၁၈၈၆ တွင် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ် တလျောက်တွင် အရှေ့တောင်အာရှ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စတင် ထွန်းကား ရာဒေသ ဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်တို့ ထံမှ လွတ်လပ်ရေး ရရှိခဲ့သော်လည်း ရှမ်းပြည်နယ်မှ ဘိန်းစိုက်ပျိုး ထုတ်လုပ် မှုသည် အနာဂတ်တွင် ပြဿနာများဖြစ်ထွန်းမှု ပိုမိုကြီးထွား လာစေသည့် မျိုးစေ့များကို ချထားပြီး ဖြစ်နေသည်။ […]
• • •၂၀၀၅ မတိုင်ခင်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၇)ဖွဲ့နှင့် နိုင်ငံတော် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ရယူခဲ့ ကြသော်လည်း န၀တ၊ နအဖ အစိုးရ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသည့်အပြင် မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်တွင် စီးပွားဖြစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်သည်ကို လှစ်လျှူရှုထား ခဲ့ သဖြင့် မြန်မာနိုင်ငံ၏ အထွေထွေ အကြပ်အတည်း ပြဿနာများကို သက်ဆိုးရှည်စေ ခဲ့သည်ဟု ယနေ့ ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ […]
• • •