Dear Excellencies,
We write to you regarding Burma/Myanmar as civil society groups working on the ground in the country. We strongly urge you to continue the UN Human Rights Council resolution on Burma/Myanmar and as in past years extend the mandate of the Special Rapporteur under Item 4 of the Council’s agenda. At this important juncture in the country’s history, we request the Council and the Special Rapporteur to work towards establishing clearly benchmarked guidelines that will act as a road map for the future of human rights in Burma/Myanmar.
Burma/Myanmar’s political transition is at the cusp of a new era, however this era is yet to come and a full transition is yet to take place. It is at such moments that we look to the Council for heightened vigilance and support. These moments are fragile and years of hard work can be easily derailed at such a time in the absence of close scrutiny and monitoring.
When the Council considers Burma/Myanmar this year, the newly elected government would not have fully settled in and the extent of democratic civilian control still remains limited. Under the 2008 Constitution, the military is guaranteed 25% of Parliamentary seats; control of three key and powerful ministries; extensive powers through the General Administration Department (GAD) under the Ministry of Home Affairs; and has the upper hand in the powerful National Defense and Security Council (NDSC). Constitutional safeguards also prevent elections from truly being free, fair and credible while ensuring the military remains impervious to change. Recent legislative initiatives, such as the proposed NDSC bill, approval of the Presidential Security bill and extension of the military commander in chief’s retirement age by a further five years, are further bids to shore up the military’s power. Until the military is reformed, placed under civilian control and held accountable for its actions, it will remain the main perpetrator of human rights abuses.
In the coming months, as we approach a potential point of departure for politics in the country, it is important to recognise that beneath the political transition there lies an enormous human rights challenge.
As you may know the government’s pledge to release all political prisoners by 2013 is yet to be fulfilled. 2015 ended with 128 political prisoners still behind bars while 403 activists and human rights defenders awaited trials. The year 2015 saw an increased crackdown on dissent and the freedom of association. Notorious laws such as the Article 18 of the Peaceful Assembly and Procession Act and the Telecommunications Act remain prone to abuse alongside a draconian criminal code. Institutions such as the judiciary and the Myanmar National Human Rights Commission need urgent reforms to ensure their independence and impartiality. The military drafted 2008 Constitution in its current form entrenches impunity and enables the Burma Army to control all walks of life through its position in key ministries. Such fundamental institutional changes will require close monitoring and assistance by UN experts as well as public participation.
Serious ongoing armed conflict and escalating forced displacements, particularly in ethnic areas, makes a mockery of the peace process including the Nationwide Ceasefire Agreement (NCA). The armed conflict continues to displace victims by the thousands and has affected most of these communities for many decades alongside widespread abuses including torture, sexual violence and extrajudicial killings, all of which still continue at present. This is in addition to the thousands of refugees along the Thailand-Burma/Myanmar border who continue to be displaced with little prospects for a safe and dignified return. The military continues to exert an iron grip on ethnic minority states and is the largest perpetrator of abuses, including the systematic use of sexual violence. A former UN special rapporteur on the situation of human rights situation in Burma/Myanmar called for an inquiry into war crimes and crimes against humanity in the country and said that abuses were “a state policy that involves authorities in the executive, military and judiciary at all levels”. The recently signed NCA and the following Union Peace Conference have not signalled any possibility of change.
In the past few years intolerance and religious extremism have been rife in Burma/Myanmar. Systematic discrimination imposed through legislation and state policy on Muslim minority communities is notable in this regard. The intensity of this discrimination provoked a massive regional refugee and humanitarian crisis last year, encompassing parts of South Asia and a major part of South East Asia. To date, the root causes for their persecution and flight are yet to be resolved.
Deeply entrenched conflicts have to be resolved and truth, justice and accountability need to be established. This is once again a task of massive proportions that will require extensive international assistance, monitoring and expertise.
