From 14 – 16 October 2014, approximately 600 representatives from civil society organizations nationwide will participate in the forum “Civil Societies’ Review on Myanmar/Burma’s Transition Process: Prospects for 2015 and Beyond” to hold a frank and open discussion regarding the weaknesses and needs of the current transition process in Myanmar/Burma.
The forum will aim to cover the following objectives:
1. Review the current Burma Government’s reform and reflect on its outcome domestically, regionally and internationally
2. Strategize effective implementation of future activities among civil society organizations.
Diverse group of individuals working in their respective fields have been invited to speak as panelists during the forum and cover five thematic issues.
Based on the panel discussions, the participants will break up into 14 thematic groups to discuss various issues facing the people of Myanmar/Burma. The outcome and recommendations of the collective discussions will be presented to civil society, the Myanmar/Burma Government and the broader international community.
We would like to welcome the media to join the forum on 14 October. In order for participants to speak freely, we request that all media representatives covering the forum refrain from participation on 15 – 16 October. We ask for your kind understanding and cooperation in creating a safe space for the participants to speak openly regarding the thematic issues.
Following the conclusion of the forum, a press conference will be held at the time and location below:
We would like to invite the media to join us for our press conference.
Sincerely,
Civil Society Forum Organizing Committee
သို့/ မီဒီယာ ညီအကို မောင်နှမများ
၂၀၁၅ နှင့် အလွန် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးဖြစ်စဉ်အပေါ် လူထုအဖွဲ့ အစည်းများ၏နှီးနှောဖလှယ်ပွဲကို အောက်ပါရည်ရွယ် ချက်များနှင့်အညီ ကျင်းပပြုလုပ် မည်ပါသည်။
၁။ “လက်ရှိအစိုးရ၏ပြုပြင်ပြောင်းလဲမှု” များကိုသုံးသပ်ပြီး ရလဒ်များကို လူထု အဖွဲ့ အစည်းများက နိုင်ငံတော်/ ဒေသ/ နိုင်ငံတကာ ကိုယ်စားပြု တင်ပြလာနိုင်ရန်။
၂။ သုံးသပ်တင်ပြလာသော ရှေ့လုပ်ငန်းစဉ်များနှင့် နည်းဗျူဟာများကို လူထုအဖွဲ့ အစည်းများ အကြား ထိရောက်သော နည်းလမ်းများဖြင့် ချိတ်ဆက်စုပေါင်း အကောင် အထည်ပေါ်လာနိုင်စေရန်။
ထိုနှီးနှောဖလှယ်ပွဲတွင် မြန်မာပြည်အနှံ့ရှိ အရပ်ဖက် လူထုအဖွဲ့အစည်း အသီးသီးမှ လူထု ၆၀၀ ခန့်ပါဝင်ကာ မြန်မာနိုင်ငံမှ လက်ရှိ အသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အားနည်းချက်၊ လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ထိုနှီးနှောဖလှယ်ပွဲအား အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။
နေ့ရက် ။ ။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၄ ) ရက်မှ (၁၆) ရက်အထိ
အချိန် ။ ။ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
နေရာ ။ ။ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိဿဟာယ ခန်းမ၊ ခဝဲခြံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
ထိုနှီးနှောဖလှယ်ပွဲတွင် သက်ဆိုင်ရာ နယ်ပယ်များ၌ လုပ်ကိုင်နေသူများမှ ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို နယ်ပယ်ငါးခု ခွဲပြီး ဝေမျှဆွေးနွေး ကြမည်ဖြစ်ကာ တက်ရောက် လာသူများမှ ထိုဆွေးနွေးချက်များ အပေါ်အခြေခံပြီး လူထုအနေဖြင့် လက်တွေ့ ရင်ဆိုင်နေရသည့် ကိစ္စရပ် ၁၄ ခုကို အသေး စိတ် ဆွေးနွေး ကြမည်ဖြစ် ပါသည်။ ထိုဆွေးနွေးချက်များမှ ထွက်ပေါ် လာသော အကြံပြုတောင်းဆိုချက်များကို နိုင်ငံတကာ အစိုးရများ၊ မြန်မာ အစိုးရ၊ မြန်မာ အရပ်ဖက် လူ့အဖွဲ့အစည်းများသို့ တင်ပြတောင်းဆို သွားမည်ဖြစ် ပါသည်။
နှီးနှောဖလှယ်ပွဲအပြီး အောက်တို ဘာလ (၁၇) ရက်နေ့တွင် ထိုပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို အောက်ပါ အစီအစဉ်အတိုင်းပြု လုပ်မည်ဖြစ်ပါသည်။
နေ့ရက် ။ ။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်
အချိန် ။ ။ နေ့လည် ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ
နေရာ ။ ။ Myanmar Media Library
သတင်းမီဒီယာများမှ သတင်းထောက်များ အနေဖြင့် ထိုသတင်းစာရှင်းလင်းပွဲတွင် တက်ရောက် သတင်းယူနိုင်ပါ ရန် လေးစားစွာ ဖိတ်ကြားအပ် ပါသည်။ နှီးနှော ဖလှယ်ပွဲ ပထမနေ့တွင်လည်း စိတ်ပါဝင်စားပါက တက်ရောက်နိုင် သတင်းယူနိုင် ပါသည်။ ဒုတိယနေ့နှင့် တတိယနေ့တွင်မူ တက်ရောက်သူများမှ ပိုမို လွတ်လပ်စွာ ဆွေးနွေးနိုင်စေ ရန်အတွက် မီဒီယာ သတင်းထောက်များအား ဝင်ခွင့်ပြုရန် အဆင်ပြေမည် မဟုတ်ပါကြောင်း လေးစားစွာ မေတ္တာ ရပ်ခံပန်ကြားအပ် ပါသည်။
လေးစားစွာဖြင့်
လူထုနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မီတီ
This post is in: Uncategorized