၁။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် ၂၀၁၃ ခုနှစ်မှ စတင်၍ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ နှင့် နိုင်ငံတော်အစိုးရတို့အကြား (၂) နှစ်နီးပါ ညှိနှိုင်းဆွေးနွေးခဲ့သည့် လုပ်ငန်းစဉ်၏ရလဒ် ဖြစ်ပါသည်။ ချင်းအမျိုးသားတပ်ဦးသည်လည်း ဤသဘောတူစာ ချုပ်မူကြမ်းရေးဆွဲရေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) တို့၌ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့သည် […]
• • •