အောက်ပါလက်မှတ်ရေးထိုးထားသော မိမိတို့အရပ်ဘက်အဖွဲ့အစည်းများမှ စက်တင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနမှ အင်းဝစက်ချုပ်ဆိုင်ပိုင်ရှင်များ၏ ညှင်းပန်းနှိပ်စက်ခံ အိမ်အကူ အမျိုးသမီးငယ် နှစ်ဦးဖြစ်သော မ ( စန်းကေခိုင် ) နှင့် မ ( မသဇင် ) တို့နှင့် အမှုဖွင့်တိုင်ကြားခဲ့သူ Myanmar Now သတင်းထောက် ကို ( ကိုဆွေဝင်း ) တို့ကို လုံခြုံရေး ယူပေးရန် လည်းကောင်း၊ လူ/ကယ်/ပြန်ဝန်ကြီးဌာနမှ အမျိုးသမီးငယ်နှစ်ဦး လုံခြုံစွာနေနိုင်ရေးနှင့် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုများ လုပ်ဆောင် ရန်လည်းကောင်း ညွှန်ကြားချက်ထုတ်ခြင်းအပေါ် ထောက်ခံကြိုဆိုပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း အချိန်နှင်တစ်ပြေးညီ ဆောင်ရွက်ကြမည်ဟု မိမိတို့မှ မျှော်လင့်ပါသည် […]
• • •မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ အိမ်အမှတ်(၁/၁၀၇)တွင်နေထိုင်သော (ဘ)ဦးဂေ၀ါနှင့် (မိ)ဒေါ်လထော်နန်အိန် တို့၏သား ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဂွမ်ဆိုင်းအောင် အသက်(၁၉)နှစ်အား၊ ၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက်ခံ ထောက်ပို့ တပ် (၇၂၇) မှ တပ်သားမောင်မောင် (ကိုယ်ပိုင်အမှတ် တ/၅၁၁၅၆၈) ဗလမင်းထင်တံတားလုံခြုံရေးအစောင့် တပ်သားမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သော ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့သည် […]
• • •