Signup Now!
Join our mailing list for latest news and information about Burma.

Action Alert: Call for a Commission of Inquiry on the Anniversary of the 8.8.88 Uprising

August 2, 2011

Only 32 days remain to persuade the European Union to include the establishment of a Commission of Inquiry in the draft of resolution on Burma to be adopted at the upcoming United Nations General Assembly scheduled in September in New York. With the 23rd anniversary of the 8.8.88 nationwide pro-democracy uprising next week, many groups have organized commemoration events that are also calling for a Commission of Inquiry (CoI). So far, the following events have been organized:

  • Protest at the German Embassy in London, UK (23 Belgrave Square, London SW1X 8PZ from 12:00 to 13:00 on 8 August) organized by Burma Campaign UK.
  • Demonstration in commemoration of 8.8.88 and calling for a CoI in Paris, France (Place de la Trocadéro from 16:00-18:00 on 31 July) organized by la Communauté Birmane de France, France Aung San Suu Kyi and Fédération Des Pays Asiatiques Pour Les Droits de L’Homme.
  • Commemoration including photo exhibit and panel discussion at the Foreign Correspondents’ Club of Thailand in Bangkok, Thailand (Penthouse, Maneeya Center, 518/5 Ploenchit Road from 19:30-22:00 on 8 August) organized by the Forum for Democracy in Burma, Nationalities Youth Forum, Student and Youths Congress of Burma, Assistance Association for Political Prisoners – Burma and Burma Partnership.
  • Commemoration of 8.8.88 and event to learn more about campaigns for the release of political prisoners and the CoI at the Sangdee Gallery in Chiang Mai, Thailand (starting at 19:30 on 6 August) organized by the Best Friend Library.
  • Event at Shin Lee Restaurant in Laiza, Kachin State, Burma (09:00 on 8 August).
  • Solidarity night for Burma in Jakarta, Indonesia (on 7 August) and demonstration in front of the ASEAN (on 8 August), marking the 44th anniversary of ASEAN, both organized by pro-democracy community-based organizations.
  • Protest at Jantar Mantar in New Delhi (starting at 11:00 on 8 August) organized by the Burmese democracy forces in India. They will also be submitting a memorandum to the Prime Minister of India calling for a CoI.
  • Signature collection campaign for the release of political prisoners in Hong Kong (Time Square in the afternoon on 7 August) organized by Amnesty International Hong Kong.
  • Demonstration at Burmese embassy in Washington, DC, USA (from 19:00-21:00 on 6 August) organized by US Campaign for Burma.
  • Protest at Burmese embassy in New York City, USA (10 East 77th Street from 14:00-16:00 on 6 August) organized by the Burma Global Action Network. See the Facebook event here.
  • Commemoration event in Oakland, USA (Cesar E. Chavez Education Center from 10:30-16:30 on 6 August) and flag raising ceremony in Berkeley, USA (City Hall from 08:08 to 09:09 on 8 August) organized by the San Francisco Bay Area Burmese Democratic Forces. Click here for more information or see the Facebook event here.

As we wrote before, there are 2 key targets that are the most important to focus on at this time:

  • ASEAN. In the past, United Nations’ decisions to establish inquiries or take other actions often follow the support of countries within the concerned region. For example, in 2011, the Arab League’s support was critical for the Human Rights Council’s decision to establish a Commission of Inquiry for Libya. In the same way, the African Union’s support for a Commission of Inquiry for Cote d’Ivoire led to its establishment. It is crucial for ASEAN member states to support a Commission of Inquiry in Burma, or at the very minimum, abstain from voting against it. For more information about the need for ASEAN’s support, please see our briefer: We have waited and seen enough: ASEAN must support a Commission of Inquiry.

  • Germany. Each year, the European Union (EU) is responsible for drafting the United Nations General Assembly resolution on Burma. In the coming weeks, the EU will have to decide whether or not to include establishing a Commission of Inquiry in the resolution. Germany continues to oppose the establishment of a CoI and is blocking the EU from supporting it. Shamefully, Germany is putting its business interests before human rights by trying to stop an Inquiry. For more information, please see Burma Campaign UK’s briefers on Germany and the UN General Assembly.

In commemorations of the 8.8.88 uprising around the world, we have requested that groups also include a call for either ASEAN or Germany, or both, to not block the establishment of a Commission of Inquiry into crimes against humanity and war crimes in Burma. The following documents are available to assist you in your actions:

  • Template letters addressed to Foreign Ministers of individual ASEAN member states calling for their support of a CoI. These can be sent by your organization, or by individuals as part of a letter writing campaign.
  • Template letter to EU member states – for organizations.
  • Template letter to EU Foreign Ministers that can be sent by individuals.
  • List of names and addresses of all EU foreign ministers.
  • Template letter to German Embassies to be sent before to protests held on 8 August, as well as a template letter to deliver at the time of the protest.
  • A draft media release

All of these documents are available at www.burmapartnership.org/coi-toolkit including links to important briefers and supporting reports.

