Signup Now!
Join our mailing list for latest news and information about Burma.

မောင်းမကန်ကျေးရွာသူ/ကျေးရွာသားများ၏သဘောထားထုတ်ပြန်ချက်

By မောင်းမကန်ကျေးရွာသူ၊ကျေးရွာသားများ  •  July 11, 2015

ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်ကတည်းက
တည်ရှိ သော ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသခံအများစုမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖြင့် အဓိကသက်မွေးဝမ်းကျောင်းပြုကာ လုပ် ကိုင်လျက်ရှိသော ကျေး ရွာတစ်ရွာဖြစ်သည်။

လက်ရှိအချိန်တွင် ကျေးရွာဧရိယာများသည် သစ်တောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော အတွင်းကျရောက်လျက် ရှိပါ သည်။
မောင်းမကန်ကမ်းခြေတွင် ဟိုတယ်စီမံကိန်းများကို ထားဝယ်ဖွံဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ(DDPC)က ၂၀၁၂ခုနှစ်၊ သြဂုတ်လ မှစတင်ကာ လုပ်ဆောင်လာခဲ့ပြီး၊ တနင်္သာရီဖွံဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီ (TDDPC)က ၂၀၁၃ခုနှစ်၊ တွင် ထပ်မံလုပ်ဆောင်လာခဲ့ပါသည်။

ယင်းကမ်းခြေရှိတပ်မတော်မှသိမ်းယူထားသော မြေဧရိယာမှ ဧက (၅၀)ခန့်တွင် DDPC အများပိုင်ကုမ္ပဏီမှ ကနဦး ဘန်ဂလိုများကို တည်ဆောက်လာပြီးနောက် ၂၀၁၄ ခုနှစ်၌ မြေဧရိယာ(၁၄၈.၄၀)ဧကတွင် ဟိုတယ်စီမံကိန်း တည် ဆောက်ရန်လုပ်ပိုင်ခွင့်ရရှိခဲ့ပါသည်။
၂၀၁၅ခုနှစ်၊ ဇွန်လ တွင် DDPC အများပိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်၂၅၄.၈၀ ဧကကို ထပ်မံမြေယာအသုံးပြုခွင့်ရရှိရန် လျှောက်ထား လာခဲ့ပြန်သည်။

လက်ရှိအချိန်တွင် ဒေသခံများကြုံတွေ့နေရသည်များ

၁။DDPC အများပိုင်ကုမ္ပဏီမှ ဟိုတယ်စီမံကိန်းတည်ဆောက်မည့် မြေနေရာများသည် ကျေးရွာ၏စားကျက်မြေဖြစ်ပြီး၊ ယင်းမြေဧရိ ယာအတွင်း၌ စီမံကိန်းဖော်ဆောင်လာပြီးနောက် ကျေးရွာသူ/ရွာသားများ ၀မ်းစာအတွက် ရှာဖွေစား သောက်လျက်ရှိသော သီးနှံများ နှင့်သားငါးများကို ရှာဖွေရန်အခက်အခဲဖြစ်ပေါ်လာခဲ့ပါသည်။

၂။DDPC အများပိုင်ကုမ္ပဏီ၏ ဧရိယာသတ်မှတ်ပြီး ခြံစည်းရိုးကာရံထားသည့်နေရာမှာ ယခင်ငါးဖမ်းရန် စက်လှေဆိပ်သို့ သွားရာ လမ်းများဖြစ်၍ ရေလုပ်သားများ သွားလာရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

၃။မောင်းမကန်ဒေသခံများ နှင့်DDPC ကုမ္ပဏီ၏ အမှုဆောင်အဖွဲ့ဝင်တို့ ၂၀၁၂ခုနှစ်၊ သြဂုတ်လ၂၆ရက်နေ့ တွေ့ဆုံအချိန် တွင် ယင်းအများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်စိုးက ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများကိုလုပ်ဆောင်ပေးပါမည်ဟု ပြောဆိုထား သော်လည်း အကောင်အထည်ဖော်မှုအားနည်းလျက်ရှိပါသည်။

၎။သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဆက်စပ်သောရာဌာနများသည် ကျေးရွာဒေသခံများ၏ အကျိုးစီးပွားထက် အများ ပိုင်ကုမ္ပဏီ၏ အကျိုးစီးပွားကို ပိုမိုအလေးပေးကာ လုပ်ဆောင်လျက်ရှိသည်ကို သုံးသပ်တွေ့ရှိရပါသည်။
-မိမိတို့၏ဘိုးဘွားပိုင်မြေများအပေါ်တွင် သက်မွေးဝမ်းကျောင်းအတွက် ရှာဖွေစားသောက်ခွင့်မရရှိဘဲ့၊ အများပိုင်ကုမ္ပဏီ များကိုသာ လုပ်ပိုင်ခွင့်ပြုခြင်း။

-DDPC အများပိုင်ကုမ္ပဏီ လုပ်ကိုင်သည့် မြေဧရိယာအချို့သည် မောင်းမကန်သစ်တောကြိုးဝိုင်/ကြိုးပြင်ကာကွယ်တော များမှ ပယ် ဖျက်ပေးသော်လည်း ၊ကျေးရွာပိုင်မြေများကို သစ်တောကြိုးပြင်ကာကွယ်တောမှ မပယ်ဖျက်ပေးခြင်း။

၅။DDPC အများပိုင်ကုမ္ပဏီ မှ မောင်းမကန်ကမ်းခြေတွင် ကနဦး ဆောက်လုပ်ထားသော ဘန်ဂလိုများအား တဆင့်ခံ အငှားချထားသည်ကို လေ့လာသိရှိရသဖြင့် ယင်းအများပိုင်ကုမ္ပဏီမှ ထပ်မံလျှောက်ထားဆဲမြေဧရိယာကိုလည်း မည် သို့အသုံးပြုလာမည်ကို မေးခွန်းထုတ်စရာဖြစ်လာပါသည်။

ထို့ကြောင့် အများပိုင်ကုမ္ပဏီများအား မောင်းမကန်ကျေးရွာဧရိယာအတွင်း၌ စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုသကဲ့ သို့ မောင်မကန်ကျေး ရွာသူ/ကျေးရွာသားများ၏ မိဘဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်နေထိုင်ခဲ့လာသော မြေဧရိယာများကိုလည်း အများပိုင်ကုမ္ပဏီများ နည်းတူ မြေယာအသုံးပြုလုပ်ကိုင်ခွင့်ရရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်ဌာနများ က လျှင်မြန်စွာလုပ်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း မောင်းမကန်ကျေးရွာ သူ/ရွာသားများကသဘောထား ထုတ်ပြန်လိုက်ပါသည်။

ဆက်သွယ်ရန်:
ဦးထွန်းကြည် ၀၉၄၅၀၉၉၄၈၃၂
ဦးဝင်းနိုင် ၀၉၄၅၀၉၉၁၆၆၂

သဘောထားကြေညာချက်ကို ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , , ,

This post is in: Press Release

Related Posts
Companies Land Applications Spark Villagers’ Protest Over Disputed Land in Karen State
Karen Civil Society Rallies Around Japan’s Harmful Plans for Eastern Burma
Economics of Peace and Conflict
New Film Calls for Political Dialogue for Lasting Peace in Burma’s Kachin State
Shwe Gas Pipeline, A Sign of Things to Come