုးသားလူ့အခွင့်အရေးအဆောက်အအုံ အကြောင်းအရာများ ပါဝင်ပြီး အစီရင်ခံစာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၂၀၁၄ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါဒေသတွင်းဖိုရမ်တွင် ထုတ်ပြန်ခဲ့သည်။

၁၅ နိုင်ငံပါ ANNI အစီရင်ခံစာ အပြည့်အစုံကို ဒေါင်းလုပ်ရယူရန် http://www.forum-asia.org/?p=17635

မြန်မာနိုင်ငံကဏ္ဍ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာကို ဒေါင်းလုပ်ရယူရန်

https://burmapartnership.net/2014/09/all-the-presidents-men/

ဆက်သွယ်ရန်

ဒေါ်ခင်ဥမ္မာ +၉၅ (၀) ၉၄၅၀၀၆၃၇၁၄ [email protected] (မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ)

ဦးအောင်မျိုးမင်း +၉၅ (၀) ၉၄၄၈၀၁၅၃၀၆ [email protected] (မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ)

မစ္စတာဂျိုးစက်ခူဝန် +၉၅ (၀) ၉၉၇၅၀၁၂၄၂၈ [email protected]   (အင်္ဂလိပ်ဘာသာ) 

Tags: , , , ,

This post is in: Peace and National Reconciliation, Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Burma Army Displays Blatant Disregard for 21st Century Panglong Peace Process
Ann Din Coal Power Plant: Local Movement and Action to Preserve and Protect Natural Resources and Land: Mon IDP Report Case Study #4
Latest Human Rights Abuse Case Demonstrates Urgent Need to Reform the Myanmar National Human Rights Commission
Human Rights Far From Guaranteed as US Sanctions on Burma Are Removed