Signup Now!
Join our mailing list for latest news and information about Burma.

ဇွန်လ ၉ ရက်နေ့ဟာ ကချင်ဒေသ တကျော့ပြန်စစ် ၄ နှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ယခုအချိန်အထိ လုပ်ဆောင်ခဲ့မှုအားလုံးကို သုံးသပ်ပြချင်ပါတယ်ရှင့်။

By Kachin Peace Network  •  June 9, 2015

ကချင်စစ် ၁ နှစ်ပြည့်တဲ့အချိန် ဇွန်လ ၂၀၁၂ အချိန်က မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းမှာ စစ်ဖြစ်နေတယ် ဆိုတာကို သိရှိသူနည်းပြီး ဒုက္ခသည်များအတွက် နိုင်ငံတကာ ပံ့ပိုးမှုဟာ မရှိခဲ့ပါဘူး။ သတင်းစာနယ်ဇင်းများကိုလည်း ဆင်ဆာဥပဒေနဲ့ ပိတ်ပင်ကန့်သတ်ထားနေဆဲအချိန်ဖြစ်တဲ့အတွက် ပြည်သူလူထု သိရှိခဲ့မှု နည်းပါးတဲ့အတွက် ပြည်သူမှ ပြည်သူတို့ ကူညီနိုင်ရန်အတွက် “Heart to Heart” ဆိုတဲ့ Theme နဲ့ စစ်ဘေးဒုက္ခသည်များအတွက် ကူညီနိုင်ရန်နဲ့ ဒုက္ခသည်များဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ စစ်ရပ်ဆိုင်းအောင် ၀ိုင်းဝန်းကူညီဖို့အတွက် ”မိုးယိုနေတဲ့ အိမ်မှာ မိုးစိုနေတဲ့ ကြမ်းပြင်ကိုဘဲ သုတ်ပြီး မကျေနပ်ကြပါနဲ့၊ မိုးယိုနေတဲ့ ခေါင်မိုးကို ဖာရအောင်။” ဆိုပြီး ဒို့ရိုးရာစားသောက်ဆိုင်၊ ရွှေဂုံတိုင် မှာ လုပ်ခဲ့ကြပါတယ်။ တနှစ်လုံး အလှူရှင်များကို ဒုက္ခသည်များနဲ့ တွေ့ဆုံနိုင်အောင် ကူညီခြင်း။ သတင်းမီဒီယာများမှာ ဒုက္ခသည်များအကြောင်းပါလာအောင် ဆောင်ရွက်ခြင်း ဆိုတဲ့ ကိစ္စတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကချင်စစ် ၂ နှစ်ပြည့် နဲ့ ၃ နှစ်ပြည့်အချိန်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အတွက် ပြည်သူလူထုမှာ တာဝန်ရှိတယ်၊ ပါဝင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြဖို့ “Call for Peace” ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ခဲ့ကြတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မဖြစ်မနေ ဆောင်ရွက်ဖို့ နိုင်ငံတော်အစိုးရဘက်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်တွန်းသလိုဘဲ ပြည်သူလူထုကိုလည်း တွန်းအားပေးခဲ့ကြပါတယ်။ တပြိုင်နက်ထဲမှာ ငြိမ်းချမ်းရေးရံပုံငွေ ရရှိဖို့လည်း တိုက်တွန်းမီးမောင်းထိုးပြခဲ့ကြပါတယ်။ အခုအချိန်ဆိုရင် ငြိမ်းချမ်းရေးအမည်ခံ ကွန်ယက်၊ အစုအဖွဲ့များစွာ ပြည်တွင်းမှာ ပေါ်လာတာသာမက၊ နိုင်ငံခြားအဖွဲ့တွေ ခြေခြင်းလိမ်နေပြီး ရံပုံငွေအားဖြင့်လည်း အများဆုံး ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် CSO Forum for Peace လည်း အခြေခိုင်နေပြီ ဖြစ်ပါတယ်။
၂၀၁၅ မှာတော့ ဒုက္ခသည်များရဲ့ အခြေအနေဟာ စစ်ပွဲဖြစ်စ အချိန်ထက်ကို ဆိုးဝါးနေပြီဖြစ်တယ်။ UNOCHA ရဲ့ တွက်ချက်မှုအရ ၂၀၁၅ ရဲ့ လိုအပ်ငွေရဲ့ ၁၆% သာ ရရှိသေးတယ် လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ ဒုက္ခသည်များဟာ လူတယောက် တလကို ငွေသား ၁၂၅၀၀ ကျပ်နှင့် ညီမျှသော ဆန် ၆ ပြည် ၆လုံး၊ ဆီတဗူးနှင့် ဆားအနယ်းငယ်သာ ရရှိပါတယ်။ ဒီပမာဏဟာ လူတယောက်ကို တရက် ၄၀၀ကျပ်နှုန်းသာ ဖြစ်နေပါတယ်။ သို့သော် ဇွန်လ ၂၀၁၅ နောက်ပိုင်းမှာတော့ လက်ရှိပံ့ပိုးမှုရဲ့ ထက်ဝက်သာ ရရှိမယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ် ကချင်ဒေသတကျော့ပြန်စစ် ၄ နှစ်ပြည့်အထိမ်းအမှတ်အတွက် Concern, Care and Contribute to the IDPs ဆိုတဲ့ ခေါင်းစဉ်နဲ့ ကချင်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် ရံပုံငွေ တိုးမြင့်စေရန် သတင်းဖြန့်ဝေခြင်းနဲ့ နိုင်ငံတွင်း ရံပုံငွေရှာဖွေနိုင်ရန် လမ်းကြောင်းဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး လှုပ်ရှားကြမှာ ဖြစ်ပါတယ်။

