Signup Now!
Join our mailing list for latest news and information about Burma.

2010 Elections (152 found)

Weekly Political Events Regarding the Post Election (058/2011)

* ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက မတ်လ ၁ ရက်နေ့တွင် (၅) မိနစ်ကြာပြုလုပ်သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဥပဒေပြုစုရေးဆိုင်ရာနှင့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ၂ ရပ်အတွက် အမည်စာရင်းများ တင်သွင်းခဲ့ပြီး အစည်းအဝေးကို ရပ်နားလိုက်သည်
* နယ်ခြားစောင့်တပ် အသွင်ကူပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားသည်

March 6, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (056/2011)

* စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ပါသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) United Nationalities Federal Council (Union of Burma) ကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
* ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ပြီးမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောဒကတက် ပြန်လည် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် စစ်တပ် အရာရှိအများစုက မကျေမနပ်ဖြစ်နေကြကြောင်း စစ်တပ်အရာရှိများက ပြောသည် […]

February 20, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (055/2011)

* ဖေဖေါ်ဝါရီ ၈ ရက်တွင် ကျင်းကသည့် အစိုးရလွှတ်တော်အစည်းအဝေးတွင် သမ္မတသစ် ဦးသိန်းစိန်က ၎င်းဖွဲ့မည့် အစိုးရသစ်တွင် သမ္မတရုံး ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဆိုသည့် ဌာနနှစ်ခု အသစ်တိုး၍ စုစုပေါင်းဝန်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF အမတ်ဦးဘုန်းမြင့်အောင် ပြောသည်
* ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ဝင်ရောက်လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် KNU ထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ဝေါ်လေကျေးရွာမှ လူနေအိမ် (၁၁) လုံးကို အကြောင်းမဲ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံများက ပြောသည် […]

February 13, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (054/2011)

* လွှတ်တောထဲတွင် အငြင်းအခုံကိစ္စများသည် အချိန်ကုန်ခံအလုပ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုမည်မဟုတ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရသူ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။
* တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က စစ်ရေးအရ ပူးပေါင်း ကူညီရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ထံ လွန်ခဲ့သည့်အပတ်က သွားရောက်ဆွေးနွေးခဲ့သည် […]

February 6, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (053/2011)

* စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။
* အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် အထူးအယူခံဝင်ထားသည့်ကိစ္စကို နေပြည်တော် တရားရုံးချုပ်က ဇန်နဝါရီ ၂၈ ရက်နေ့က ပယ်ချလိုက်သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းမည်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည် […]

January 30, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (051/2010)

* စစ်အစိုးရသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်မှ ၃ နှစ် အထိ စစ်မှုမထမ်းမနေရ အမိန့်ကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဥပဒေအဖြစ် လျှို့ဝှက်ပြဌန်းခဲ့သည်ဟု NHK ဂျပန်ရုပ်သံသတင်းဌာနက စစ်အစိုးရ၏ တရားဝင် နိုင်ငံတော် ပြန်တမ်း အထောက်အထားကို ကိုးကား ဖော်ပြထားသည်။
* NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် နောက်ဆုံး အထူးအယူခံလွှာကို ကြားနာရန် နေပြည်တော် တရားရုံးချုပ်က ဇန်နဝါရီလ ၁၃ ရက်နေ့က လက်ခံလိုက်ပြီဖြစ်ကြောင်း အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည် […]

January 17, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (050/2010)

ထိုင်း-မြန်မာ နယ်စပ်အခြေ စိုက်နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော Network for Democracy and Development (NDD) သတင်းနှင့်သုတေသနဌာနမှ နအဖ၏ ရွေးကောက်ပွဲ အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေ အဖြစ်အပျက်များကို အပတ်စဉ် ရှာဖွေ စုစည်း ဖြန့်ဝေလျှက် ရှိပါသည်။ ထိုအပတ်စဉ် မှတ်တမ်းတွင် နအဖနှင့် ကြံ့ဖွံ့ တို့၏ လှုပ်ရှားမှု သတင်းအချက်အလက်များ အပါအဝင် တော်လှန်ရေး အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ထားသော အဖွဲ့များ၊ နိုင်ငံတကာ အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြန်တွင်းပြည်ပမှ ပြည်သူလူထုတို့၏ လှုပ်ရှားမှု များနှင့် သတင်းအချက်အလက်များကိုလည်း ပြည့်စုံစွာ စုစည်းတင်ပြထားပါသည်။ […]

