* အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လှုပ်ရှားမှုကို စစ်အစိုးရက ရပ်တန့်စေပြီး ပါတီဝင်များကို ဖမ်းဆီးပါက လူထုဆန္ဒပြပွဲများအထိ လုပ်သွားမည်ဟု မြေအောက်လှုပ်ရှားသော ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) ပြောခွင့်ရသူ ကိုမင်းသွေးသစ်က နိုင်ဝင်ဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်သည်။
* ကရင်ပြည်နယ် ဖလူးကျေးရွာ၏ တောင်ဘက် ပလောတခိုတွင် နအဖစစ်တပ် ခလရ ၆၁ တပ်ရင်းနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တို့အကြား နိုဝင်ဘာ ၃၀ ရက်နေ့၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် နအဖတပ်မှ ထိခိုက်သေဆုံးမှု ၆၀ ရှိသွားပြီဟု DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးက ပြောသည် [..]
* ပဲခူးတိုင်း မင်းလှမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို မဲထည့်လျှင် မိမိစိုက်ချင်သည့် သီးနှံများကို စိုက်ခွင့်ပေးမည် ဟုဆိုကာ စည်းရုံးဟောပြောခဲ့သော်လည်း ရွေးကောက်ပွဲပြီးနောက် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် အာဏာပိုင်များက နွေစပါး အတင်းစိုက်ခိုင်းနေသည်ဟု မင်းလှမြို့နယ် လယ်သမားတဦးက ပြောသည်။
* နိုဝင်ဘာလ ၁၇ ရက်နေ့က မိုးနဲနှင့် လင်းခေးအကြား ပန်ဆတ်အခြေစိုက် အမြောက်တပ်မှ တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် နောက်လိုက်နောက်ပါ ၅ ဦးသည် လင်းခေးမြို့မှ ဈေးဝယ်အပြန်လမ်းတွင် သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံး ချေက်ထဲကျခဲ့ကြောင်းနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ပုန်ပါကျင်မြို့နယ်အတွင်း (၂) နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာခဲ့ကာ SSA ဘက်မှ ၁ ဦးဒဏ်ရာရှိခဲ့သည် […]
* ဒေါ်အောင်ဆန်းစုကြည် သတင်းများ ဖေါ်ပြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစား ဖျက်သိမ်းပြီး NLD ပါတီဆိုသည့်စာသားကို အစားထိုးသုံးရန် စာပေစိစစ်ရေးက ဂျာနယ်တိုင်းကို မဖြစ်မနေ ထည့်သွင်းရေးခိုင်းနေကြောင်း ပြည်တွင်းသတင်းထောက် တစ်ဦးကပြောသည်။
* ကုလသမဂ္ဂအတွင်းရေးမှူချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၈ ရက်နေ့ညနေပိုင်းတွင် ၁၅ မိနစ်ခန့် တယ်လီဖုန်းမှတဆင့် တိုက်ရိုက်ပြောဆို ဆွေးနွေးခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည် […]
* မဲမသမာမှုများ ပြုလုပ်ရန်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ယူရန် အတွက် အခြားပါတီများ ၃၀ ရာခိုင်နှုန်းထက် မကျော်စေရဟု ဗိုလ်ချူပ်မှုးကြီးသန်းရွှေကိုယ်တိုင် မြို့တော်ဝန် ဦးအောင်သိန်းလင်း ကို ညွှန်ကြားခဲ့သည် ဟုဦးအောင်သိန်းလင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
* ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်မှ ပြန်လွတ်လာပြီး မကြာမီတွင် နောက်တစ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကိစ္စအားမမေ့ ကြရန် လိုအပ်ကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် တောင်အဖရိကငြိမ်းချမ်းရေးဆုရှင် de Klerk က သတိပေးပြောကြားလိုက်သည်[…]
ဂိရိလေဘေးဒဏ်ခံခဲ့ရသော ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ တာဝန်ရှိသူများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အတွက် ကြိုတင်မဲများကို နိုဝင်ဘာ ၁ ရက်မှစ၍ အတင်းအကျပ် ကောက်ခံနေကြောင်း ၊မဲရုံမှုးလက်မှတ်မပါသော ကြိုတင်မဲများကို ကြံ့ဖွံ့ပါတီအား အမှန်ခြစ်၊ မဲထည့်ပြီး စာအိတ်များ ကိုလည်း ဖွင့်ထားရမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး မဲပေးခိုင်းခဲ့ကြောင်း ဒေသခံများပြောသည်[…]
• • •In this week’s report, you will find:
ယခုအပတ် NDD ၏သတင်းမှတ်တမ်းတွင် –
ထိုင်း-မြန်မာ နယ်စပ်အခြေ စိုက်နိုင်ငံရေးအဖွဲ့အစည်းတခုဖြစ်သော Network for Democracy and Development (NDD) သတင်းနှင့်သုတေသနဌာနမှ နအဖ၏ လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေနေ အဖြစ်အပြက်များကို အပတ်စဉ် ရှာဖွေ စုစည်း ဖြန့်ဝေလျှက် ရှိပါသည်။ ထိုအပတ်စဉ် မှတ်တမ်းတွင် နအဖနှင့် ကြံ့ဖွံ့ တို့၏ လှုပ်ရှားမှု သတင်းအချက်အလက်များ အပါအဝင် တော်လှန်ရေး အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ထားသော အဖွဲ့များ၊ နိုင်ငံတကာ အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြန်တွင်းပြည်ပမှ ပြည်သူလူထုတို့၏ လှုပ်ရှားမှု များနှင့် သတင်းအချက်အလက်များကိုလည်း ပြည့်စုံစွာ စုစည်းတင်ပြထားပါသည်။ […]
• • •In this week’s report, you will find:
In this week’s report, you will find:

• • •