၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂၁) ရာစုပင်လုံညီလာခံကြီးမှ စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရှိသည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီ
(၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၂) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနယ်မြေနှင့် ဆက်စပ်နယ်မြေများအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုဘဝလုံခြုံရေးကို ဖော်ဆောင်ရာတွင် အစိုးရ ၊ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးညှိုနှိုင်းဆွေးနွေး၍ ငြိမ်းချိမ်သောနည်းဖြင့် အဖြေရှာပေးရန် ။
(၃) ယခုကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
(၄) ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) သဘောတူညီချက်အရ အရပ်ဘက်အဖွဲ့အစည်းများအား ကဏ္ဍစုံတွင် ပါဝင်ကူညီ ဆွေးနွေး ခွင့်ပြုပေးရန်နှင့် အဆိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီဆောင်ရွက် နိုင်ရန် အတွက် အဓိကအဟန့်အတားဖြစ်နေသော မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ အား ပယ်ဖျက်ပေးပါရန်နှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးပါရန်။
(၅) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
အထက်ပါအချက်များကို အပြည့်အဝ အကောင်အထည်ဖော် လုပ်ဆောင်သွားခြင်းဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် ရေရှည်တည်တံ့ စစ်မှန်ပြီး ငြိမ်းချမ်းသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဆောင်ကျဉ်းပေးနိုင်သည့် တန်းတူညီမျှရေးကို အာမခံသော အနှစ်သာရကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံမှ ဖော်ဆောင်နိုင်ပါစေဟု မိမိတို့ အရပ်ဘက်အဖွဲ့အစည်း များမှ ဆန္ဒပြုလိုက်ပါသည်။
မိမိတို့အနေဖြင့်လည်း ရည်ရှည်တည်တံ့သောရလဒ်များ သမိုင်းမော်ကွန်းများ ပေါ်ထွန်း လာရေးအတွက် သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အရပ်ဘက်အဖွဲ့အစည်းများ
Tags: 113 Civil Society Organizations, 21st Century Panglong Conference, National League for Democracy, Union Peace ConferenceThis post is in: Press Release
Related Posts