မူလ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှ လူငယ်များမှ ဦးဆောင်ပြီး မနက်ဖန် ဇွန်လ ၆ရက် ၂၀၁၅ ခုနှစ် (စနေနေ့)မှာ နံနက်ပိုင်း ကျောက်တံတားမြို့နယ်မှ ဆူးလေဘုရားလမ်း၊ နေ့လည်ပိုင်း ကမာရွတ်မြို့နယ် လှည်းတန်းတံတားအောက်၊ ညနေပိုင်းကို လှိုင်မြို့နယ်မှ အင်းလျားကန်ဘောင်မှာ လူထုအမြင်ဖွင့်ပွဲနဲ့ ဒုက္ခသည်များအတွက် ရံပုံငွေ ရှာဖွေပွဲ ဆောင်ရွက်ဖို့ ကြိုးစားကြပါတယ်။ ခွင့်ပြုမိန့်ကို ရက် ၂၀ ကျော် ကြိုတင် တင်ခဲ့ကြပေမဲ့ ၂၄ နာရီအတွင်းမှ ထုတ်ပေးမယ် လို့ ပြောတဲ့အတွက် စောစော ထုတ်ပေးဖို့ သွားညှိခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့မှာတော့ မြို့နယ် ၃ ခုစလုံးက ခွင့်ပြုမိန့်အဆင်သင့်ဖြစ်ပြီ။ နောက်တနေ့မှာ လာယူပါ လို့ အကြောင်းကြားကြောင်း သိရှိရပါတယ်။

