Signup Now!
Join our mailing list for latest news and information about Burma.

ASEAN Peoples’ Forum 2014 Representatives Meet with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar to Prepare for an Interface Meeting with ASEAN Leaders

By ACSC/APF 2014 Steering Committee  •  April 10, 2014

Members of Steering Committee of ASEAN Civil Society Conference/ ASEAN Peoples’ Forum (ACSC/APF) 2014, yesterday, met with ASEAN Affairs Department of Ministry of Foreign Affairs of Myanmar at Naypyidaw to hold an initial discussion on interface meeting between ASEAN Civil Society representatives and leaders of ASEAN countries.

The 6-member delegate led by Daw May May Pyone, Chair of the Steering Committee of ACSC/APF 2014, was received by U Aung Lin, Director General, and U Aung Htoo, Deputy Director General of the ASEAN Affairs Department of the Ministry of Foreign Affairs. The reception was followed by a 45-minute discussion regarding the process and prospect of organizing an interface meeting between leaders of ASEAN Governments and representatives of Civil Societies from respective ASEAN countries who are yet to be elected.

During the discussion, the delegate put forward the proposal for the much anticipated interface meeting set to be held on May 11 with the principles of Meaningful dialogue, Advancing People’s Voices and Advocacy, Mutual Respect and Self-selection. The Director General expressed his appreciation for the effort of the Civil Societies in organizing the largest ACSC/APF in history in Myanmar and welcomed the proposal for interface meeting. He continued to encourage the delegates to make the interface meeting successful noting that representatives to the interface meeting are recommended to be agreeable to the governments. The meeting was very positive overall and both sides believe a meaningful dialogue is achievable.

After this initial meeting, civil societies are to undertake a process of elections to choose one representative for each ASEAN member countries and summit the full list of representatives to the governments as soon as possible.

Interface meetings have been a way of engagement for civil societies but have taken different forms during the past 9 years depending on the level of engagement allowed by the governments. Civil Societies in ASEAN are eager to mark a milestone on the 10th anniversary of ACSC/APF with a concrete achievement through a meaningful dialogue and engagement.

ACSC/APF, initiated by Malaysia in 2005, is a forum held every year in prior to the ASEAN Summits as a platform for civil societies across ASEAN and beyond to come together to discuss a wide range of issues encountered within ASEAN. The forum is usually followed by an interface meeting where representatives from the forum meet with ASEAN leaders to summit the forum outcomes.

For interviews please contacts
Daw May May Pyone, Chair, ACSC/APF Steering Committee (Myanmar/English) + 9595096935 / 095096935
U Aung Myo Min, Member of Steering Committee (Muanmar/English) +95 (0)9448015306 
Mr. Augusto Miclat, Member of Steering Committee (English) +63822992574

Click here to download the statement in pdf.

—————————————————————————————————————————————————————–

၁၀ ရက် ဧပြီလ ၂၀၁၄

သတင်းထုတ်ပြန်ချက်

အာဆီယံအရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ/အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ဒေသတွင်းဦးဆောင်ကော်မတီ

အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ကိုယ်စားလှယ်များ အာဆီယံခေါင်းဆောင်များနှင့် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်နိုင်ရေး မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာဌာနနှင့်တွေ့ဆုံ

အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ဖြစ်မြောက်ရေးဦးဆောင်ကော်မတီဝင်များသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာနနှင့် ဧပြီလ (၈) ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး အာဆီယံခေါင်းဆောင်များနှင့် အာဆီယံအရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များအကြား မျက်နှာစုံညီအစည်းအဝေးပွဲ ကျင်းပနိုင်ရန် အကြိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၄ ဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါ်မေမေပြုံးဦးဆောင်သော အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းနှင့် ဒုညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးတို့က လက်ခံကြိုဆိုခဲ့ပြီး ဆက်လက်၍ အာဆီယံ ခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းက ရွေးချယ်မည့် ကိုယ်စားလှယ်များကြား မျက်နှာစုံညီ အစည်းအဝေး ကျင်းပရေးဖြစ်စဉ်နှင့် အမြင်များကို ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၁ နေ့တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် အများကမျှော်လင့်နေသော မျက်နှာစုံညီ အစည်းအဝေးကို အဓိပ္ပါယ်ပြည့်ဝသော အပြန်အလှန်ဆွေးနွေးမှု၊ အာဆီယံပြည်သူများ၏ အသံများကိုမြင့်တင်ရေး၊ အပြန်အလှန်လေးစားမှုနှင့် ကိုယ်ပိုင်ရွေးချယ်နိုင်ခွင့် စသောမူဝါဒများအပေါ်အခြေခံ၍ ကျင်းပပြုလုပ်နိုင်ရန် တင်ပြမှုများပြုလုပ်ခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်က သမိုင်းတစ်လျောက် အကြီးမားဆုံးသော အာဆီယံပြည်သူ့ဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပြုလုပ်နိုင်ခဲ့သည့်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ကြိုးစားအားထုတ်မှုကို ဝမ်းမြောက်ကြေနပ်မိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ကိုယ်စားလှယ်အဖွဲ့အား အောင်မြင်သော မျက်နှာစုံညီအစည်းဝေးပွဲ ဖြစ်မြောက်ရေး ကြိုးစားလုပ်ဆောင်ကြရန် အားပေးခဲ့ပြီး အစိုးရများမှ သဘောတူလက်ခံနိုင်သော ကိုယ်စားလှယ်များကို ရွေးချယ်ကြရန် အကြံပြုကြောင်း မှတ်ချက်ပြုခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုသည် အချုပ်အားဖြင့် များစွာအပြုသဘော ဆောင်ခဲ့ပြီး အဓိပ္ပါယ်ပြည့်ဝသော အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်လိမ့်မည်ဟု နှစ်ဘက်လုံးမှ ယုံကြည်ကြောင်း ပြောဆိုခဲ့ကြသည်။

ဤအကြိုတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် အာဆီယံနိုင်ငံအလိုက် တစ်နိုင်ငံလျှင်တစ်ဦးကျ ကိုယ်စားလှယ်ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်စာရင်းအပြည့်အစုံကို အစိုးရများထံသို့ ပြန်လည်တင်ပြသွားဖြစ်သည်။

မျက်နှာစုံညီအစည်းအဝေးသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် အစိုးရများနှင့် ချည်းကပ်ပူးပေါင်း လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။ သို့သော ယခင် ၉ နှစ်တာ ကာလတစ်လျောက် အရပ်ဘက် လူမှုအဖွဲ့အစည်းဘက်မှ ချည်းကပ်ပူးပေါင်းလုပ်ဆောင်ခွင့်ရသည့် အဆင့်အပေါ် မူတည်၍ မျက်နှာစုံညီဆွေးနွေးပွဲ များသည် ပုံသဏ္ဍန်အမျိုးမျိုးရှိခဲ့ကြသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် အဓိပ္ပါယ်ပြည့်ဝသော အပြန်အလှန် ဆွေးနွေးမှုနှင့် ချည်းကပ်ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် ခိုင်မာသောအောင်မြင်မှုတစ်ခုကို ရယူခြင်းဖြင့် အာဆီယံပြည်သူ့ဖိုရမ် ၁၀ နှစ်မြောက်တွင် မှတ်ကျောက်တင်နိုင်ရန် များစွာ ဆန္ဒရှိကြပါသည်။

၂၀၀၅ ခုနှစ် ၌ မလေးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့သော အာဆီယံပြည်သူ့ဖိုရမ်သည် အာဆီယံထိပ်သီးညီလာခံများ မတိုင်မီ နှစ်စဉ် ကျင်းပလေ့ရှိသော ပြည်သူ့ဖိုရမ်တစ်ခုဖြစ်ပြီး ဖိုရမ်တွင် အာဆီယံတစ်ဝှမ်းနှင့် အာဆီယံအလွန် နိုင်ငံများရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများက အာဆီယံနိုင်ငံများအတွင်း ကြုံတွေ့နေရသော ပြဿနာအခက်အခဲ အမျိုးမျိုးအပေါ် အတူတကွ တွေ့ဆုံဆွေးနွေးကြသည်။ ဖိုရမ်ကျင်းပပြီးနောက် ရလဒ်များကို ကိုယ်စားလှယ်များမှ အာဆီယံခေါင်းဆောင်များထံသို့ တင်ပြနိုင်ရန် မျက်နှာစုံညီ အစည်းအဝေးကို ပြုလုပ်လေ့ရှိသည်။

အင်တာဗျူးပြုလုပ်လိုပါက ဆက်သွယ်ရန်

ဒေါ်မေမေပြုံး – ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ (မြန်မာ၊ အင်္ဂလိပ်ဘာသာ) +၉၅ (၀)၉၅၀၉၆၉၃၅
ဦးအောင်မျိုးမင်း – ဦးဆောင်ကော်မတီဝင် (အင်္ဂလိပ်ဘာသာ) +၉၅ (၀)၉၄၄၈၀၁၅၃၀၆
မစ္စတာအောဂက်တိုမစ်ဂလတ်၊ ဦးဆောင်ကော်မတီဝင် (အင်္ဂလိပ်ဘာသာ) +၆၃၈၂၂၉၉၂၅၇၄

သတင်းထုတ်ပြန်ချက် pdf ဖိုင်ကို ဤနေရာတွင်နှိပ်၍ဒါင်းလုပ်ရယူနိုင်ပါသည်။

Tags: , , ,

This post is in: ASEAN, Press Release

Related Posts
ACSC/APF 2014 Post Conference Report
Statement in Solidarity with CSOs in Withdrawal from 2014 Interface Meeting Between ASEAN Governments’ and CSOs’ Representatives
Government Leaders Not Ready for Genuine People-centered ASEAN
Indonesian Interface Delegates for 24th ASEAN SUMMIT Regret the Cancellation of CSO Interface Meeting
Malaysian Government Undermines ASEAN Processes