The 11th of May marks one hundred days since the convening of Burma’s Parliament on 31 January. The laws governing the proceedings of the first parliamentary session in 22 years gagged MPs and restrict civilian access to the Parliament. Many MPs complained about being subjected to detention-like living conditions. The regime also barred domestic journalists and foreign correspondents from covering the session […]
• • •Burma Centre Delhi in Collaboration with Chin Human Rights Organizations, Aizawl and Grassroot Development Network, Mizoram organized a Consultation on “Regime change in Burma: Post 2010 Elections and its Consequences” at I & PR Conference Hall, Aizawl. Hosted by Zo Indigenous Forum […]
• • •* သမ္မတသစ် ဦးသိန်းစိန်သည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှိနိုင်ငံထုတ် Dhaka Daily Star သတင်းစာ၌ ဧပြီ ၂၂ ရက်နေ့က ရေးသားထားသည်။
* နိုင်ငံရေးကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆို လှုပ်ရှားမှုကို ရန်ကုန်တိုင်း သံလျင်မြို့ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် လူမှုကွန်ယက် အဖွဲ့ဝင်များက ဧပြီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုချိန်ထိ သံလျင်မြို့နယ်တွင် လက်မှတ်ပေါင်း ၅၀၀ ကျော် ကောက်ခံရရှိပြီးပြီဟု သံလျင် NLD ဥက္ကဋ္ဌ ဦးစိုးဟန်က ပြောသည်။
• • •*ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူက မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တာဝန်ရှိသူများကို ဧပြီလ ၈ ရက်နေ့က ရွှေကုက္ကိုရွာတွင် ခေါ်ယူကာ တပ်သားသစ် (၇၅) ဦး တောင်းခံထားကြောင်း ဒေသခံများက ပြောသည်။
*မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှ စတင်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် မြန်မာပြည်တွင်းရှိ ဒီမိုကရေးစီရေး တက်ကြွသူများက ဦးဆောင်ကာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ထိုးတောင်းဆိုသည့် လုပ်ရှားမှုကို စတင်လိုက်သည်ဟု NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။
• • •* မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ရှေ့လအတွင်း သွားရောက်စုံစမ်းလေ့လာနိုင်ရန် မြန်မာအစိုးရသစ်ထံ စာရေးတောင်းဆို လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောကြားလိုက်သည်။
*နယ်ပယ်အသီးသီးတွင် ဦးဆောင်လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးများကို အားပေးဂုဏ်ပြုနေသည့် Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ကာ ဆယ်စုနှစ်၏အသံ (Voice of the Decade) အဖြစ် သတ်မှတ်ဂုဏ်ပြုလိုက်သည်။
• • •*ကျင်းပပြီးစီးသွားသည့် ပထမအကြိမ် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်မှ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အဆိုပေါင်း ၁၅ ခုတင်သွင်းခဲ့သော်လည်း အဆို ၁ ခု ကိုသာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။
*မတ်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော်နှင့် ဗမာစစ်တပ်ကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ရာ သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်မှ ယခုသျှမ်းပြည်မြောက်ပိုင်းအထိ ၁၀ မြို့နယ် ကူးစက်ပြန့်နှံ့ခဲ့ပြီး နမ့်ပန်ချောင်း အရှေ့ဖက် တာ့ဟုန်းကူးတို့ဆိပ်မှ ၅ မိုင်အကွာ ဝမ့်ဟိုင်းဌာနချုပ်အား ဗမာစစ်တပ်များဝင်စီးပါက သျှမ်းတပ်စခန်းအား တိုက်ခိုက်ရဦးမည် ဖြစ်သည်ဟု SSPP/SSA အရာရှိက ပြောသည်။
• • •* စစ်အစိုးရသည် ဧရာဝတီမြစ်ဆုံရေအား လျှစ်စစ် စီမံကိန်းအပါအဝင် ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်းဖူး၊ ယီန်၊ှ ဖီဇော၊ လိုင်ဇာ စသည့် ရေအား လျှပ်စစ်စီမံကိန်းများကို ၂၀၁၉ ခုနှစ်အပြီး ဆက်တိုက် တည်ဆောက်သွားရန် ရှိသည့်အတွက် မြစ်ဆုံအထက်ဖက်မှ ကျေးရွာများကို ဆက်လက်ပြောင်းရွေ့ရန် စီစဉ်နေသည်ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက လွှတ်တော်အစည်းအဝးတွင် ပြောသည်။
* တပ်မတော်သားများကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ရန် စည်းရုံးလှုံ့ဆော်မှုအဖြစ် မတ်လ ၂၄၊ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ လူစည်ကားသည့်နေရာများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်သော စာရွက်စာတမ်းများကို ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအင်အားစုဟု အမည်ပေးထားသည့် လူငယ်များက ဖြန့်ဝေကြဲချခဲ့သည်ဟု အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။
• • •၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော် (လူတစ်ဦး ၁၀၆၆ ကျပ်ဝန်းကျင်) သုံးစွဲခဲ့ပြီး လာမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍရေးနှစ်အတွက် ကျပ်သန်းပေါင်း ၉၀၈၁၈ ကျော် (လူတစ်ဦး ၁၅၁၃ ကျပ်ဝန်းကျင်) သုံးစွဲရန် ထုတ်ပြန်လိုက်သည် […]
• • • * မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှုများ (VOIP) များကို ပိတ်ပင်မှုတင်းကြပ်ရန် ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်။
* နအဖစစ်တပ်မှ အင်အားသုံး၍ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အရှေ့မြောက်ဘက် ထိန်းချုပ်နယ်မြေဖြစ်သော နမ့်လောဝ်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ကျေးလက်လူထုနေအိမ်နှင့် ဘုန်းကြီးကျောင်းများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဘုန်းကြီး ၅ ပါးပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောသည် […]
* အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းသည့် လက်ရှိပညာရေးစနစ်ကို ကျွမ်းကျင်သူ ပညာရှင်အဖွဲ့များ၊ အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များနှင့် ဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ပြန်လည်သုံးသပ်ရန် အဆိုကို ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပြန်လည်ရုတ်သိမ်းရန် ရှင်းလင်းပြောဆိုခဲ့သော်လည်း မရုတ်သိမ်းသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားသည်။
* ကရင်ပြည်နယ် ဝေါလေဒေသရှိ ဒေသခံ စစ်တပ်ထံ ရိက္ခာ၊ လက်နက်နှင့် တပ်သားလာပို့သည့် စစ်ယာဉ်တန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ကမတ်လ ၁၀ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ်ဖက်မှ ၁၆ ဦး ကျဆုံးကာ ၁၇ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA က ပြောသည် […]