This is a crucial time for Burma groups and supporters around the world to collectively pressure key government to stand on the side of the people of Burma. We hope you will join us.

၈.၈.၈၈ လူထုလှုပ်ရှားမှု နှစ်ပတ်လည်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖြစ်ပေါ်လာရေး တောင်းဆိုရန်

စက်တင်ဘာလ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အတည်ပြုဆုံးဖြတ် နိုင်ရန်အတွက် မြန်မာပြည် အရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များအား ပြင်ဆင်ရေးသားရာတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှု   ကျူးလွန်မှုများကို ဖေါ်ထုတ်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းရေးကို ထည့်သွင်းရေးသားရန်  ဥရောပ သမဂ္ဂအား ဝိုင်းဝန်းလှုံ့ဆော်ကြရန် ရက်ပေါင်း (၃၂) ရက်သာကျန်တော့သည်။

အဖွဲ့အစည်းများစွာသည် လာမည့်အပတ်တွင် ကျရောက်မည့် ၈.၈.၈၈ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှု (၂၃) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် အောက်မေ့ဖွယ် လှုပ်ရှားမှုများကို ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • လန်ဒန်မြို့ ဂျာမနီသံရုံးရှေ့စုရုံးဆန္ဒပြပွဲ

(နေရာ – 23 Belgrave Square, London SW1X 8PZ) (နေ့ရက်/အချိန် – သြဂုတ်လ၊ ၈ ရက်၊ ၁၂:၀၀ နာရီ မှ ၁၃:၀၀ နာရီထိ) (စီစဉ်သူ – Burma Campaign UK)

  • ၈.၈.၈၈ အောက်မေ့ဖွယ်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်ပေါ်လာရေး တောင်းဆိုသည့် စုရုံးဆန္ဒပြပွဲ

(နေရာ – ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ Place de la Trocadéro) (နေ့ရက်/အချိန် – ၁၆း၀၀ နာရီမှ ၁၈း၀၀ နာရီထိ) (စီစဉ်သူ – la Communauté Birmane de France, France Aung San Suu Kyi and Fédération Des Pays Asiatiques Pour Les Droits de L’Homme)

  • ဘန်ကောက်မြို့ Foreign Correspondents’ Club of Thailand တွင် ဓါတ်ပုံပြပွဲနှင့် Panel Discussion များပါဝင်သည့် အောက်မေ့ဖွယ် အခမ်းအနား

(နေရာ – Penthouse, Maneeya Center, 518/5 Ploenchit လမ်း) (နေ့ရက်/အချိန် – သြဂုတ်လ၊ ၈ရက်၊ ၁၉:၀၀ နာရီ မှ ၂၂:၀၀ နာရီထိ) (စီစဉ်သူ – Assistance Association for Political Prisoners – Burma, Forum for Democracy in Burma, NYForum, Student and Youth Congress of Burma နှင့် Burma Partnership)

  • ၈.၈.၈၈ အောက်မေ့ဖွယ် အခမ်းအနားနှင့်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်ပေါ်လာရေး လှုပ်ရှားမှု ကန်ပိန်အကြောင်း ပိုမိုလေ့လာနိုင်ရေး အခမ်းအနား

(နေရာ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Sangdee Gallery ၁၉း၃၀ တွင်စတင်မည်။ (စီစဉ်သူ – The Best Friends Library)

  • ရှင်းလီစားသောက်ဆိုင်အခမ်းအနား

(နေရာ – မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ ရှင်းလီစားသောက်ဆိုင်) (နေ့ရက်/အချိန်- သြဂုတ်လ ၈ရက်၊ ၀၉း၀၀ နာရီ တွင်စတင်မည်။)

  • ဂျကာတာမြို့ မြန်မာပြည်အတွက်စည်းလုံးခြင်းည အစီအစဉ် (သြဂုတ်လ၊ ၇ ရက်)၊ ASEAN Secretariat ရုံးရှေ့တွင်  အာဆီယံ ၄၄ နှစ်မြောက် နှစ်ပတ်လည်နှင့် အပြိုင် စုရုံးဆံန္ဒပြပွဲ (သြဂုတ်လ၊ ၈ ရက်၊) (စီစဉ်သူ မြန်မာ့ဒီမိုကရေးစီရေး ထောက်ခံအားပေးသော အင်ဒိုနီးရှား လူထုအခြေပြုအဖွဲ့အစည်းများ)
  • နယူးဒေလီမြို့ စုရုံးဆန္ဒပြပွဲ

