On 9 October 2015, Burma Partnership will launch a report titled Elections for Ethnic Equality? A Snapshot of Ethnic Perspectives on the 2015 Elections at the Royal Rose in Rangoon, Burma.
Written by Burma Partnership’s Progressive Voice Policy Research Project, the 69 page report gives a snapshot of ethnic communities’ and ethnic political parties’ views on the 2015 elections. The report also highlights fundamental issues for ethnic people such as the need for peace, ethnic equality, self-determination and a federal system of governance. Despite the hopes that the 2015 elections will lead to further democracy in the country, the institutional structures of governance that centralize power, as well as the overarching power and influence of the Burma Army as stipulated by the 2008 Constitution, will continue to undermine the rights of ethnic communities.
As the country steadily approaches the much-anticipated 2015 elections, and with the peace process ongoing, the report seeks to analyze whether the 2015 elections will create the political landscape for the ethnic communities to truly achieve their rights, aspirations and goals that ethnic political parties and ethnic armed organizations are striving for.
What: Launch of Elections for Ethnic Equality? A Snapshot of Ethnic Perspectives on the 2015 Elections
Where: Royal Rose, Shwegondaing Rd, Rangoon, Burma
When: 9 October, 2015, 14:00-16:00 ( Rangoon Time)
The launch will be conducted in Burmese language, although English language copies of the report and press release will be provided at the launch. For non-Burmese language speakers, it is advisable to bring an interpreter.
For more information contact:
Aung Khing Min, Advocacy and Research Officer, Burma Partnership, ph(+95 92 6239 8829) [email protected] (Burmese, English)
Alex Moodie, Advocacy and Research Office, Burma Partnership, ph (+95 9780069440) [email protected] (English)
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့
သို့
မီဒီယာမိတ်ဆွေများ
အကြောင်းအရာ။ ။ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် “တိုင်းရင်းသားတန်းတူရေးကို ရွေးကောက်ပွဲမှ ဖော်ဆောင်ပေးနိုင်မလား – ၂၀၁၅ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားလူမျိုးစုများ၏ အမြင်သဘောထားများ တစ်စိတ်တစ်ပိုင်း စုစည်းတင်ပြချက်” အစီရင်ခံစာ မိတ်ဆက်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) ၏ ရှေ့ပြေးအသံ မူဝါဒသုတေသန စီမံကိန်းမှ ရေးသားပြုစုထားသော စာမျက်နှာ ၆၉ မျက်နှာပါ “တိုင်းရင်းသားတန်းတူရေးကို ရွေးကောက်ပွဲမှ ဖော်ဆောင်ပေးနိုင်မလား – ၂၀၁၅ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားလူမျိုးစုများ၏ အမြင်သဘောထားများ တစ်စိတ်တစ်ပိုင်း စုစည်းတင်ပြချက်” အမည်ရှိ အစီရင်ခံစာကို၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဤအစီရင်ခံစာသည် တိုင်းရင်းသားလူမျိုးစုများ၏ အခြေခံလိုလားချက်များဖြစ်သော ဖယ်ဒရယ်ပြည်ထောင်စု စနစ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းရင်းသားတန်းတူရေးနှင့် ငြိမ်းချမ်းရေး လိုအပ်ချက်များအပေါ် တွေ့ဆုံမေးမြန်း ခဲ့သည့် အမေးအဖြေများအား အခြေခံကာ ရေးသားပြုစုထားသည့် အစီရင်ခံစာ ဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲမှ ဒီမိုကရေစီ ပိုမိုဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက်များ ရှိသော်လည်း ဗဟိုဦးစီး ချုပ်ကိုင်မှုလွှမ်းမိုးနေသည့် အုပ်ချုပ်ရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်မှအာဏာ အလွန်အကျွံဆုပ်ကိုင်ကာ ကြီးစိုးနေခြင်းတို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရဦးမည်သာဖြစ်သည်ကို ဤအစီရင်ခံစာမှ သုံးသပ်တင်ပြထား ပါသည်။
အလွန်မျှော်လင့်ထားကြသည့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အရှိန် မြင့်လာသည့်အချိန်တွင် တိုင်းရင်းသားလူထုများအတွက် အခွင့်အရေးများ၊ မျှော်မှန်းချက်များနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ဦးတည်ကြိုးပမ်းနေသည့် ရည်မှန်းချက်ပန်းတိုင်များ အမှန်တကယ်လက်လှမ်းရရှိနိုင်စေမည့် နိုင်ငံရေးအကွက်အကွင်းတစ်ခုအား ၂၀၁၅ ရွေးကောက်ပွဲမှ ဖော်ဆောင်ပေးနိုင် မပေးနိုင်အကြောင်းကိုလည်း ဤအစီရင်ခံစာမှ သုံးသပ်တင်ပြထားပါသည်။
အစီအစဉ်
နေ့ရက် – ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက် ( သောကြာနေ့)
အချိန် – ညနေ ၂ နာရီ မှ ၄ နာရီအထိ
နေရာ – တော်ဝင်နှင်းဆီခန်းမ
ဆက်သွယ်ရန်
ကိုအောင်ခိုင်မင်း
Advocacy and Research Officer
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
ဖုန်း (+၉၅ ၉၂ ၆၂၃၉ ၈၈၂၉)၊ အီးမေးလ် [email protected] ( မြန်မာနှင့် အင်္ဂလိပ်ဘာသာ)
Alex Moodie
Advocacy and Research Officer
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
ဖုန်း (+၉၅ ၉၇၈၀၀၉၆၄၄၀)၊ အီးမေးလ် [email protected] (အင်္ဂလိပ်ဘာသာ)
This post is in: Uncategorized