၁။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုန်ပြင်ကျေးရွာနေ ချင်းတိုင်းရင်းသား များဖြစ်ကြ သည့် ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်မြင့်ဦး၊ ဦးအောင်ကျော်လှနှင့် ဦးအောင်ဆိုတို့ ၆ ဦးအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ အမှတ် ၃၄၄ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတင်ထွဋ်ဦးပါ ၁၃ ဦးအဖွဲ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အဆက် အသွယ် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မတရားချုပ်နှောင် ရိုက်နက်ခဲ့သည့် အပြင် စက်တင်ဘာလ ၄ ရက် နေ့တွင် ဗိုလ်မှူးတင်ထွဋ်ဦးမှ ၄င်းတို့အား ကြိုတင် ရေးထား သည့် ဝန်ခံဂတိပြုစာရွက်ပေါ်တွင် အတင်းအကြပ် လက်မှတ်ရေးထိုး စေခိုင်းခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ […]
• • •