Signup Now!
Join our mailing list for latest news and information about Burma.

ဒုက္ခသည်တို့၏အသံ – ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာ့ဒုက္ခသည်များအခြေအနေ

By Burma Partnership and Burma Link  •  June 20, 2015

Burmarefugeeဒုက္ခသည်တို့အသံထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ မြန်မာ့ဒုက္ခသည်များအခြေအနေ

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ နှင့် Burma Link ၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်

(၂၀၁၅ ခုနှစ် ဇွန်လ ၁၀ရက်) ယနေ့တွင် Burma Link နှင့် မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ တို့မှ ဒုက္ခသည်တို့၏အသံ – ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ မြန်မာ့ဒုက္ခသည်များ အခြေအနေ ဟုအမည်ရှိသည့် စာတမ်း အကျဉ်းတစ်စောင်ကို မြန်မာဘာသာဖြင့် အင်တာနက်စာမျက်နှာပေါ်သို့ ပူးတွဲထုတ်ဝေတင်ပြထားပါသည်။ ထိုစာတမ်း တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကာလအတွင်း ဒုက္ခသည်တို့၏အသံများ ဆက်လက်လျစ်လျူရှုခံ နေရဆဲဖြစ်သည်ကို အဓိကထား ရေးသားဖော်ပြထားပါသည်။

အဆိုပါ စာတမ်းအကျဉ်းကို မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ၏ အလုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံ ဒီမိုကရေတစ်အင်အားစု၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူးလည်းဖြစ်သော ကိုစိုးအောင်မှ မကြာသေးမီက မလေးရှား တွင်၂၀၁၅ ခုနှစ် ဧပြီလ ၂၂ – ၂၄ ရက် နေ့စွဲဖြင့် ကျင်းပခဲ့သော အာဆီယံအရပ်ဖက်လူမှုအဖွဲ့အစည်းညီလာခံ (သို့မဟုတ်) အာဆီယံလုထုဖိုရမ် ၂၀၁၅ တွင် ဦးစွာစတင်ထုတ်ဝေတင်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာ ထိုစာတမ်းကိုမူ ဧပြီလ ၂၇ ရက်နေ့ တွင် အင်တာနက်စာမျက်နှာပေါ်သို့ စတင်ထုတ်ဝေတင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အိုးအိမ်စွန့်ရွှေ့ပြောင်းနေထိုင်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ထိုအချိန်အခါမျိုး၌ အလောတကြီး ပြုလုပ်လာနိုင်ဖွယ် အလားအလာရှိသည့် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေး အစီအစဉ်အပေါ် ဒုက္ခသည်များ၏ စိုးရိမ်ကြောင့်ကြမှုများ၊ ဒုက္ခသည်စခန်းအတွင်း ယခုနောက်ပိုင်း ရိက္ခာထောက်ပံ့ မှုများ လျော့နည်းလာမှုနှင့်အတူ လှုပ်ရှားသွားလာမှုများအား တင်းကျပ်စေသည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ် လာခြင်းကြောင့် ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း များ စသည်ဖြင့် ဒုက္ခသည်တို့၏ စိုးရိမ်ပူပန်မှုအမျိုးမျိုးကို ဤစာတမ်းတွင် ထည့်သွင်းဖော်ပြထားပါသည်။ ဒုက္ခသည် များနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ စီစဉ်ပြင်ဆင်မှုများ လုပ်ဆောင်ရာတွင် ၎င်းတို့နှင့် နီးကပ်စွာ အလုပ်လုပ် နေသော လူထုအခြေပြုအဖွဲ့အစည်းများနှင့်တကွ ဒုက္ခသည်များကိုယ်တိုင် ပါဝင်မှုရှိစေရန်နှင့် ထိုအရေးကိစ္စတွင် ပါဝင်လုပ်ဆောင်သူများအားလုံးအတွက် လိုအပ်ချက်များကို ဤစာတမ်းမှ သယ်ဆောင်လာပေးပါသည်။

Download the full briefing paper here (Burmese). စာတမ်းအပြည့်အစုံကို ဤနေရာတွင် ရယူနိုင်ပါသည်။ (မြန်မာဘာသာ)

Download the full briefing paper here (English). စာတမ်းအပြည့်အစုံကို ဤနေရာတွင် ရယူနိုင်ပါသည်။ (အင်္ဂလိပ်ဘာသာ)

Tags: , ,

This post is in: Displacement, Ethnic Nationalities, Human Rights

Related Posts
Ann Din Coal Power Plant: Local Movement and Action to Preserve and Protect Natural Resources and Land: Mon IDP Report Case Study #4
Burma Army Continues to Act with Impunity1: Case Study #3
Landmine Victim in Jo Haprao, Bee Ree: Mon IDP Report Case Study #2
Fleeing Sexual Violence from Yebyu Township to the Thailand-Burma Border: Mon IDP Report Case Study #1
New Report Urges Government to Address Protracted Displacement in Upcoming Panglong Conference