(နေရာ – အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Jantar Mantar) (နေ့ရက်/အချိန် – သြဂုတ်လ၊ ၈ ရက်၊ နံနက် ၁၁:၀၀ တွင် စတင်မည်ဖြစ်သည်။) (စီစဉ်သူ – အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ) ၎င်းတို့မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး တောင်းဆိုမှုများ ပြုလုပ်ကာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ထံသို့ လိပ်မူပြီး အိတ်ဖွင့်ပေးစာကို ပေးပို့မည် ဖြစ်သည်။

  • နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စုပေါင်းလက်မှတ်ထိုးသည့် လှုပ်ရှားမှု

(နေရာ – ဟောင်ကောင်နိုင်ငံ Time Square) (နေ့ရက်/အချိန် – သြဂုတ်လ ၇ရက်၊ ညနေပိုင်း) (စီစဉ်သူ – Amnesty International Hong Kong)

  • မြန်မာသံရုံးရှေ့ စုရုံးဆန္ဒပြပွဲ

(နေရာ – အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ 10 East 77th လမ်း မြန်မာနိုင်ငံသံရုံး) (နေ့ရက်/အချိန် – သြဂုတ်လ ၆ ရက်၊ ၁၄း၀၀ နာရီမှ ၁၆း၀၀ နာရီ ထိ) (စီစဉ်သူ – Burma Global Action Network လှုပ်ရှားမှု ဖေ့စ်ဘွတ် စာမျက်နှာကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။)

  • ၈.၈.၈၈ အောက်မေ့ဖွယ်အခမ်းအနား (နေရာ – အမေရိကန်နိုင်င၊ံ အောက်လန်မြို့၊ Cesar E. Chavez Education Center) (နေ့ရက်/အချိန် – သြဂုတ်လ၊ ၁၀း၃၀ နာရီမှ ၁၆း၃၀ နာရီထိ) နှင့် အလံလွင့်ထူခြင်း အခမ်းအနား (နေရာ – အမေရိကန်နိုင်ငံ၊ ဘာကလေမြို့၊ မြို့တော်ခန်းမ) (နေ့ရက်/အချိန် – ၀၈း၀၈ နာရီမှ ၀၉း၀၉ နာရီထိ) စီစဉ်သူ – Francisco Bay Area Burmese Democratic Forces အကြောင်းအရာ အစုံအလင်ကို ဤနေရာတွင် နှိပ်၍သော်လည်းကောင်း လှုပ်ရှားမှု ဖေ့စ်ဘွတ်စာမျက်နှာ တွင်သော်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်ပေါ်လာရေးအတွက် အောက်ပါ အစိုးရများကိုလက်ရှိအချိန်တွင် ဖိအားပေးရန် အရေးကြီးဆုံးသော အစိုးရများအဖြစ် သတ်မှတ်ထားပါသည်။

  • အာဆီယံ

ယခင်အချိန်များတွင် ကုလသမဂ္ဂသည် တိုင်းပြည်တစ်ပြည်တွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် (သို့) တခြားသော အရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသအတွင်းရှိ တိုင်းပြည်များ၏ ထောက်ခံမှုများဖြင့် ဆောင် ရွက်မှုများရှိခဲ့သည်။

ဥပမာ ။ ။ ၂၀၁၁ ခုနှစ်အတွင်း လစ်ဗျား (Libya) နိုင်ငံတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် Arab League ၏ ထောက်ခံမှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အတွက် မရှိမဖြစ် အရေးပါခဲ့သည်။ ထိုနည်းတူပင် Arfican Union ၏ထောက်ခံမှုသည်လည်း Cote d’Ivoire နိုင်ငံတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်မြောက်လာချိန်အထိ ဦးဆောင်မှု ဖြစ်စေခဲ့သည်။ ထို့ကြောင့် မြန်မာပြည်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို အာဆီယံ (ASEAN) အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ဝိုင်းဝန်းထောက်ခံရန်၊ မထောက်ခံလျှင်တောင် ဆန့်ကျင်မဲမပေးရန် လိုအပ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးတွင် အာဆီယံ (ASEAN) ၏ထောက်ခံမှု ရရှိရန် လိုအပ်ချက်များအပေါ် ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ We have waited and seen enough: ASEAN must support a Commission of Inquiry စာတမ်းကို ဖတ်ရှုနိုင်ပါသည်။

