သင့်ရဲ့ အထောက်အထားနဲ့ သတင်းအချက်အလက်တွေအား ဆန်းသစ်တဲ့ နည်းပညာတွေကို အကျိုးရှိရှိ အသုံးချပြီး လုံလုံခြုံခြုံထားနိုင်တဲ့နည်းကို သင်စိတ်ဝင်စားပါသလား။ ဒီအရင်းအမြစ် နှစ်ခုဟာ ဒစ်ဂျစ်တယ် နည်းပညာ လောကထဲမှာ အန္တရာယ်ကင်းကင်းနဲ့ သင်လှုပ်ရှားနိုင်ဖို့ စီမံပြုလုပ်ထားတာ ဖြစ်တယ်။
ဒစ်ဂျစ်တယ် ခေတ်တွင် ရပ်တည် ရှင်သန်ခြင်း (Survival in the Digital Age) လို့ခေါ်တဲ့ သက်ဝင်လှုပ်ရှားတဲ့ ရုပ်ရှင်ကားတွေရဲ့ စီးရီး အသစ်တွေထဲက စက်ရုပ် တရုပ် ဖြစ်တဲ့ ONO နဲ့အတူ ဒစ်ဂျစ်တယ် ကမ္ဘာရဲ့ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်ရောက်လေ့လာပါ။ သတင်းအချက်အလက်တွေကို ကျော်လွန်ပြီး နောက်ကွယ်ကို မြင်တွေ့ဖို့ သူ့ရဲ့ အထူး စွမ်းအားကို အသုံးပြုပြီး၊ ONO ဟာ ကျွန်တော်တို့ သတိမမူမိပဲ ကျန်ခဲ့တဲ့ ဒစ်ဂျစ်တယ် ခြေရာတွေနဲ့ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ အင်တာနက်၊ အီးမေးလ်နဲ့ လက်ကိုင်ဖုန်းတွေကနေ ကိုယ့်ကိုကိုယ် ဖွင့်ချပြသလိုဖြစ်နေတဲ့ အရာတွေကို ထောက်ပြပေးဖို့ တာဝန်ပေးထားခံရတယ်။ ONO ရဲ့ အကူအညီနဲ့ အန္တရာယ်တွေကို နားလည်ပြီး နည်းပညာအသစ် အဆန်းတွေကို အသုံးပြုကာ ထိုအန္တရာယ်တွေကို လျော့ပါးစေနိုင်တယ်။ရုပ်ရှင်ကား လေးကားမှာ အီးမေးလ်တွေ၊ လက်ကိုင်ဖုန်းတွေ၊ ၀ဘ်ဆိုဒ် ကြည့်ရှုခြင်းနဲ့ အများသုံးအင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုခြင်းနဲ့ ပါတ်သက်ပြီး သိထားရမဲ့ လုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာနှင့် ပတ်သတ်တဲ့ ပြဿနာတွေကို တင်ပြထားတယ်။ ဒီရုပ်ရှင်ကားတွေကို Download လုပ်ကာ မိတ်ဆွေတွေဆီ ဝေမျှပြီး http://mm.onorobot.org မှာ အရေးကြီးတဲ့ ဆွေးနွေးပွဲတခု စလိုက်ပါ။
နည်းပညာတွေ အမြဲတမ်း ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် ခေတ်မှာ ရပ်တည် ရှင်သန်ဖို့အတွက်၊ အခြေခံလုပ်နည်းလုပ်ဟန်တွေကို နားလည်ထားဖို့ အရေးကြီးပါတယ်။ ကွန်ပျူတာတွေ၊ အင်တာနက်နဲ့ လက်ကိုင်ဖုန်းတွေ အကြောင်း နားလည်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ် ရပ်တည် ရှင်သန်ခြင်း လမ်းညွှန်ချက် (Digital Survival Guide) ထဲမှာ လေ့လာနိုင်တယ်။ အဲဒီထဲမှာ နည်းပညာတွေကို သုံးစွဲရ လွယ်ကူပြီး နားလည်ရ လွယ်ကူစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အချက်တွေကို ရှင်းပြပေးထားတယ်။ လုံခြုံရေး ကိစ္စတွေကိုလည်း ကျွန်ပ်တို့ အသားပေး ထားတယ်။ ဒစ်ဂျစ်တယ် နည်းပညာတွေကို သင် ပိုပြီး အသုံးပြုလေလေ၊ သင့်အတွက် ပိုပြီး အန္တရာယ် ရှိလေလေ ဖြစ်တယ်။ ဒါ့ကြောင့် ဘေးအန္တရာယ်တွေကို နားလည်ထားဖို့ အရေးကြီးတယ်။ လမ်းညွှန်ချက်ကို လေ့လာဖို့ www.survival-mm.org ကို ကြည့်ရှုပြီး မိတ်ဆွေတွေနဲ့ လုပ်ဖော်ဆောင်ဖက်တွေကိုဝေမျှဖို့ အော့ဖ်လိုင်း ဗားရှင်းတခုကိုလည်း ဒေါင်းလုဒ်လုပ်ပါ။
Are you interested in how to protect your identity and information while getting the most out of new technologies? These two resources are designed to help you safely navigate the world of digital technologies.
• To survive in the digital age, with constantly changing technologies, it’s important to learn the basics of how things work. For essential information for getting started in understanding computers, the Internet and mobile phones visit the Digital Survival Guide. Here, we explain the essentials of these technologies to make them accessible and easy to understand. We have also highlighted security issues. The more you use digital technologies, the more vulnerable you become and it’s important to understand the risks. See www.survival-mm.org to view the guide and also download an offline version to share with friends and colleagues.
This post is in: Blog
Related Posts