Signup Now!
Join our mailing list for latest news and information about Burma.

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အသိပေး ထုတ်ပြန်ကြေညာချက်

By All Burma Federation of Student Unions  •  November 17, 2015

နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးအတွက် အစာငတ်ခံတိုက်ပွဲဝင်နေသော ကိုအောင်မှိုင်းဆန်း နှင့် တကွ ရဲဘော် အားလုံး သည် အစာငတ်ခံ တိုက်ပွဲဝင်နေခြင်း ကို ယာယီ အားဖြင့် ရပ်ဆိုင်းလိုက်ပါသည် ။

အစာငတ်ခံ တိုက်ပွဲဝင်နေသော ရဲဘော်များထံ လူကြုံစကားဖြင့် လည်းကောင်း ၊ လူကိုယ်တိုင်အဖြစ် လည်းကောင်း ၊ ကြေညာချက် ထုတ်ပြန်၍ လည်းကောင်း ၊ အစာငတ်ခံတိုက်ပွဲဝင်နေမှုအပေါ် အောက်ပါ အချက်အလက်များဖြင့် မေတ္တာရပ်ခံ လာကြပါသည် ။

ဗကသများအဖွဲ့ချုပ် အား လေးစားဦးညွှတ်လျက် တောင်းဆိုမှုအား ထောက်ခံပါကြောင်း သို့ပါသော်လည်း ယနေ့ အချိန်အခါ တွင် တတိုင်းပြည်လုံးမှ ပြည်သူလူထုသည် အပြောင်းအလဲ အတွက် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းနိုင်ရေး ကို မျှော်လင့် စိုးရိမ်နေကြပြီး တချိန်တည်းမှာပင် အစာငတ်ခံ တိုက်ပွဲဝင်နေသူများ အပေါ် များစွာ စိုးရိမ် ပူပန်နေကြပါကြောင်း နှင့် သို့ပါ၍ ထိုစိုးရိမ် ပူပန်မှု အား အချိန်အတိုင်းအတာ တခုထိ လျော့ချ ပေးနိုင်ရန် အတွက် ရဲဘော်တို့၏ တိုက်ပွဲကို ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းမှု အချိန်ထိ ရွေ့ဆိုင်းပေးစေလိုကြောင်းဖော်ပြလျက် အဖွဲ့အစည်း အသီးသီးမှ တိုက်ပွဲဝင် ရဲဘော်များနှင့် ဗကသ များ အဖွဲ့ချုပ် ထံသို့ မေတ္တာ ရပ်ခံလာပါသည်။

သို့ပါသောကြောင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အလေးထား၍ လည်းကောင်း ၊ နိုင်ငံရေး မိတ်ဖက် အဖွဲ့အစည်း များ ၏ မေတ္တာရပ်ခံမှုအပေါ် လေးစားတန်ဖိုးထား၍ လည်းကောင်း ဗကသများအဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်း နှင့် အတူ သာယာဝတီ ထောင် ၊ မြင်းခြံထောင်တို့တွင် အစာငတ်ခံ တိုက်ပွဲဝင်မှုကို ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းချိန်အထိ ယာယီအားဖြင့် ရပ်ဆိုင်း လိုက်ကြောင်း အသိပေး ကြေညာထုတ်ပြန်အပ်ပါသည် ။

သတင်းနှင့်ပြန်ကြားရေး
ဗဟိုလုပ်ငန်းကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။

Tags: , , ,

This post is in: Press Release

Related Posts
အလုပ်သမားသပိတ်စစ်ကြောင်းမတရားဖမ်းဆီးဖြိုခွဲခံရမှုအပေါ် မကသများအဖွဲ့ချုပ်၏သဘောထားကြေညာချက်
Myanmar: Investigate Use of Excessive Force Against Letpadan Protesters
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ သဘောထားကြေညာချက်
New Lease of Life in Burma Parliament but Political Prisoners Left Behind
Medical Crisis for Political Prisoners of Letpadan Case