  • ဂျာမနီ

ဥရောပသမဂ္ဂသည် နှစ်စဉ် မြန်မာနိုင်ငံနှင့် ပက်သတ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (Resolutions) များကို ပြင်ဆင်ရေးသားပေးရန် တာဝန်ရှိသည်။ လာမည့် ရက်သတ်တပတ်များအတွင်း ဥရောပသမဂ္ဂ အနေဖြင့် ထိုဆုံးဖြတ်ချက် များထဲတွင် မြန်မာပြည်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့စည်းရန် အချက် ထည့်သွင်းမသွင်းကို ဆုံးဖြတ်မည် ဖြစ်သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်သော ဂျာမနီနိုင်ငံသည် မြန်မာပြည်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် ငြင်း ဆိုနေဆဲဖြစ်ပြီး ဥရောပသမဂ္ဂမှ ထောက်ခံမှု ပြုလုပ်မည့်အခြေအနေ အပေါ်လည်း အတားအဆီး ပြုလုပ်လျက်ရှိသည်။ ရှက်ဖွယ်ကောင်း စွာ ဂျာမနီသည် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်မြောက်ရေးအား တားဆီးခြင်းအားဖြင့် လူ့အခွင့်အရေးကိစ္စထက် ၎င်း၏ စီးပွားရေး အကျိုးအမြတ်ကို ဦးစားပေးနေသည်။ ဤအကြောင်းအရာအပေါ် ပိုမိုသိရှိလိုပါက Burma Campaign UK ၏ ဂျာမနီ နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံဆိုင်ရာ စာတမ်းများကို ဖတ်ရှုနိုင်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာအနံ့အပြားတွင် ယခုနှစ် ၈.၈.၈၈ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပရာတွင် မြန်မာပြည် တွင် ဖြစ်နေသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းဖေါ်ထုတ်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry) ဖွဲ့စည်းရေးအတွက်  တားဆီးမှုများ မပြုလုပ်ရန် အာဆီယံ (သို့) ဂျာမနီ (သို့) နှစ်ရပ်လုံးအား တိုက်တွန်းတောင်းဆိုသော လှုပ်ရှားမှုများ ပြုလုပ်ကြပါရန် ကျွန်တော်/ကျွန်မတို့မှ အကြံပြု တောင်းဆို လိုက်ရပါသည်။

မိတ်ဆွေတို့၏လုပ်ရှားမှုများ အကောင်အထည် ဖေါ်ရာတွင် အထောက်အကူအဖြစ် အောက်ပါစာတမ်း အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

  • အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံချင်းစီ၏ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ ပေးပို့ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးထောက်ခံရန် တောင်းဆိုမှု စာနမူနာပုံစံ။ ဤစာကိုသင့်အဖွဲ့အစည်းမှဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးမှ စာရေးသားပေးပို့မှု ကမ်ပိန်းအနေဖြင့်ဖြစ်စေ ရေးသားပို့ဆောင်နိုင်ပါသည်။
  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ ပေးပို့ရန် စာနမူနာပုံစံ။ (အဖွဲ့အစည်းများအတွက်သာ)
  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ လူပုဂ္ဂိုလ် တစ်ဦးတယောက် အနေဖြင့် ပေးပို့နိုင်သော စာနမူနာပုံစံ။
  • ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံခြားရေး ဝန်ကြီးများအားလုံး၏ အမည်နှင့် လိပ်စာများ
  • သြဂုတ်လ၊ ၈ ရက်နေ့တွင် ပြုလုပ်မည့် စုရုံးဆန္ဒပြပွဲ မတိုင်မီ ဂျာမနီ သံရုံးများသို့ ပေးပို့ရန် စာနမူနာပုံစံ
  • Media Release မူကြမ်း

အထက်ပါ စာတမ်းအချက်အလက်များ အားလုံးကိုသာမက အခြားအရေးကြီးသည့် စာတမ်းများနှင့် အစီရင်ခံစာများရယူနိုင်သော links များကို www.burmapartnership.org/coi-toolkit တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

ယခုအချိန်သည် မြန်မာ အဖွဲ့အစည်းများနှင့်၊ ကမ္ဘာအနှံ့ မြန်မာ့အရေး ထောက်ခံအားပေးသူအားလုံး အနေဖြင့် အဓိကကျသော အစိုးရများ မြန်မာပြည်သူများဘက်တွင် ရပ်တည်ပေးရန် စည်းစည်းလုံးလုံးဖြင့် စုပေါင်း ဖိအားပေးသင့်သော အလွန်အရေးကြီးသည့် အချိန် ဖြစ်ပါသည်။ မိတ်ဆွေတို့အနေဖြင့် လက်တွဲပါဝင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

Tags:

This post is in: Blog

Related Posts
(၂၇) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံနေ့ သဘောထားထုတ်ပြန်ကြေညာချက်
Rule of law still evades Myanmar 25 years after uprising
Statement of Endorsement for Declaration of 8888 Silver Jubilee
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်း
The Fallen Heroes and Heroines of 8888 Must Be Honored With Accountability