Signup Now!
Join our mailing list for latest news and information about Burma.

မိမိတို့အကြောင်း (Burmese)

About Us (English) | မိမိတို့အကြောင်း (Burmese) | Tentang Kami (Indonesian) | ビルマ・パートナーシップについて (Japanese) | 버마 파트너쉽에 대해" (Korean) | 關於我們 (Mandarin) | Mengenai Kami (Malaysian) | เกี่ยวกับเรา (Thai) | Giới Thiệu (Vietnamese)

မျှော်မှန်းချက်

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအနေဖြင့် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု အခြေခံမူများကို ကိုင်စွဲအားပေးသည့် လွတ်လပ်၍ဒီမိုကရေစီကျသော မြန်မာနိုင်ငံကို မှန်းမျှော်ပါသည်။ လှုပ်ရှားစည်းရုံးရာ၌ ပူးပေါင်း လုပ်ကိုင်ရေးနှင့် ပါဝင်ဆောင်ရွက်ရေးနည်းလမ်းကို မြန်မာနိုင်ငံ၌ ဒီမိုကရေစီအပြောင်းအလဲ ပေါ်ပေါက်စေဖို့ သော့ချက်ကျသည့်အစိတ်အပိုင်းတခုအဖြစ် ယုံကြည်  ရှုမြင်ပါသည်။

ရည်မှန်းချက်

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသတလွှားမှ အဖွဲ့အစည်းများ၏ ကွန်ယက်အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုအကြောင်း စည်းရုံး လှုပ်ရှားနေပါသည်။ မိမိတို့ သည် မိမိတို့၏အင်အားကို နည်းလမ်းအမျိုးမျိုးဖြင့်ပူးပေါင်းဆောင်ရွက်သူများထံမှလည်းကောင်း၊ ပြည်တွင်းနှင့် ပြည်ပ ရောက် နိုင်ငံရေးအဖွဲ့အစည်းများ အရပ်ဖက်လူထုအဖွဲ့အစည်းများတို့၏ တိုင်းရင်းသားလူမျိုးပေါင်းစုံခေါင်းဆောင်မှု ထံမှလည်းကောင်း ရယူပြီး မိမိတို့၏ပူးပေါင်းဆောင်ရွက်သူများ နှင့် ဒေသတလွှားမှ အခြေခိုင်သည့် သွေးစည်းညီ ညွတ်မှုပြအဖွဲ့အစည်းများထံသို့ ဖြန့်ဖြူးပေးပါသည်။

လုပ်ဆောင်ချက်

  • မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးစုအခွင့်အရေးလှုပ်ရှားမှုကြီး နှင့် အာရှ-ပစိဖိတ်ဒေသရှိ သွေးစည်းညီညွတ်မှုပြအဖွဲ့အစည်းများအကြား ပူးပေါင်းလုပ်ကိုင်ရေးကို မြှင့်တင်အားပေးခြင်း
  • ပိုမိုပါဝင်ဆောင်ရွက်မှုရှိရှိဖြင့် ပိုမိုထိရောက်သည့် စည်းရုံးလှူပ်ရှားရေးအတွက် မြန်မာအဖွဲ့များနှင့် သွေးစည်း ညီညွတ်မှုပြအဖွဲ့အစည်းများအကြား ဟန်ချက်ညီဆက်စပ်ချိန်ကိုက်မှုကို လွယ်ကူချောမွေ့စေခြင်း
  • နယ်စပ်အခြေခံအဖွဲ့များ၏ မီဒီယာဆက်စပ်အသုံးချရေးနှင့် လှုပ်ရှားစည်းရုံးရေးကြိုးပမ်းချက်များကို ထောက် ကူပေးခြင်း
  • လှုပ်ရှားမှုကြီး၏ ရပ်တည်ချက်များ၊ ဦးစားပေးလိုလားချက်များနှင့် ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်သည့် ပြည့်စုံကုံလုံသော သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကို အချိန်နှင့်တပြေးညီ တင်ပြဖြန့်ဖြူး ပေးခြင်း

