* အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းသည့် လက်ရှိပညာရေးစနစ်ကို ကျွမ်းကျင်သူ ပညာရှင်အဖွဲ့များ၊ အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များနှင့် ဘုတ်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ပြန်လည်သုံးသပ်ရန် အဆိုကို ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပြန်လည်ရုတ်သိမ်းရန် ရှင်းလင်းပြောဆိုခဲ့သော်လည်း မရုတ်သိမ်းသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားသည်။
* ကရင်ပြည်နယ် ဝေါလေဒေသရှိ ဒေသခံ စစ်တပ်ထံ ရိက္ခာ၊ လက်နက်နှင့် တပ်သားလာပို့သည့် စစ်ယာဉ်တန်းကို ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ကမတ်လ ၁၀ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်အစိုးရတပ်ဖက်မှ ၁၆ ဦး ကျဆုံးကာ ၁၇ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNLA က ပြောသည် […]
* ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက မတ်လ ၁ ရက်နေ့တွင် (၅) မိနစ်ကြာပြုလုပ်သည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဥပဒေပြုစုရေးဆိုင်ရာနှင့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာ ကော်မတီ ၂ ရပ်အတွက် အမည်စာရင်းများ တင်သွင်းခဲ့ပြီး အစည်းအဝေးကို ရပ်နားလိုက်သည်
* နယ်ခြားစောင့်တပ် အသွင်ကူပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားသည်
* တိုင်းရင်းသားလွှတ်တော် အမတ်အချို့နှင့် အတိုက်အခံလွှတ်တော်အမတ်အချို့ တင်သွင်းထားသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စကို ပြည်ထောင်စု လွှတ်တော်က လက်မခံပဲ ငြင်းပယ်ရန် သေချာနေသည်ဟု နေပြည်တော်ရောက် လွှတ်တော် အမတ်များက ပြောသည်။
* ထိုင်း-မြန်မာနယ်စစ် တာ့ပ်ခရိုင်တွင် ခိုလှုံနေကြသည့် မြန်မာအတိုက်အခံများနှင့် လူမျိုးစုအတိုက်အခံများ အနေဖြင့် မြန်မာစစ်တပ်အား သွားရောက်တိုက်ခိုက်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ထိုင်းအစိုးရက တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း တာ့ခ်ခရိုင်ဝန်ကြီးက ပြောကြားလိုက်သည် […]
* စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ဖွဲ့ပါသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) United Nationalities Federal Council (Union of Burma) ကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။
* ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ပြီးမှ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောဒကတက် ပြန်လည် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် စစ်တပ် အရာရှိအများစုက မကျေမနပ်ဖြစ်နေကြကြောင်း စစ်တပ်အရာရှိများက ပြောသည် […]
* ဖေဖေါ်ဝါရီ ၈ ရက်တွင် ကျင်းကသည့် အစိုးရလွှတ်တော်အစည်းအဝေးတွင် သမ္မတသစ် ဦးသိန်းစိန်က ၎င်းဖွဲ့မည့် အစိုးရသစ်တွင် သမ္မတရုံး ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဆိုသည့် ဌာနနှစ်ခု အသစ်တိုး၍ စုစုပေါင်းဝန်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF အမတ်ဦးဘုန်းမြင့်အောင် ပြောသည်
* ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ဝင်ရောက်လှုပ်ရှားနေသည့် နအဖစစ်တပ်များသည် KNU ထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ဝေါ်လေကျေးရွာမှ လူနေအိမ် (၁၁) လုံးကို အကြောင်းမဲ မီးရှို့ဖျက်ဆီးခဲ့သည်ဟု နယ်မြေခံများက ပြောသည် […]
နိဒါန်း
မကြာခင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေဟာ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အသေးစိတ်ကို ပြဋ္ဌာန်းထားရုံမက မကြာခင်ဖွဲ့စည်းမဲ့ အရပ်သားအစိုးရသစ်ကို ဘယ်လိုလုပ်ကိုင် ဖွဲ့စည်းရမလဲဆိုတာပါ ကြိုးကိုင်လမ်းညွှန်ထားတဲ့ ဥပဒေလဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ လွှတ်တော်မစခင်ကမှ ရန်ကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
• • • * လွှတ်တောထဲတွင် အငြင်းအခုံကိစ္စများသည် အချိန်ကုန်ခံအလုပ်ဖြစ်မည် မဟုတ်သောကြောင့် ခွင့်ပြုမည်မဟုတ်ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရသူ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။
* တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က စစ်ရေးအရ ပူးပေါင်း ကူညီရန် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ထံ လွန်ခဲ့သည့်အပတ်က သွားရောက်ဆွေးနွေးခဲ့သည် […]
၂၀၁၀ ရွေးကောက်ပွဲ၏ မသမာမှုများကို ဖော်ထုတ်ဖွင့်ချ စုစည်းတင်ပြထားသော အစီရင်ခံစာတစောင်ကို “မတရားဆုံး မတရားမှုများ” အမည်ဖြင့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုများမှ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ထို့အပြင် ရွေးကောက်ပွဲတခု၏ လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမရှိကို တိုင်းတာသည့် နိုင်ငံတကာစံနှုန်း (၁၆) ချက်ကို ဤအစီရင်ခံစာတွင် ဖော်ပြထားပြီး နအဖစစ်အစိုးရမှ ပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် ၎င်းစံနှုန်းများအနက် တချက်နှင့်မျှ မကိုက်ညီကြောင်း ထောက်ပြထားပါသည်။ ထိုရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သည့် ယနေ့ခေါ်ယူနေသော လွှတ်တော်များမှာလည်း တိုင်းပြည်၏ လက်ရှိအကြပ်အတည်းများကို ဖြေရှင်းပေးနိုင်မည့် အခြေအနေ လုံးဝကင်းမဲ့နေကြောင်းကို အစီရင်ခံစာတွင် အချက်အလက်များဖြင့် ထောက်ပြထားပါသည် […]
၂၀၁၀ ရွေးကောက်ပွဲ၏ မသမာမှုများကို ဖော်ထုတ်ဖွင့်ချ စုစည်းတင်ပြထားသော အစီရင်ခံစာတစောင်ကို “မတရားဆုံး မတရားမှုများ” အမည်ဖြင့် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုများမှ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအနေဖြင့် ရွေးကောက်ပွဲအကြိုကာလအတွင်း နအဖစစ်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ ညစ်ပတ်မှုများနှင့် မလျော်ဩဇာသုံးမှုများကိုလည်း ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်နေ့က “ကောက်ကျစ်မှုအဖုံဖုံ ညစ်နည်းစုံ” အမည်ဖြင့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည် […]
* စစ်အစိုးရအဖွဲ့၌ လက်ရှိတာဝန် ထမ်းဆောင် နေကြသော အစိုးရ အဖွဲ့ဝန်ကြီးများသည် လက်ရှိရာထူးများကို မနုတ်ထွက်ဘဲ လွှတ်တော် တက်ကြမည်ဟု ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေက ပြောသည်။
* အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် အထူးအယူခံဝင်ထားသည့်ကိစ္စကို နေပြည်တော် တရားရုံးချုပ်က ဇန်နဝါရီ ၂၈ ရက်နေ့က ပယ်ချလိုက်သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တင်သွင်းမည်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည် […]