January 9, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (049/2010)

* ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDစ က ပထမဦးဆုံး လွှတ်တော် အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ တို့သာပါဝင်သော ထိပ်တန်းအစည်းအဝေးတရပ်ကို ဇန်န၀ါရီ ၂ ရက်နေ့မှစ၍ နှစ်ရက်ကြာ နေပြည်တော်တွင်ပြုလုပ်မည်ဟု ပါတီတွင်း သတင်းအရင်းအမြစ်များ ကပြောသည်။

* ပြည်ထောင်စု ပြိုကွဲမည့် စိတ်ကူးမှန်သမျှ မကြံစည်မိစေရန်ဆိုသည့် ဗိုချုလ်မှူးကြီး သန်းရွှေ၏ မိန့်ခွန်းထဲမှ ရည်ညွန်းပြောဆိုချက်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က ဒုတိယ ပင်လုံညီလာခံသည်ပြည်ထောင်စုပြိုကွဲရေး မဟုတ်ဘဲ ကြီးမားသောပေါင်းစည်းမှု တစ်ခုဖြစ်သည်ဟု ပြောဆိုလိုက်သည် […]

January 5, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (048/2010)

* ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ နေပြည်တော် တံခါးပိတ်အစည်းအဝေးတွင် ပါတီဥက္ကဌ၊ အတွင်းရေးမှူးအပါအဝင် တစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ် ၄၀၀ ခန့်တက်ရောက်ပြီး အနာဂတ်လုပ်ငန်းစဉ်များ၊ လွှတ်တော်၌ ပြောဆိုကြမည့် အကြောင်းအရာများ၊ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲ၌ တာဝန်ယူခွဲဝေရေး အပါအဝင် လာမည့်အစိုးရသစ်တွင် တာဝန်ယူသွားကြမည့် ရာထူးများအကြောင်းကို အဓိကဆွေးနွေးကြသည်ဟု အဆိုပါအစည်းအဝေး တက်ရောက်နေသူ ပါတီကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။
* သံလွင်မြစ်ပေါ်ရှိ ရေကာတာဆောက်လုပ်ရေး စီမံကိန်းတစ်ခုသို့ သွားရောက်ရန် လာသော စစ်အစိုးရတပ် ယာဉ်တန်းတစ်ခုကို ကရင်ပြည် တိုးတက်ရေးပါတီ (KNPP) အဖွဲ့က ကယားပြည်နယ် ဖရူးဆိုးမြို့နယ်အတွင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ချုံခိုတိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံသား ဆောက်လုပ်ရေး လုပ်သားများအပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု (KNPP) အတွင်းရေးမှူး-၁ ခူးဦးရယ်က အတည်ပြုပြောကြားလိုက်သည်။

December 26, 2010  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the SPDC’s Post Election (046/2010)

* အိန္ဒိယအစိုးရမှ စစ်အစိုးရ၏ ရှေ့တန်းစစ်မျက်နှာများတွင် အသုံးပြုနိုင်သော လမ်းဖောက်သည့် မြေထိုးစက်နှင့် ကရိန်းကားများ ပေးအပ်ပွဲကို အိန္ဒိယ-မြန်မာနယ်စစ် မိုးရေးမြို့တွင် လုံခြုံတင်းကြပ်စွာဖြင့် ကျင်းပခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် စိုးလွင်က လက်ခံရယူခဲ့သည်။
* ထိုင်း-မြန်မာနယ်စစ်အနီး ကရင်ပြည်နယ်တွင် စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့၏ ဖြစ်ပွားသော ပဋိပက္ခများအကြား အရပ်သားများသည် ကြီးမားစွာ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီး ၎င်းတို့ကို ကာကွယ်ရန် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW ကတောင်းဆိုလိုက်သည် […]

December 12, 2010  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