Signup Now!
Join our mailing list for latest news and information about Burma.

Posts Tagged ‘Network for Democracy and Development’ (88 found)

Weekly Political Events Regarding the Post Election (072/2011)

* မကွေးတိုင်း အချောသတ်လုပ်ငန်းများအတွက် ဒေသခံကျေးရွာသားများကို တရက်လျင် ငွေ ၂၀၀၀ ကျပ်ပေးပြီး နေ့စားအလုပ်သမားများအဖြစ် စတင်ခေါ်ယူခိုင်းစေနေသည်ဟု ဒေသခံတဦးက ပြောသည်။

* နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားတွင် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြို့နယ် အချို့မှ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၄၀ ကျော်ခန့်က ပြုလုပ်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်မှ NLD အဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်က ပြောသည်။

June 12, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (071/2011)

* နိုင်ငံတော်သမ္မတ ဦးသိန်းစန်၏ တရုတ်နိုင်ငံ ချစ်ြကည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များနှင့် ပက်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများအဖြစ် (Comprehensive Strategic Cooperative Partnership) ထူထောင်ရန် သဘောတူညီခဲ့ကာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

* ဗိုလ်ချုပ်စောလားဘွယ်၏ တိုးတက်သောဗဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော DKBA အဖွဲ့နှင့် တခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးရှိ DKBA ဌာနချုပ်ကို လွန်ခဲ့သည့် မေ၂၄ ရက်နေ့မှ စတင်ကာ ပြန်လည်သိမ်းပိုက်လိုက်သည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကျော်သက်က ပြောသည်။ […]

June 5, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (070/2011)

* မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်အတွက် “Burma” ဆိုသည့် ခေါ်အဝေါ်အစား နိုင်ငံ၏ တရားဝင်နာမည်ဖြစ်သည့် “Myanmar” ကို သုံးစွဲမှုမျိုးကအစ ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း မြန်မာဘက်က ပြောဆိုခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်က ရေးသားဖော်ပြထားသည်။

* ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနားယူသွားပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာအချို့ကို ပြောဆိုခဲ့သော်လည်း အစိုးရသစ်အဖွဲ့ကို နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေဆဲဖြစ်ကြောင်း စစ်ဘက် အသိုင်းအဝန်းက ပြောသည်။

May 29, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (069/2011)

*အစိုးရသစ်တက်ပြီးနောက် အင်တာနက်ဆိုင်များတွင် လိုက်နာရမည့် စည်းကမ်းချက်အသစ်များအဖြစ် ယူအက်စ်ဘီ သုံးစွဲခွင့်မပြုရန် အပါအဝင် အချက် ၁၂ ချက်ကို ပြီးခဲ့သည့်ဧပြီလလအတွင်း မြန်မာ့ဆက်သွယ်ရေးဋ္ဌာနက စာတိုက်မှတဆင့် ပေးပို့ခဲ့သည်ဟု ရန်ကုန်မှ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
*သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှ ၅၀ နီးပါသာ လွှတ်မြောက်လာခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု NLD ခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။

May 22, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (068/2011)

* ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် မေ ၉ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။

* သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ ခမရ ၄၂၂ တပ်ရင်းက တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သန်းထိုက်ဝေ ဦးဆောင်သောအဖွဲ့ စီးလာသော ထော်လာဂျီအား သျှမ်းပြည်တပ်မတော် RCSS/SSA က မေ ၉ ရက်နေ့ညနေ ၃ နာရီက ချူံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီး သန်းထိုက်ဝေနှင့် ထော်လာဂျီမောင်းသမား အပါအဝင် ၁၁ ဦးကျဆုံး၊ ၁၅ ယောက် ဒဏ်ရာရပြီး သေနတ် ၁၅ လက် သိမ်းဆည်းရမိသည်ဟု သျှမ်းပြည်တပ်မတော် တောင်ပိုင်းမှ အရာရှိတစ်ဥိးက ပြောသည်။

May 15, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (066/2011)

* သမ္မတသစ် ဦးသိန်းစိန်သည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှိနိုင်ငံထုတ် Dhaka Daily Star သတင်းစာ၌ ဧပြီ ၂၂ ရက်နေ့က ရေးသားထားသည်။