သို့သော်လည်း ထို ဇွန်လ ၃ ရက် ၂၀၁၅ ည ၈း၀၀ နာရီခန့်မှာ ကမာရွတ်မြို့နယ်မှ စခန်းမှူးက ကိုဂျော်ဂွန်းကို ဖုန်းဆက်ပြီး နောက်တနေ့မှာ ခရီးထွက်စရာရှိတာမို့ ညချင်းတွင်း လာယူပါ ဆိုပြီး ပြောတဲ့အတွက် ခွင့်ပြုမိန့်စာရွက် ယူဖို့ ကိုဂျော်ဂွန်းတယောက်ထဲ သွားလိုက်ပါတယ်။ ခွင့်ပြုမိန့်စာရွက်ကို ထုတ်ပေးပြီး ချက်ချင်းဘဲ အမှုလက်ကျန်အဟောင်းအတွက် စစ်ချက်ယူရမယ် ဆိုပြီး ၂၃ ရက် နိုဝင်ဘာလ ၂၀၁၄ နေ့မှာ Myanmar Peace Center ရှေ့မှာ ပန်းခွေသွားချတဲ့ အမှုနဲ့ လက်ရှိစခန်းမှူးက ဆွဲထားပါတယ် ဆိုပြီး ချက်ချင်း စစ်ချက်ယူဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရီကန်သံရုံးရှေ့မှာ ယာဉ်တိုက်မှုဖြစ်တဲ့အတွက် စခန်းမှူး လိုက်သွားရမယ် ဆိုပြီး ထွက်သွားတာတောင် အိမ်မပြန်ဘဲ စခန်းမှာ အပြီးအထိ ဆက်စောင့်ဖို့ ဖိအားပေးခဲ့ပါတယ်။ သို့သော် ည ၁၀ နာရီကျော်မှာ အိမ်ပြန်သွားပါတယ်။

နောက်တနေ့ မနက် ဇွန်လ ၄ ရက် မနက် မှ ခွင့်ပြုမိန့်ကို ကြည့်လိုက်တဲ့အခါ တောင်းဆိုထားတဲ့ လှည်းတန်းတံတားအောက် အစား တာမွေမြို့နယ်က ဟစ်တိုင်မှာ ခွင့်ပြုကြောင်း ရေးထားတာကို တွေ့ရပါတယ်။ သို့သော်လည်း မနက်စောစောမှာဘဲ ဟစ်တိုင်မှာ မဟုတ်တော့ဘဲ ဗိုလ်စိန်မှန်ကွင်းမှာဘဲ ခွင့်ပြုကြောင်း ရဲစခန်းမှ စာရွက် လဲသွားပါတယ်။တဆက်ထဲမှာဘဲ လှိုင်မြို့နယ်နဲ့ ကျောက်တံတားမြို့နယ်ကလည်း ဗိုလ်စိန်မှန်ကွင်းမှာဘဲ ခွင့်ပြုကြောင်း စာထုတ်ပေးပါတယ်။ အဲဒီအချိန်မှာ ညနေ ရုံးဆင်းချိန် နီးနေပါပြီ။

သို့သော် ညနေပိုင်း ဗိုလ်စိန်မှန်ကွင်းကို သွားကြည့်တဲ့အခါမှာ ”မြို့တော်စည်ပင် ဥယာဉ်ဌာန ပိုင်ဖြစ်တဲ့အတွင် စည်ပင် ရဲ့ အဆင့် ၃ ဆင့် (မြို့နယ်၊ ခရိုင်၊ တိုင်း) က ခွင့်ပြုမိန့် လိုအပ်တယ် လို့ ပြောပါတယ်။ မနှစ်က အတွေ့အကြုံအရ တရက်ထဲနဲ့ ခွင့်ပြုမိန့်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အတွက် ဒီနေ့မှာ – အဲဒီ စည်ပင် ရုံး ၃ ဆင့်စလုံးကို “မြို့နယ်ရဲစခန်း ၃ ခုရဲ့ ခွင့်ပြုချက်နဲ့ ဗိုလ်စိန်မှန်ကွင်းကို အသုံးပြုမည်ဖြစ်ကြောင်း အကြောင်းကြားစာ”

ကချင်များရဲ့ ဆုံးဖြတ်ချက်။

၁။ ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုချက်ရတဲ့အတိုင်း နံနက် ၈နာရီမှ ညနေ ၆ နာရီအတွင်း ဆောင်ရွက်ပါမည်။