အလုပ်အဖွဲ့ဝင်များ

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ကို အောက်ဖော်ပြပါ အလုပ်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပါသည်။

မြန်မာတပ်ပေါင်းစုအဖွဲ့အစည်းများ

Forum for Democracy in Burma (FDB)
Nationalities Youth Forum (NYF)
Students and Youth Congress of Burma (SYCB)

ဒေသတွင်း သွေးစည်းညီညွတ်မှုပြကွန်ယက်များ

Alternative ASEAN Network on Burma (Altsean-Burma)
Asian Forum for Human Rights and Development (Forum-Asia)
Asia Pacific Solidarity Coalition (APSOC)

နိုင်ငံအလိုက်သွေးစည်းညီညွတ်မှုပြညွန့်ပေါင်းအဖွဲ့များ

Solidaritas Indonesia untuk Burma (Indonesian Solidarity for Burma) (SIB)
Free Burma Coalition-Philippines (FBC-Philippines)
Burma Campaign Korea (BCK)
Hong Kong Coalition for a Free Burma (HKCFB)
People’s Forum on Burma (PFB) (Japan)

အတွင်းရေးမှူးအဖွဲ့တွင် တာဝန်ခံနှစ်ဦးဖြစ်သည့် မခင်ဥမ္မာ၊ ကိုစိုးအောင် နှင့် ဝန်ထမ်းငါးဦးရှိပြီး အလုပ် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများ၏ ဦးဆောင်ညွှန်ကြားမှုအောက်၌ စည်းရုံးလှုပ်ရှားမှု(ကမ်ပိန်း)များ နှင့်       စည်းရုံးလှုပ်ရှားမှု စီမံကိန်းများကို အကောင်အထည်ဖော်ကြပါသည်။

နောက်ခံသမိုင်း

ယခင်က မြန်မာ့အရေး အာရှ-ပစိဖိတ်ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APPPB ဟု အမည်တွင်ခဲ့သည့် မြန်မာ့ အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ကို ၂၀၀၆ ခု ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ကျင်းပခဲ့သော “ပြည်သူတို့ ၏ ဒီမိုကရေစီအပြောင်းအလဲ – မြန်မာနိုင်ငံဆိုင်ရာ အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး” အမည်ရှိ ဒေသဆိုင်ရာညီ လာခံတရပ်က တည်ထောင်ခဲ့ပါသည်။ ဤညီလာခံကို မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FDB က ရှေ့ဆောင် စီစဉ်ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ပြိုင်အာဆီယံကွန်ယက်အဖွဲ့ Altsean-Burma ၊ အာရှလူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဆုံရပ် Forum-Asia တို့နှင့် ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။

သုံးရက်ကြာညီလာခံမှာ အာရှ-ပစိဖိတ်ဒေသတခွင်၌ ပူးပေါင်းဆောင်ရွက်မှု ထူထောင်ရန်၊ ဟန်ချက်ညီသည့် မြန်မာ့ အရေးဆိုင်ရာ ဒေသတွင်းအရပ်ဖက်လူထုအသင်းအဖွဲ့လှုပ်ရှားမှုကို လှုံ့ဆော်စုစည်းနိုင်ဖို့ ဘုံမဟာဗျူဟာတရပ် ဖော် ထုတ် အကောင်အထည်ဖော်ရန် နှင့် မြန်မာ့ရေးရာအာဆီယံလွှတ်တော်အမတ်များအစု AIPMC နှင့်တကွ အခြားနိုင်ငံ များမှ မြန်မာနိုင်ငံဆိုင်ရာလွှတ်တော်အမတ်များအစုတို့ကို အရပ်ဖက်လူထုအသင်းအဖွဲ့များဖက်မှ ထောက်ခံအားပေးမှု ခိုင်မာအားကောင်းလာစေရန် ကျင်းပခဲ့ခြင်းဖြစ်သည်။