We believe that it is imperative for the UN Human Rights Council to play a leadership role in this momentous time in the history of Burma/Myanmar. The Council should utilise its long experience of engaging with the country as it continues its nascent transition and political reforms toward democracy. In order to do this the body should continue its current engagement under item 4 of its agenda and take advantage of this historic moment to provide a clear vision and roadmap to tackle the massive human rights challenges Burma/Myanmar faces. The government of Burma/Myanmar should in tandem take immediate steps to facilitate the opening of the long pending Office of the United Nations High Commissioner for Human Rights (OHCHR) with a full monitoring and reporting mandate within the country.
Please accept the assurance of our highest consideration.
Signed by:
Download the joint Open letter in English here.
သို့
ကုလသမ္မဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နှင့်လေ့လာသူနိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များ
လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင့်/ခင်ဗျား
အောက်ခြေပြည်သူလူထုများနှင့် အလုပ်လုပ်နေသော အရပ်ဘက်လူထုအဖွဲ့အစည်းများဖြစ်သည့် ကျွန်ုပ်တို့မှ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး လူကြီးမင်းများထံသို့ စာရေးလိုက်ပါသည်။ လူကြီးမင်းများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UN Human Rights Council – UNHRC) ၏ ဆုံးဖြတ်ချက်ကို ဆက်လက် ထားရှိရန်နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ အခွင့်အာဏာကို ယခင်နှစ်များ အတိုင်း ကောင်စီ၏ အစီအစဉ် အမှတ် ၄ အောက်တွင် သက်တမ်းတိုးပြီး ဆက်လက်ထားရှိပေးရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံ၏သမိုင်းတွင် ဤအရေးကြီးလှသောဆုံချက်ကာလ၌ ကောင်စီနှင့် အထူးကိုယ်စား လှယ်တို့မှ မြန်မာနိုင်ငံလူ့အခွင့်အရေး၏ အနာဂတ်အတွက် လမ်းပြမြေပုံအဖြစ် ဆောင်ရွက်ပေးမည့် ရှင်းလင်းသေချာ သော စံနှုန်းမှီလမ်းညွှန်မူများ ချမှတ်တည်ထောင်ရေးအတွက် လုပ်ဆောင်ကြပါရန် ကျွန်ုပ်တို့မှ ပန်ကြားအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ပြောင်းမှုသည် ခေတ်သစ်တစ်ခု၏ အနားစပ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့ရာတွင် ယင်းခေတ်ထဲ မရောက်သေးသလို ရာနှုန်းပြည့်အသွင်ပြောင်းမှုသည်လည်း ဖြစ်မလာသေးပေ။ ယင်းကဲ့ သို့သောအချိန်အခါတွင် ကောင်စီ၏ ပိုမိုမြင့်မားသည့် နိုးကြားသတိနှင့် ထောက်ကူအားပေးမှုတို့ ရယူနိုင်ရန် ကျွန်ုပ်တို့မှ မျှော်လင့်ပါသည်။ ဤကာလများသည် ကွဲရှလွယ်ပြီး အနီးကပ် စစ်ဆေးလေ့လာမှုနှင့် စောင့်ကြည့်အကဲခတ်မှုများ ကင်းမဲ့ပါက နှစ်ပေါင်းများစွာ အပတ်တကုတ် ကြိုးပမ်းအားထုတ်ချက်များမှာ အလွယ်တကူပင် ရေစုန်မျောသွားနိုင် သည်။ ယခုနှစ်အတွက် ကောင်စီမှ မြန်မာနိုင်ငံအပေါ် စဉ်းစားသုံးသပ်သည့်အချိန်တွင် ရွေးကောက်ခံအစိုးရသစ်မှာ အပြည့်အဝအထိုင်ကျဦးမည်မဟုတ်ဘဲ အရပ်ဘက်ဒီမိုကရေစီချုပ်ကိုင်မှု ပမာဏကိုလည်း တိကျစွာသတ်မှတ်နိုင်ဦး မည် မဟုတ်သေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်၌ အမတ်နေရာ ၂၅% ရရှိထားပြီး သော့ချက်ကျသည့် အင်အားကြီးဝန်ကြီးဌာနသုံးခုကိုလည်း ထိန်းချုပ်ထားခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားခြင်းနှင့် သြဇာကြီးသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (National Defense and Security Council – NDSC) ၌လည်း အပေါ်စီးရရှိထားခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ လွတ်လပ်၊ မျှတ၍ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများ မှန်ကန်စွာ ဖော်ဆောင်ကျင်းပနိုင်ရေးတို့ကို ကာကွယ်တားဆီးထားပြီး စစ်တပ်ပြုပြင်းပြောင်းလဲရေးကိုလည်း မပြုလုပ်နိုင်အောင် သေချာစွာ အကာအကွယ် ပေးထားသည်။ NDSC ဆိုင်ရာ ဥပဒေပြုတင်သွင်းရေး၊ သမ္မတလုံခြုံရေး ဥပဒေကြမ်း အတည်ပြုရေးနှင့် တရားဝင် အငြိမ်းစားအနားယူသက်တမ်း ပြည့်ပြီးဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အနားယူသက်တမ်းကို နောက်ထပ် ၅ နှစ် ထပ်တိုးမြှင့်လိုက်ခြင်းတို့ကဲ့သို့ မကြာသေးမီက ဥပဒေပြုရေးခြေလှမ်းများသည် ၎င်း၏အာဏာကို တိုးမြှင့်ရန် နောက်ထပ်ကြိုးပမ်းမှုများပင် ဖြစ်သည်။ စစ်တပ်ကို ပြုပြင်ပြောင်းလဲခြင်း၊ အရပ်ဘက် ထိန်းချုပ်မှု အောက်သို့ ထားရှိခြင်းနှင့် ၎င်း၏လုပ်ရပ်များအတွက် တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်ခြင်းများ မပြုလုပ်နိုင်သေးသရွေ့ ရွေးကောက်ပွဲများ မည်မျှပင် ကျင်းပနေစေကာမူ စစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အဓိကကျူးလွန်သူ အဖြစ် ဆက်ရှိနေဦးမည်သာ ဖြစ်သည်
လာမည့်လများတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးစနစ်အပြောင်းအလဲ နီးစပ်ချဉ်းကပ် လာချိန်တွင် နိုင်ငံရေးအကူးအပြောင်း၏နောက်ကွယ်၌ ကြီးမားလှသော လူ့အခွင့်အရေးစိန်ခေါ်မှုကြီး ရှိနေသည်ကို အသိအမှတ်ပြုနိုင်ရန် အရေးကြီးပါသည်။
၂၀၁၃ ခုနှစ် နောက်ဆုံးထား၍ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟူသော အစိုးရ၏ ကတိပြု ချက်မှာ ယနေ့ထိ မပြည့်သေးဘဲ ရှိနေသည်ကို လူကြီးမင်းများ သိထားပြီး ဖြစ်ပါလိမ့်မည်။ ၂၀၁၅ ခုနှစ် ကုန်ဆုံးသွား သော်လည်း နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦး အကျဉ်းကျနေဆဲဖြစ်ပြီး လှုပ်ရှားတက်ကြွသူနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ ၄၀၃ ဦးမှာ တရားဆိုင်နေရဆဲ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အတိုက်အခံနှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်အပေါ် နှိပ်ကွပ်မှုတိုးမြင့်လာသည်ကိုလည်း တွေ့ရပါသည်။ အမည်ဆိုးဖြင့် ကျော်ကြားသောဥပဒေ များဖြစ်သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၈ နှင့် အီလက်ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေတို့သည် ကြမ်းတမ်းပြင်းထန်သော ရာဇသတ်ကြီးဥပဒေနှင့်အတူ တလွဲအသုံးချခံရရန် အလား