* နိုင်ငံရေးကျဉ်းသားများ လွတ်မြောက်ရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လက်မှတ်ရေးထိုးတောင်းဆို လှုပ်ရှားမှုကို ရန်ကုန်တိုင်း သံလျင်မြို့ ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် လူမှုကွန်ယက် အဖွဲ့ဝင်များက ဧပြီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုချိန်ထိ သံလျင်မြို့နယ်တွင် လက်မှတ်ပေါင်း ၅၀၀ ကျော် ကောက်ခံရရှိပြီးပြီဟု သံလျင် NLD ဥက္ကဋ္ဌ ဦးစိုးဟန်က ပြောသည်။

May 1, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (065-2011)

*ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် BGF အကြံပေးပုဂ္ဂိုလ် စောချစ်သူက မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တာဝန်ရှိသူများကို ဧပြီလ ၈ ရက်နေ့က ရွှေကုက္ကိုရွာတွင် ခေါ်ယူကာ တပ်သားသစ် (၇၅) ဦး တောင်းခံထားကြောင်း ဒေသခံများက ပြောသည်။

*မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှ စတင်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် မြန်မာပြည်တွင်းရှိ ဒီမိုကရေးစီရေး တက်ကြွသူများက ဦးဆောင်ကာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်မှတ်ထိုးတောင်းဆိုသည့် လုပ်ရှားမှုကို စတင်လိုက်သည်ဟု NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

April 24, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (064/2011)

* မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ရှေ့လအတွင်း သွားရောက်စုံစမ်းလေ့လာနိုင်ရန် မြန်မာအစိုးရသစ်ထံ စာရေးတောင်းဆို လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောကြားလိုက်သည်။

*နယ်ပယ်အသီးသီးတွင် ဦးဆောင်လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးများကို အားပေးဂုဏ်ပြုနေသည့် Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ကာ ဆယ်စုနှစ်၏အသံ (Voice of the Decade) အဖြစ် သတ်မှတ်ဂုဏ်ပြုလိုက်သည်။

April 17, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (063/2011)

*ကျင်းပပြီးစီးသွားသည့် ပထမအကြိမ် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်မှ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အဆိုပေါင်း ၁၅ ခုတင်သွင်းခဲ့သော်လည်း အဆို ၁ ခု ကိုသာ လွှတ်တော်က အတည်ပြုပေးခဲ့သည်။

*မတ်လဆန်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော်နှင့် ဗမာစစ်တပ်ကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားခဲ့ရာ သျှမ်းပြည်အလယ်ပိုင်း ၄ မြို့နယ်မှ ယခုသျှမ်းပြည်မြောက်ပိုင်းအထိ ၁၀ မြို့နယ် ကူးစက်ပြန့်နှံ့ခဲ့ပြီး နမ့်ပန်ချောင်း အရှေ့ဖက် တာ့ဟုန်းကူးတို့ဆိပ်မှ ၅ မိုင်အကွာ ဝမ့်ဟိုင်းဌာနချုပ်အား ဗမာစစ်တပ်များဝင်စီးပါက သျှမ်းတပ်စခန်းအား တိုက်ခိုက်ရဦးမည် ဖြစ်သည်ဟု SSPP/SSA အရာရှိက ပြောသည်။

April 10, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤

Weekly Political Events Regarding the Post Election (062/2011)

* စစ်အစိုးရသည် ဧရာဝတီမြစ်ဆုံရေအား လျှစ်စစ် စီမံကိန်းအပါအဝင် ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်းဖူး၊ ယီန်၊ှ ဖီဇော၊ လိုင်ဇာ စသည့် ရေအား လျှပ်စစ်စီမံကိန်းများကို ၂၀၁၉ ခုနှစ်အပြီး ဆက်တိုက် တည်ဆောက်သွားရန် ရှိသည့်အတွက် မြစ်ဆုံအထက်ဖက်မှ ကျေးရွာများကို ဆက်လက်ပြောင်းရွေ့ရန် စီစဉ်နေသည်ဟု အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက လွှတ်တော်အစည်းအဝးတွင် ပြောသည်။

* တပ်မတော်သားများကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ရန် စည်းရုံးလှုံ့ဆော်မှုအဖြစ် မတ်လ ၂၄၊ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ လူစည်ကားသည့်နေရာများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်သော စာရွက်စာတမ်းများကို ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများအင်အားစုဟု အမည်ပေးထားသည့် လူငယ်များက ဖြန့်ဝေကြဲချခဲ့သည်ဟု အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

April 3, 2011  •  By Network for Democracy and Development  •  Tags: , ,  •  Read more ➤