The Network for Democracy and Development (NDD) is continuing to produce weekly summaries of political news. To see these weekly summaries, please visit NDD’s website: www.nddfreeburma.org
• • •* အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော် မြန်မာသံရုံး ဒုတိယအကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်းသည် ဘက်ပြောင်းပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်သည့် ကိစ္စကို မိမိတို့အနေဖြင့် တစုံတရာ မသိကြောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တယ်လီဖုန်းဖြင့် ပြန်လည်ဖြေဆိုသူ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။
* မြန်မာ့ဒီမိုကရေးစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၆ ရက်နေ့က ပုဂံမြို့သစ်သို့ ရောက်ရှိစဉ် ရာနှင့်ချီသည့် ပြည်သူများကို ပထမဆုံးအကြိမ်အဖြစ် ပြည်လည်စကားပြောဆို နှုတ်ဆက်သဖြင့် ဒေသခံများ ဝမ်းသာပျော်ရွှင်ကြကြောင်း ပုဂံမြို့သစ် ဒေသခံတဦးက ပြောသည် […]
• • •* ရုရှားလွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းပုံနှင့် ကော်မတီများ၏ လုပ်ငန်းစဉ်များ လေ့လာရန်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရေးရာကော်မတီ ဥက္ကဌ ဦးရွှေမန်း ဦးဆောင်သည့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဌ၏ ဖိတ်ကြားချက်အရ ဇွန် ၂၅ ရက်နေ့ ရုရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်ဟု အမျိုးသားလွှတ်တော မော်ကွန်းမှတ်တမ်းများ ကော်မတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်
* ဇွန် ၃၀ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာများတွင် NLD ပါတီအား ဥပဒေလမ်းကြောင်းထဲမှ နိုင်ငံရေး လုပ်ကိုင်ရန်၊ NLD ပါတီ ပြန်လည်မှတ်ပုံတင်ရန်နှင့် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ထောက်ပြထားပြီး တစ်နိုင်ငံလုံးနှင့် ကမ္ဘာက အသိအမှတ်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အစိုးရအဖွဲ့ကို အသိအမှတ် မပြုသလိုလိုနှင့် နိုင်ငံရေး မကစားရန် အသိပေး ရေးသားထားသည် […]
• • •* နိုင်ငံတော်၏ နိုင်ငံရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ကော်မတီများနှင့် ပြောဆိုရေးရာ အာဏာပိုင်အဖွဲ့ အပါအဝင် အဖွဲ့အစည်း ၂၉ ခုကို နိုင်ငံတော သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၁ ဖြင့် ဖျက်သိမ်းလိုက်သည်။
* ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်အစိုးရ တပ်မတော်အကြား တိုက်ပွဲများကို မြစ်ကြီးနားအမတ် ဦးသိန်းဇော် ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
• • •* ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အစိုးရ တပ်များသည် ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ ညနေပိုင်းအထိ လက်နက်ကြီးများဖြင့် အပြန်အလှန် ဆက်လက်ပစ်ခတ်နေသဖြင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါးခန့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးနေကြပြီး အဆိုပါဒေသရှိ တာပိန်မြစ် ရေကာတာနှင့် မြစ်ဆုံရေကာတာစီမံကိန်းတွင် လာရောက်အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများလည်း ထွက်ပြေးတိမ်းရှောင်နေကြသည်။
* တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအပေါ် ထိုးစစ်ဆင်နေခြင်းကို ချက်ချင်း ရပ်တန့်ပေးရန်နှင့် တနိုင်ငံလုံးအတိုင်းအတာအရ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အစိုးရသစ်ကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လူမျိုးများကောင်စီ ENC က ၎င်း၏ (၆) ကြိမ်မြောက် ညီလာခံအပြီးတွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည် […]