အလာများနေပြီး တရားစီရင်ရေးပိုင်းနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တို့ကဲ့သို့သော အဆောက် အအုံများသည်လည်း ၎င်းတို့၏ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုကို အာမခံနိုင်ရန် အရေးတကြီး ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပါသည်။ စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်း၏လက်ရှိတည်ဆောက်ပုံအရ စစ်တပ်အတွက် ပြစ်ဒဏ်ခံရခြင်းကင်းလွတ်ခွင့်ကို အခိုင်အခံ့ထည့်သွင်းထားပြီး စစ်တပ်အနေဖြင့် အဓိကကျသော ဝန်ကြီးဌာနများ၌ နေရာယူထားခြင်းဖြင့် လူတန်းစားအလွှာအားလုံးကို စစ်တပ်မှ ဆက်လက်ချုပ်ကိုင်နိုင်ခွင့်ကို ပေးထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အခြေခံကျသော အဆောက်အအုံပိုင်း အပြောင်းအလဲများအတွက် ကုလသမဂ္ဂ ဆိုင်ရာ ကျွမ်းကျင်သူများ၏ အနီးကပ်စောင့်ကြည့်လေ့လာမှုနှင့် ထောက်ကူမှုတို့အပြင် အများပြည်သူတို့၏ ပါဝင် ဆောင်ရွက်မှုများလည်း လိုအပ်မည် ဖြစ်ပါသည်။
ပြင်းထန်ပြီး ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အရှိန်မြှင့်တက်လာနေသော အတင်းအဓမ္မ ရွှေ့ပြောင်းစေမှုများ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ ထိုကဲ့သို့သော ဖြစ်ရပ်များသည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်ရယ်ပြုနေပါသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထောင်နှင့်ချီသည့် ဒုက္ခသည် များ အိုးအိမ်စွန့်ရွှေ့ပြောင်းရမှုများ ဆက်လက်ဖြစ်ပေါ်စေပြီး ယင်းရပ်ရွာလူထုအများစုကို ဆယ်စုနှစ်များစွာ ထိခိုက် စေခဲ့သည့် ညှဉ်းပမ်းနှိပ်စက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှုတို့ကဲ့သို့ မတရားချိုးဖောက်မှုများမှာလည်း ယခုထိတိုင်တွဲဖက်ပြီး ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်၌ လုံခြုံဘေးကင်းပြီး သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး အလားအလာအနည်းငယ်မျှဖြင့် ဆက်လက်အိုးအိမ်စွန့်နေရဆဲ ထောင်နှင့်ချီသော ဒုက္ခသည်များ လည်း ရှိနေပါသည်။ စစ်တပ်သည် လူနည်းစုတိုင်းရင်းသားပြည်နယ်များကို သံမဏိလက်ဖဝါးဖြင့် ဆက်လက် ဆုပ်ကိုင်ထားပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း စစ်လက်နက်သဖွယ် စနစ်တကျကျင့်သုံးခြင်းအပါအဝင် မတရားချိုးဖောက်ကျင့်ကြံမှုများကို အကြီးဆုံးကျူးလွန်သူလည်း ဖြစ်နေပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းတစ်ဦးမှ နိုင်ငံတွင်းဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် ဆန့်ကျင်သည့်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး မတရားကျူးလွန်မှုများသည် “အုပ်ချုပ်ရေး၊ စစ်ရေးနှင့် တရားစီရင်ရေး အဆင့်တိုင်းမှ အာဏာပိုင်များနှင့် ပတ်သက်နေသည့် နိုင်ငံတော်အစိုးရမူဝါဒတစ်ရပ်” ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ မကြာသေးခင်၌ လက်မှတ်ထိုးခဲ့သည့် NCA နှင့် နောက်ဆက်တွဲကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတို့သည် အပြောင်းအလဲများဖြစ်ပေါ်စေမည့် အလားအလာ မတွေ့ရသေးပေ
