၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် နေ့စွဲဖြင့် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၄၀ ဖွဲ့မှ ၎င်းတို့အား မူလနိုင်ငံသားများအဖြစ် ပြန်လည်အသိအမှတ်ပြုပြီး မြန်မာနိုင်ငံဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တင်ပြခဲ့သည် […]
• • •နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရွှင်လန်းပါစေကြောင်း မိမိတို့မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ အောက်ဖော်ပြပါ မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများသည် နယ်စပ် ဒေသများတွင် အခြေစိုက်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးနှင့် လူ့အခွင့်အရေး တို့အတွက် မိမိတို့ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်နေသူများ ဖြစ်ကြပါသည် […]
• • •