• • •* မကွေးတိုင်း အချောသတ်လုပ်ငန်းများအတွက် ဒေသခံကျေးရွာသားများကို တရက်လျင် ငွေ ၂၀၀၀ ကျပ်ပေးပြီး နေ့စားအလုပ်သမားများအဖြစ် စတင်ခေါ်ယူခိုင်းစေနေသည်ဟု ဒေသခံတဦးက ပြောသည်။
* နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲတခုကို ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားတွင် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြို့နယ် အချို့မှ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၄၀ ကျော်ခန့်က ပြုလုပ်ခဲ့ကြသည်ဟု မြောက်ဒဂုံမြို့နယ်မှ NLD အဖွဲ့ဝင် ဒေါ်ခင်ဝင်းခိုင်က ပြောသည်။
• • •* နိုင်ငံတော်သမ္မတ ဦးသိန်းစန်၏ တရုတ်နိုင်ငံ ချစ်ြကည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များနှင့် ပက်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံများအဖြစ် (Comprehensive Strategic Cooperative Partnership) ထူထောင်ရန် သဘောတူညီခဲ့ကာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
* ဗိုလ်ချုပ်စောလားဘွယ်၏ တိုးတက်သောဗဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော DKBA အဖွဲ့နှင့် တခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်အနီးရှိ DKBA ဌာနချုပ်ကို လွန်ခဲ့သည့် မေ၂၄ ရက်နေ့မှ စတင်ကာ ပြန်လည်သိမ်းပိုက်လိုက်သည်ဟု DKBA အဖွဲ့မှ ဗိုလ်မှူးကျော်သက်က ပြောသည်။ […]
• • •* မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်အတွက် “Burma” ဆိုသည့် ခေါ်အဝေါ်အစား နိုင်ငံ၏ တရားဝင်နာမည်ဖြစ်သည့် “Myanmar” ကို သုံးစွဲမှုမျိုးကအစ ယုံကြည်မှု တည်ဆောက်ရန် လိုကြောင်း မြန်မာဘက်က ပြောဆိုခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်က ရေးသားဖော်ပြထားသည်။
* ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနားယူသွားပြီဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်တွင်းမီဒီယာအချို့ကို ပြောဆိုခဲ့သော်လည်း အစိုးရသစ်အဖွဲ့ကို နောက်ကွယ်မှ ဆက်လက်ကြိုးကိုင်နေဆဲဖြစ်ကြောင်း စစ်ဘက် အသိုင်းအဝန်းက ပြောသည်။
• • • *အစိုးရသစ်တက်ပြီးနောက် အင်တာနက်ဆိုင်များတွင် လိုက်နာရမည့် စည်းကမ်းချက်အသစ်များအဖြစ် ယူအက်စ်ဘီ သုံးစွဲခွင့်မပြုရန် အပါအဝင် အချက် ၁၂ ချက်ကို ပြီးခဲ့သည့်ဧပြီလလအတွင်း မြန်မာ့ဆက်သွယ်ရေးဋ္ဌာနက စာတိုက်မှတဆင့် ပေးပို့ခဲ့သည်ဟု ရန်ကုန်မှ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
*သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှ ၅၀ နီးပါသာ လွှတ်မြောက်လာခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု NLD ခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်က ပြောသည်။
* ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် မေ ၉ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မီဒီယာများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။
* သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ ခမရ ၄၂၂ တပ်ရင်းက တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သန်းထိုက်ဝေ ဦးဆောင်သောအဖွဲ့ စီးလာသော ထော်လာဂျီအား သျှမ်းပြည်တပ်မတော် RCSS/SSA က မေ ၉ ရက်နေ့ညနေ ၃ နာရီက ချူံခိုတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီး သန်းထိုက်ဝေနှင့် ထော်လာဂျီမောင်းသမား အပါအဝင် ၁၁ ဦးကျဆုံး၊ ၁၅ ယောက် ဒဏ်ရာရပြီး သေနတ် ၁၅ လက် သိမ်းဆည်းရမိသည်ဟု သျှမ်းပြည်တပ်မတော် တောင်ပိုင်းမှ အရာရှိတစ်ဥိးက ပြောသည်။
• • •