၂။ မူလ ရည်ရွယ်ချက်အတိုင်း မိမိတို့ လမ်းပေါ်ထွက်ပြီး အမြင်ဖွင့်မှု မလုပ်နိုင်တဲ့အတွက် ပြည်သူလူထု ကိုသာ မည်သူမဆို ဗိုလ်စိန်မှန်ကွင်းမှာ လာရောက် ပါဝင်ကြပါ လို့ ဖိတ်ခေါ်ပါတယ်။

၃။ ၉ ရက် ဇွန်လ ၂၀၁၅ မှာတော့ သံတမန်မိသားစုနဲ့ နိုင်ငံခြားအလှူရှင် အဖွဲ့အစည်းများကို ဒုက္ခသည်များအကြောင်း တင်ပြမဲ့ Donor Briefing ကို MiCasa မှာ ညနေ ၂ နာရီမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

၎။ Global Campaign ကို Burma Partnership က ဦးဆောင်ပြီး လုပ်ပေးနေပါတယ်။ ဘာသာပြန်ပြီး မြန်မာနိုင်ငံက CSO များကို ပါဝင်နိုင်ဖို့ ဒီညနေမှာ လွှတ်လိုက်ပါ့မယ်။

၅။ ကိုဂျော်ဂွန်းကို မြို့နယ် ၃ ခုက တရားစွဲထားပါတယ်။

 

၂၀၁၄ ခုနှစ် လိုင်ဇာမြို့မှာ ဗိုလ်လောင်း ၂၃ ဦး မြန်မာ့တပ်မတော်ရဲ့ မော်တာကျည်ကြောင့် သေဆုံးခဲ့မှုကို ဆန့်ကျင်တဲ့အနေနဲ့ Activists များက MPC ရဲ့ အရှေ့မှာ ပန်းစည်းချတဲ့အထဲမှာ လိုက်ပါသွားမှုပါ။ ကချင်ငြိမ်းချမ်းရေးကွန်ယက်က organizers မဟုတ်ပေမဲ့ ပန်းစည်း လိုက်ချကူတဲ့အတွက်

၁. စမ်းချောင်းမြို့နယ်။။။ ပန်းစည်းချဖို့ လူစုတဲ့အချိန်မှာ လက္ဖက်ရည်ဆိုင်မှာ ထိုင်စောင့်မှု။

၂. MPC ရှေ့ ပန်းစည်းချမှု

၃. နေ့လည်မှာ ကန်ဘောင်မှာ ကဗျာဆရာများ ကဗျာရွတ်ရာမှာ သွားရောက်အားပေးပြီး Group ပုံရိုက်ခဲ့မှု။

၆။ CSO Forum နဲ့ မိတ်ဆွေများအနေနဲ့ အကြံဥာဏ်ဝိုင်းပေးဖို့နဲ့ လိုအပ်တယ်လို့ မြင်ရတဲ့ နေရာတွေမှာ ၀င်ရောက်ကူညီပံ့ပိုးပေးကြပါလို့ အကူအညီ တောင်းလိုပါတယ်။ ကျွန်မတို့အဖွဲ့တော့ ပြိုင်းနေပြီး ခေါင်းထဲမှာ ဘာမှ မရှိတော့ပါဘူး။

ကျေးဇူးတင်ပါတယ်။

သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင်လည်း ဒေါင်းလုပ်ရယူနိုင်ပါသည်။

 

Tags: , ,

This post is in: Press Release

Related Posts
Burma Partnership Celebrates Continuing Regional Solidarity for Burma and Embraces the Work Ahead for Progressive Voice
Myanmar’s New Dawn :Opportunities for Aung San Suu Kyi and U.S.-Myanmar Relations
Expanding People’ Solidarity for a Just and Inclusive ASEAN Community
Civil society launches #FreeThe5KH campaign in support of the imprisoned ADHOC staff and NEC official
Myanmar logging ban a major step to forest sector reform