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ၌ သည်းခံခြင်းတရား နည်းပါးမှုနှင့် ဘာသာရေး အစွန်းရောက်မှုတို့ ဖြစ်ပေါ်ပျံ့နှံ့ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ မွတ်စလင်လူနည်းစု အသိုင်းအဝိုင်းများအပေါ် နိုင်ငံတော်မူဝါဒဖြင့်လည်းကောင်း၊ ဥပဒေဖြင့်လည်းကောင်း စနစ်တကျ ခွဲခြားဖိနှိပ်ထားခြင်းမှာ ထင်ရှားလှပါသည်။ ယင်းခွဲခြားဖိနှိပ်မှု ပြင်းထန်မှုကြောင့် မနှစ်တွင် ကြီးမားလှသည့် ဒေသတွင်းဒုက္ခသည် အကျပ်အတည်းနှင့် လူသားချင်း စာနာရေးအကျပ်အတည်း ပေါ်ပေါက်စေခဲ့ရာ တောင်အာရှမှ နေရာအချို့နှင့် အရှေ့တောင်အာရှ၏ အဓိကအစိတ် အပိုင်းတစ်ခုကို လွှမ်းမိုးသွားခဲ့သည်။ ယနေ့အထိပင် ၎င်းတို့အား နှိပ်ကွပ်မှုနှင့် ၎င်းတို့ထွက်ပြေးရမှု၏ အခြေခံ အကြောင်းတရားများကို မဖြေရှင်းနိုင်သေးပေ။ နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းပြီး အမှန်တရား၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုတို့ကို ထူထောင်ရန် လိုအပ်ပါသည်။ ဤသည်မှာ ကျယ်ပြန့်သော နိုင်ငံတကာ၏ ထောက်ကူမှု၊ စောင့်ကြည့်လေ့လာမှုနှင့် ကျွမ်းကျင်မှုတို့ လိုအပ်မည့် ဧရာမလုပ်ငန်း တာဝန်ကြီးပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသမိုင်း၏ အရေးကြီးလှသည့် ယခုလိုအချိန်မျိုးတွင် UNHRC အနေဖြင့် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အထူးအရေးကြီးလှသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အခြေတည်စ အသွင်ပြောင်းလဲမှု နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ကောင်စီသည် မြန်မာနိုင်ငံနှင့် ထိတွေ့ ဆက်ဆံခဲ့သည့် ၎င်း၏ကာလရှည်အတွေ့အကြုံကို အသုံးချသင့်ပါသည်။ ယင်းသို့လုပ်နိုင်ရန်အတွက် ကောင်စီသည် ၎င်း၏ အစီအစဉ်အမှတ် ၄ အရ လက်ရှိထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်၍ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ဧရာမလူ့အခွင့်အရေးစိန်ခေါ်မှုများကို ကိုင်တွယ်ရန် ရှင်းလင်းသည့် ဦးတည်ချက်နှင့် လမ်းပြမြေပုံ ခင်းပြနိုင်ရန် ဤသမိုင်းဝင်အချိန်အခါတွင် အခွင့်ကောင်းယူသင့်ပါသည်။ ယင်းလုပ်ရပ်နှင့်တွဲဖက်လျက် မြန်မာနိုင်ငံအစိုးရသည် လည်း ပြည်တွင်း၌ စောင့်ကြည့်လေ့လာခွင့်နှင့် သတင်းပို့အစီရင်ခံခွင့်အာဏာ အပြည့်အဝရှိသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (Office of the United Nations High Commissioner for Human Rights) ဖွင့်ရေး ကာလကြာထစ်ငေါ့နေမှုကို အဆင်ပြေချောမွေ့သွားစေမည့်ခြေလှမ်းများ ချက်ခြင်းလှမ်းသင့်ပါသည်။
လက်မှတ်ထိုးသူများ
ပူးတွဲတိုက်တွန်းစာ မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်ပါသည်။
Tags: General Assembly and Human Rights Council on the situation of Human Rights in Myanmar, Item 4, Nationwide Ceasefire Agreement, UN High Commissioner for Human Rights, UN Human Rights CouncilThis post is in: Displacement, Economy, Ethnic Nationalities, Human Rights, International Relations, Law, Military Regime, Political Prisoners, Resistance, Women
Related Posts